ကတ်တလီယာသစ်ခွပင်လေးတွေကို အိမ်မှာစိုက်မယ်ဆိုရင်

blank

ကတ်တလီယာသစ်ခွဆိုတာ အရောင်အသွေးလှလှ၊ အပွင့်ကြီးကြီးနဲ့ ပွဲလယ်တင့်တဲ့ သစ်ခွမျိုးပေါ့။ လှသလို တန်ဖိုးကြီးတယ်၊ တန်ဖိုးကြီးသလို စိုက်ပျိုးရာမှာလည်း အရမ်းဂရုစိုက်ရတယ်။ ပန်းပင်စိုက်ရတာဝါသနာပါတယ်ဆိုရင် ကတ်တလီယာသစ်ခွကို အိမ်မှာပဲ စိုက်နိုင်ပါတယ်။ ဒါပေမဲ့ အောက်မှာဖော်ပြထားတဲ့အချက်တွေကိုတော့ သိထားသင့်တာပေါ့။

၁။ ကတ်တလီယာ မျိုးစိတ်တွေ အများကြီးရှိပါတယ်။ မျိုးစိတ်ကိုလိုက်ပြီး အရောင်၊ ပုံစံနဲ့ အနံ့ကွာခြားပါတယ်။ အနံ့မွှေးတဲ့ ကတ်တလီယာတွေလည်း ရှိပါတယ်။

၂။ ကတ်တလီယာပင်တွေက အလင်းရောင်ကြိုက်ပါတယ်။ ဒါပေမဲ့ ပူလွန်းတဲ့ နွေရာသီနေရောင်ကို တော့မခံနိုင်ပါဘူး။

၃။ ကတ်တလီယာအရွက်ကို ကြည့်လိုက်ပါ။ အရောင်ရင့်နေရင် အလင်းရောင်လုံလုံလောက်မရလို့၊ အဝါဘက်သမ်းနေရင်တော့ အလင်းရောင်တွေ အရမ်းများနေလို့ဖြစ်ပါတယ်။ နေရောင်ကို သင့်တင့်ရုံလောက်ပဲ ပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကတ်တလီယာအပင်အရင်းလေးမှာ အတက်လေးတွေ ထွက်လာပြီဆိုရင် ရေများများလောင်းပေးပါ။ ဒါပေမဲ့ ရေမဝပ်ပါစေနဲ့။

၅။ အဖူးလေးတွေထွက်လာရင်တော့ ရေကို လျှော့လောင်းပါ။ ရေများများလောင်းရင် အဖူးလေးတွေက ပွင်မလာတော့ဘဲ ပုပ်သွားတတ်ပါတယ်။

၆။ ကတ်တလီယာသစ်ခွပင်ကို အိုးပြောင်းစိုက်မယ်ဆိုရင် အတက်လေးတွေကောင်းကောင်းထွက်နိုင်ဖို့ နေရာကျယ်ကျယ်လေးချန်ရပါမယ်။

၇။ သစ်ခွအိုးထဲကို ရေကောင်းကောင်းစိမ့်နိုင်တဲ့ အုန်းဆံဖတ်၊ မီးသွေးခဲ၊ အုတ်နီခဲလေးတွေထည့်ပြီး စိုက်ပါ။

၈။ ပန်းစိုက်တဲ့နေရာတဝိုက်ကို အစိုဓာတ်ရှိနေအောင် မကြာခဏရေဖြန်းပေးပါ။

၉။ ပန်းပွင့်ရင် ခူးပေးပါ။ အပင်မှာလည်း ကြာကြာခံပါတယ်။ ဒါပေမဲ့ အပင်မှာ ညှိုးမသွားခင် ခူးပေးပါ။ ရွက်ဝါတွေကို ဖယ်ထုတ်ပေးပါ။

အပင်စိုက်ရတာဝါသနာပါတယ်ဆိုရင် ဒီစာစောင်လေးကို SHARE ထားလိုက်တော့နော်။