သဘာဝအတိုင်း လေသန့်စင်ပေးတဲ့ Peace Lilies လေးတွေကို ဘယ်လိုစိုက်ကြမလဲ။

blank

အပူပိုင်း၊ အမြဲစိမ်းပင်လေးတွေဖြစ်တဲ့  Peace Lilies လေးတွေဟာချစ်စရာကောင်းတဲ့အပြင် လေသန့်စင်စေပြီးတော့ စိုက်ပျိုးရလွယ်ကူတဲ့အတွက် အခုနောက်ပိုင်းမှာ အစိုက်များလာတဲ့ အိမ်တွင်းစိုက်အပင်လေးတွေပါ။ အလင်းရောင်ကောင်းကောင်းသာရမယ်ဆိုရင် နွေဦးပိုင်းမှာ အဖြူရောင် ဒါမှမဟုတ် ဆင်စွယ်ရောင်အပွင့်လေးတွေ စပွင့်လာပြီးတော့ တစ်နှစ်ပတ်လုံး အပွင့်ပွင့်နိုင်ပါတယ်။

Peace Lilies လေးတွေကို စိုက်မယ်ဆိုရင်…..

  • ရေမဝပ်စေဖို့ အပေါက်ပါတဲ့ အိုးမျိုးကို ရွေးချယ်ပါ။
  • မြေတွေအမြဲ လတ်ဆတ်နေစေဖို့ နွေဦးကာလတွေမှာ ပန်းအိုးထဲက မြေကို လဲလှယ်ပေးပါ။
  • ပန်းအိုးမနိုင်တော့လောက်အောင် ကြီးထွားလာပြီဆိုရင်တော့ အပင်ကို ကိုင်းခွဲပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အပင်သန်မာစေဖို့အတွက်…

  • မြေကို အရမ်းရေမဝပ်စေဘဲ စိုစွတ်နေရုံသာထားပါ။ Peace Lilies တွေဟာ ခြောက်သွေ့မှုကို အချိန်တစ်ခုအထိ ခံနိုင်ရည်ရှိပေမယ့် အကြာကြီးပစ်ထားခဲ့မယ်ဆိုရင်တော့ အရွက်လေးတွေ ညိုမည်းလာတတ်ပါတယ်။
    • Peace Lilies ဟာ အပူပိုင်းအပင် ဖြစ်တဲ့အတွက် အပူချိန်ကို ၆ဝ ဒီဂရီဖာရင်ဟိုက် အထက်မှာပဲ ထားပါ။
    • နေရောင်တိုက်ရိုက်မကျရောက်စေဘဲ အလင်းကောင်းကောင်းရတဲ့နေရာမှာ ထားပါ။ အရှေ့ဖက်ကို မျက်နှာမူထားတဲ့ ပြတင်းပေါက်နားထားရင် ပိုကောင်းပါတယ်။

အပွင့်ပွင့်များများ ပွင့်စေဖို့အတွက်  

  • အပင်ကို နေရောင်တိုက်ရိုက်မထိတွေ့စေဘဲ လုံလောက်တဲ့အလင်းရောင်ရစေမယ့် နေရာမှာထားပါ။
  • ပုံမှန်မဟုတ်တဲ့ ပန်းပွင့်အစိမ်းတွေ ပွင့်လာခဲ့ပြီဆိုရင်တော့ ဒါဟာ သုံးနေတဲ့ ဓာတ်မြေသြဇာ မမှန်ကန်လို့ဖြစ်ပါလိမ့်မယ်။
  • ရေပုံမှန်မရခဲ့ရင်၊ ဓာတ်မြေသြဇာအသုံးများသွားရင်၊ အလင်းရောင်တအားများသွားရင်တော့ အရွက်ဖျားလေးတွေ ညိုလာနိုင်ပါတယ်။
  • ရေအလုံအလောက်မရရင်၊ ရေများသွားရင်တော့ အရွက်တွေ ဝါလာနိုင်ပါတယ်။

အပင်စိုက်ဝါသနာပါတဲ့ သူငယ်ချင်းလေးတွေကို mention ခေါ်ခဲ့ပါဦးနော်။