Lily ပန်းလေးတွေကို စိုက်ပျိုးရာမှာ သိထားသင့်တဲ့အချက်များ

blank

၁။ Lily ပန်းလေးတွေကို နွေဦးနဲ့ ဆောင်းဦးမှာ စတင်စိုက်ပျိုးပါ။ သူတို့က ရာသီဥတုပူတာကို မကြိုက်ပါဘူး။

၂။ ရေမဝပ်တဲ့မြေမှာ စိုက်ပါ။ ရေဝပ်ရင် ဥတွေပုပ်သွားနိုင်လို့ပါ။

၃။ မြေကြီးအောက်ကို ၁၅ လက်မအနက်လောက်တူးပြီး Lily ဥလေးတွေကို အပေါ်ကို တည့်တည့်ထောင်ပြီး စိုက်ပါ။ တစ်တွင်းကို ၃ ဥလောက်စုပြီးစိုက်ပါ။ မြေကို ဖွဖွလေးပဲ ပြန်ဖို့ပါ။

၎။ အပွင့်ပွင့်ဖို့ဆိုရင် Lily ပန်းပင်လေးတွေက တစ်နေ့ကို ၆ နာရီလောက် နေရောင်နဲ့ ထိတွေ့ဖို့လိုအပ်ပါတယ်။ နေရောင်က အရမ်းမပြင်းဖို့လည်း သတိထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အပင်လေးတွေ ပေါက်လာပြီဆိုရင် ရေများများလောင်းပေးပါ။ မိုးနည်းဒေသတွေမှာ ပိုပြီး ရေများများလောင်းပေးသင့်ပါတယ်။

၆။ Lily ပန်းပင်က တစ်ရာသီကို ပန်းပွင့်တစ်ကြိမ်ပဲ ပွင့်ပါတယ်။ မခူးဖြစ်လို့ ညှိုးသွားတဲ့ပန်းတွေကို ခူးပေးပါ။

Lily ပန်းချစ်သူလေးတွေကို mention ခေါ်ပေးလိုက်ပါဦး။