လွင့်ပစ်ရမယ့်သင်္ဘောစေ့ကနေသင်္ဘောပင်လေးဖြစ်အောင်စိုက်ကြမယ်

blank

သင်္ဘောပင်တစ်ပင်စိုက်ထားရင် သိပ်ကိုအကျိုးများပါတယ်။ သင်္ဘောသီးအစိမ်းကိုသုတ်စားလို့ရသလို၊ သင်္ဘောအမှည့်ဆိုလည်းချိုချိုလေးစားလို့ရတယ်။ သင်္ဘောသီးရော၊ သင်္ဘောရွက်ရောမှာအာဟာရဓာတ်တွေများစွာပါဝင်နေပြီးဆေးဖက်လည်းဝင်ပါတယ်။

သင်္ဘောပင် (၃) မျိုးရှိတယ်။ သင်္ဘောအဖိုပင်၊ သင်္ဘောအမပင်နဲ့ bisexual သင်္ဘောပင်ဆိုပြီးတော့ပေါ့။ အဲဒီအထဲမှာမှ သင်္ဘောအမပင်နဲ့ bisexual သင်္ဘောပင်တွေကပဲအသီးသီးပါတယ်။

၁။ သင်္ဘောစေ့ကနေအပင်စိုက်မယ်ဆိုရင် သင်္ဘောသီးမှည့်ရဲ့ အစေ့ကိုပဲစိုက်သင့်ပါတယ်။

၂။ ဈေးကဝယ်တဲ့ သင်္ဘောသီးတွေက bisexual သင်္ဘောပင်ကအသီးတွေများတာကြောင့် သင်္ဘောအမပင်ကသီးတဲ့ သင်္ဘောသီးကနေမျိုးယူရင် ပိုကောင်းပါတယ်။

၃။ သင်္ဘောပင်တစ်ပင်ပေါက်လာဖို့ သင်္ဘောစေ့တွေအများကြီးကိုစိုက်ဖို့လိုပါတယ်။

၎။ မြေသြဇာကောင်းကောင်းနဲ့အိုးတစ်အိုးထဲကိုသင်္ဘောစေ့လက်တစ်ဆုပ်စာလောက်ထည့်ပြီးစိုက်ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အိုးကိုနေရောင်ထဲမှာထုတ်ထားပါ။ ၂ ပတ်လောက်ကြာရင် အပင်ပေါက်လေးတွေ ထွက်လာပါလိမ့်မယ်။

၆။ အပင်ပေါက်လေးတွေ တစ်ပေလောက်မြင့်လာပြီဆိုရင် မြေမှာချစိုက်ပါ။ အပင်များများစိုက်မယ်ဆိုရင် တစ်ပင်နဲ့တစ်ပင် ၈ပေလောက် ခွာပြီးစိုက်ပါ။

၇။ ၅လ၊ ၆လလောက်ကြာရင် အပင်လေးတွေကနေပန်းတွေစပွင့်ပါပြီ။

၈။ သင်္ဘောပင်စိုက်ရင် အိမ်ရဲ့ တောင်ဘက်မှာစိုက်ပါ။ ဒါမှ လေနဲ့ အအေးဒဏ်ကိုခံနိုင်ရည်ရှိမှာပါ။ သင်္ဘောပင်တွေကနေရောင်ကြိုက်ပါတယ်။

၉။ သင်္ဘောပင်စိုက်တဲ့မြေကရေကောင်းကောင်းစီးဆင်းနိုင်တဲ့မြေ ဖြစ်ရပါမယ်။ ရေဝပ်နေတဲ့နေရာတွေမှာဆိုရင် သင်္ဘောပင်ကအမြစ်တွေပုပ်ပြီးသေသွားတတ်ပါတယ်။

၁ဝ။ သင်္ဘောပင်ကိုမကြာခဏရေနည်းနည်းစီလောင်းပေးပါ။ အပင်ခြေမှာမြေဆွေးတွေပုံထားပြီးရေလောင်းပေးပါ။ ရေမဝပ်အောင်လည်းသတိထားပါ။

၁၁။ သင်္ဘောသီးတွေသီးလာရင် ပိုးမကျအောင် စက္ကူအိတ်လေးတွေနဲ့ အုပ်ထားပါ။

၁၂။ အရွက်ဟောင်းတွေ၊ ရွက်ဝါတွေကိုဖယ်ရှားပေးပါ။

သင်္ဘောသီးကြိုက်တတ်တယ်ဆိုရင် ဒီနည်းလမ်းလေးအတိုင်းစိုက်ပျိုးပြီးဆေးကင်းတဲ့ ကိုယ်တိုင်စိုက် သဘာဝသင်္ဘောသီးလေးတွေ စားလိုက်ရအောင်နော်။

လက်တွေ့အသုံးချစာစောင်လေးမို့ SHARE ထားလိုက်ပါဦး။