မြွေပန်းပင် (သို့ ) ယောက္ခမလျှာပင်ကို ဘယ်လိုစိုက်ပျိုးမလဲ။

blank

ဂန္ထဝင်စာချစ်သူတို့ ရေ…

အပင်ချစ်မြတ်နိုးတဲ့ စာချစ်သူတို အတွက် အိမ်မှာ အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ မြွေပန်း ပင်လို့ခေါ်ကြသလို ယောက္ခမလျှာလို့လည်း ပြောကြတဲ့ စိုက်ပျိုးနည်းလေးဝေမျှလိုက်ပါတယ်နော်။

ဒီအပင်လေးစိုက်ပျိုးရာမှာ သိထားသင့်တဲ့အချက်လေးတွေကတော့…

– ရေများများလောင်းရင် အပင်သေသွားမှာပါ။

– စေးထိုင်းလွန်းတဲ့မြေကြီးမှာစိုက်ရင်လည်း ပင်သေစေမှာပါ။

– ရေစုပ်ယူနိုင်တဲ့ပန်းအိုးတွေထဲ စိုက်ပျိုးပါ။

– ရေများများလောင်းတာထက် အရည်ရွှမ်းတဲ့အရောအနှောတစ်ခုခုကို ထည့်သုံးပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

– နေရောင်တိုက်ရိုက်ထိတွေ့နိုင်တဲ့နေရာမျိုးမှာ စိုက်ပါ။

– အပူချိန် ၅ဝ ဒီဂရီဖာရင်ဟိုက်ရှိတဲ့ ရေနွေးနွေးလေးလောင်းပေးပါ။

– ခြောက်သွေ့ တဲ့ မြေဆီလွှာကိုသာ ရေလောင်းပေးပါ။

– ဆောင်းရာသီမှာ တစ်လကို တစ်ကြိမ်သာ ရေလောင်းပါ။

– အရွက်ပေါ်က ဖုန်မှုန့် တွေကို ဖယ်ဖို လိုရင် ရေစိုအဝတ်နဲ သာ ပွတ်ပေးပါ။

– ကြီးထွားမှုမြန်တဲ့အတွက် မှန်မှန် ပိုင်းဖြတ်ပေးပါ။

– အပင်ဆက်ရှင်သန်ဖို့ အမြစ်နဲ့ အရွက်ဆုံတဲ့ အပိုင်းကို ဖြတ်ပေးပါ။

တခါတရံ အနံ့ ရှိတဲ့ စိမ်းဖန့်ဖန့် အဖြူရောင်ပန်းပွင့် အခိုင်လေးတွေက ဆူးချွန်လေးတွေ ဘေးမှာ  ထွက်လာတတ်ပါတယ်။

ကဲ..စာချစ်သူတို့ ရေ..

အပင်လေးတွေကို ချစ်တတ်တဲ့ သူငယ်ချင်းလေးတွေကို mention ခေါ်ပေးလိုက်ပါဦးနော်။