မျက်လုံးမို့တာအတွက် အိမ်တွင်း ဆေးစွမ်းကောင်း (၆)မျိုး

blank

လူတိုင်း မနက်ဆိုရင် လန်းဆန်းနေတဲ့ပုံလေး ဖြစ်ချင်တယ်လေ။ မျက်လုံးမို့မို့နဲ့ အိပ်ယာထလာတာက စိတ်ပျက်စရာကောင်းပါတယ်။ မျက်လုံးမို့တာလေးတွေက ပျောက်အောင်လုပ်ဖို့ အနည်းငယ် ခက်ခဲပါတယ်။ ဒါပေမယ့်လည်း လွယ်ကူပြီး သက်သာတဲ့နည်းလမ်းတွေ ရှိပါတယ်။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ပေါ့။ ဆေးစွမ်းကောင်း (၆)မျိုးကို ကြည့်လိုက်ရအောင်။   ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။       နွားနို့စစ်စစ်

နွားနို့စစ်စစ်မှာ ပါဝင်တဲ့ အဆီက အယောင်ကျစေနိုင်တယ်။ ဒါ့အပြင် amino acid, proteins, vitamin A, vitamin D, lactic acid တို့လည်းပါဝင်တာကြောင့် မျက်လုံးအောက်က မို့အစ်နေတာလေးတွေကို သက်သာစေပါတယ်။ သန့်စင်တဲ့ မျက်နှာသုပ်ပဝါလေးကို နွားနို့ထဲမှာ စိမ်ပြီး မျက်လုံးပေါ်ကို (၁၅) မိနစ် လောက်တင်ထားလိုက် ရုံပါပဲ။

၂။       သခွားသီးခြမ်းလေးများ

သခွားသီးတွေမှာ flavonoids နဲ့ အန်တီအောက်ဆီးဒန့်တွေ များစွာပါဝင်တယ်လေ။ ဒါတွေက ယောင်ယမ်းတာ၊ နီမြန်းတာနဲ့ ယားယံခြင်းတွေကို ကူညီဖြေရှင်းပေးပါတယ်။ ဒါ့အပြင် အေးတဲ့အာနိသင်လေးပါတာကြောင့် ကျယ်နေတဲ့သွေးကြောတွေကို ကျဉ်းသွားစေပြီး မျက်လုံးတစ်ဝိုက်က မို့အစ်နေတာလေးတွေကို ကျစေတာပေါ့။ သခွားသီးခြမ်း အေးအေးလေးတွေကို မျက်လုံးပေါ်မှာ မိနစ် (၃၀)ကြာအောင် တင်ထားလိုက်ရုံပါပဲ။

၃။       ကြက်ဥအကာ

ကြက်ဥအကာတွေကတော့ ယောင်ယမ်းတာကို ကျစေတယ်၊ မျက်လုံးအောက်က အရေပြားတွေကို သွေးလည်ပတ်မှုကောင်းစေတယ်။ မျက်လုံးမို့တာလေးတွေ သက်သာစေဖို့ ကြက်ဥအကာသားလေးတွေကို လက်ချောင်းလေးနဲ့ မျက်လုံးတဝိုက်မှာ သုပ်လိမ်းပေးပါ။ (၁၀)မိနစ် (၁၅)မိနစ်လောက် အခြောက်ခံပြီး ကြက်သီးနွေးရေ ဒါမှမဟုတ် ရေအေးနဲ့ ဆေးချလိုက်ပါ။

၎။       အာလူသီးစိမ်း

အာလူးသီးစိမ်းတွေမှာ တင်းရင်းစေတဲ့ ဂုဏ်သတ္တိပါဝင်ပါတယ်။ ဒါကမျက်လုံးအောက်မှာရှိတဲ့ မို့နေတဲ့ အရေတွေကို ဖယ်ရှားပေးတယ်လေ။ အခွံခွာပြီး ဆေးထားတဲ့ အာလူးလွှာလေးတွေကို မျက်လုံးပေါ်မှာ (၁၀)မိနစ်ခန့် တင်ပေးလိုက်ပါ။

၅။       လက်ဖက်ရည်အထုတ်

လက်ဖက်ရည် တွေမှာ သဘာဝ တင်းရင်းစေတဲ့ အာနိသင်နဲ့ တန်နင် (tannin) တို့ပါဝင်ပါတယ်။ ဒါတွေက မျက်လုံးတဝိုက်က သွေးကြောလေးတွေကို ကျုံ့စေပြီး အယောင်ကျစေပါတယ်။ ရေနွေးပူထဲကို လက်ဖက်ရည်အထုတ်လေး နှစ်ထုတ်စိမ်ပြီး ပြန်ထုတ်လိုက်ပါ။ အခန်းအပူချိန်မှာ အအေးခံပြီး မျက်လုံးပေါ်မှာ (၁၅)မိနစ် ကနေ မိနစ် (၃၀)ကြာအောင် တင်ထားပေးပါ။ ပြီးပြီဆိုရင် မျက်နှာပေါ်မှာ ပေကျံနေတဲ့ လက်ဖက်ရည်လေးတွေကို ဆေးကြောလိုက်ရုံပါပဲ။ မျက်လုံးတဝိုက်က အရေပြားတွေ တင်းရင်းချင်တယ်ဆိုရင် တစ်ပတ်မှာ (၁)ကြိမ် (၂)ကြိမ်တော့ ပုံမှန်လုပ်ပေးပါ။

၆။       ရေအေး

အေးနေတဲ့ ရေက သွေးကြောကျဉ်းစေတယ်လေ။ ဒါကြောင့် မျက်လုံးအောက်က အရေပြားမှာ သွေးစီးဆင်းခြင်းကို နည်းပါးစေတာပေါ့။ မျက်လုံးမို့တာပျောက်ချင်ရင် ရေအေးထဲမှာ သို့မဟုတ် ရေခဲရေထဲမှာ အဝတ်ကို ရေစိမ်ပြီး ညှစ်လိုက်ပါ။ ပြီးတော့ မျက်လုံးပေါ်မှာ မိနစ်အနည်းငယ်ကြာကြာ တင်ပေးလိုက်ပါ။

မျက်လုံးမို့တာအတွက် ဘယ်နည်းလမ်းကို အကြိုက်ဆုံးလဲ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။