မွှေးမွှေးလေးနဲ့လှတဲ့ ဇီဇဝါပန်းလေးတွေ စိုက်တော့မယ်ဆိုရင်

blank

၁။ ဇီဇဝါပန်းလေးတွေကို အရိပ်လည်းရ၊ နေရောင်လည်းရတဲ့နေရာမှာ စိုက်ပါ။ မနက်ပိုင်းနေပူပြီး နေ့ခင်းပိုင်းအရိပ်ရတဲ့နေရာမျိုးပေါ့။ ရာသီဥတူပူလွန်းရင် ဇီဇဝါဖူးလေးတွေက မပွင့်ဘဲ ညှိုးသွားတတ်ပါတယ်။

၂။ စိုက်ပျိုးတဲ့မြေက စိုစွတ်ပြီး ရေမဝပ်တဲ့မြေဖြစ်ရပါမယ်။ မြေကြီးတွေ ခြောက်မနေပါစေနဲ့။

၃။ ဇီဇဝါပင်လေးတွေက သဘာမြေသြဇာအရမ်းကြိုက်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အရွက်လေးတွေရေစိုအောင် ရေဖြန်းပေးပါ။

၅။ ဇီဇဝါပန်းလေးတွေပွင့်ရင် ခူးဖြစ်အောင်ခူးပါ။ ဒါမှာ နောက်ထပ်အညွန့်အဖူးလေးတွေ ထပ်ထွက်လာမှာပါ။

၆။ မကြာခဏ ကိုင်းညှပ်ပေးမယ်ဆိုရင် ရုံလေးလိုဖြစ်ပြီး ကိုင်းသစ်များများထွက်စေပါတယ်။

၇။ ဇီဇဝါပင်ကို မျိုးပွားချင်ရင် နွေဦးရာသီအစောပိုင်းလောက်မှာ ကိုင်းဖြတ်မျိုးပွားနည်းနဲ့ အပင်သစ်လေးတွေ ပျိုးလို့ရပါတယ်။

ကဲ… ဇီဇဝါကြိုက်တတ်တယ်ဆိုရင် ဒီစာစောင်လေးကို SHARE ထားလိုက်နော်။ ဇီဇဝါပန်းကြိုက်တတ်သူလေးတွေကိုလည်း mention ခေါ်လိုက်ပါဦး။