အဝတ်အစားတွေပေါ်က အစွန်းကွက်တွေကြောင့် စိတ်ညစ်နေတဲ့ အိမ်ရှင်မများအတွက်

blank
၁။ ဆီချေးနဲ့ သွေးစွန်းကွက်တွေကို ဖယ်ရှားနည်း

ဆီချေးနဲ့ သွေးစွန်းကွက်တွေက ချွတ်ရခက်ပါတယ်။ ဒါပေမဲ့ အဝတ်လျှော်တဲ့အခါ ကိုကာကိုလာထည့်လျှော်ရင် အလွယ်တကူ ပြောင်စင်သွားပါလိမ့်မယ်။

၂။ ချိုင်းနားတဝိုက်က အစွန်းကွက်တွေကို ဖယ်ရှားနည်း (၁)

သံပရိုရည်အနည်းငယ်နဲ့ မုန့်ဖုတ်ဆိုဒါကို အနှစ်ဖြစ်အောင် ရောမွှေပါ။ ပြီးရင် ချိုင်းနေရာက အစွန်းကွက်တွေပေါ်ကို သုတ်ပြီး တစ်နာရီလောက်ကြာရင် လျှော်လိုက်ပါ။

၃။ ချိုင်းနားတဝိုက်က အစွန်းကွက်တွေကို ဖယ်ရှားနည်း (၂)

ပန်းကန်ဆေးဆပ်ပြာရည်၊ hydrogen peroxide နဲ့ မုန့်ဖုတ်ဆိုဒါကို ရောပြီး အစွန်းကွက်နေရာတွေကို ပွတ်တိုက်လျှော်ဖွပ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ မိတ်ကပ်အစွန်းကွက်တွေကို ဖယ်ရှားနည်း

မိတ်ကပ်အစွန်းကွက်တွေက အင်္ကျီလှလှလေးတွေအတွက် တကယ်ကို အလှပျက်စေပါတယ်။ ဒီတော့ မိတ်ကပ်အစွန်းကွက်တွေကို ဖယ်ရှားဖို့ အဝတ်လျှော်တဲ့အခါ shaving cream လေးနဲ့ ပွတ်ပြီး လျှော်လိုက်ပါ။

၅။ နှုတ်ခမ်းနီအစွန်းကွက်တွေကို ဖယ်ရှားနည်း

အင်္ကျီလှလှလေးမှာ မတော်တဆ နှုတ်ခမ်းနီစွန်းသွားရင် အစွန်းကွက်ပေါ်ကို hair spray လေးဖြန်းလိုက်ပါ။ မိနစ်အနည်းငယ်ကြာရင် ပွတ်ပြီး လျှော်လိုက်ပါ။

၆။ လက်ဖက်ရည်၊ ကော်ဖီအစွန်းကွက်တွေကို ဖယ်ရှားနည်း

လက်ဖက်ရည်၊ ကော်ဖီ ပေကျံနေတဲ့ အင်္ကျီတွေကို လျှော်တဲ့အခါ ရှာလကာရည်အကြည် ထည့်လျှော်ပေးရင် အစွန်းကွက်တွေ ပျောက်ပြီး အသစ်အတိုင်းဖြူဝင်းစေပါတယ်။

၇။ ရေကွက်တွေကို ဖယ်ရှားနည်း

သားရေဖိနပ်၊ သားရေအိတ် စတဲ့ သားရေအသုံးအဆောင်ပစ္စည်းတွေမှာ ရေကွက်တွေထင်ပြီး စွန်းနေတယ်ဆိုရင် သွားတိုက်တံမှာ ရှာလကာရည်လေးစွတ်ပြီး ပွတ်တိုက်ပေးပါ။

၈။ မင်စွန်းကွက်တွေကို ဖယ်ရှားနည်း

အင်္ကျီမှာ မင်ရာတွေ ပေနေရင်၊ မင်တွေစွန်းပေနေရင် အစွန်းချွတ်မရမှာ မပူနဲ့နော်။ မင်စွန်းတဲ့နေရာကို hairspray ဖျန်းပြီး ခဏကြာရင် မပြောင်မချင်းပွတ်လျှော်ရုံနဲ့ မင်ကွက်တွေ ပျောက်သွားလိမ့်မယ်။

အိမ်ရှင်မတွေအတွက် အသုံးဝင်တဲ့စာစောင်လေးဖြစ်တာကြောင့် SHARE ပေးဖို့ မမေ့နဲ့နော်။