သင့်အရေပြားကို ပျက်စီးစေတဲ့ အံ့သြစရာအချက် (၁၃)ချက် – အပိုင်း (၁)

blank

၁။ မိတ်ကပ်မဖျက်ဘဲ အိပ်ယာဝင်ခြင်း

မိတ်ကပ်မဖျက်ဘဲ အိပ်ယာဝင်ခြင်းက ဘက်တီးရီးယား ပိုးမွှားတွေ ကူးစက်နိုင်ပြီး ချွေးပေါက်တွေ ပိတ်ကာ ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းအုံးပေါ်မှာ မိတ်ကပ်တွေ ပေကုန်တာကြောင့် စိတ်ညစ်ရပါတယ်။ ကိုယ့်အိပ်ယာဘေးမှာ မိတ်ကပ်ဖျက်တဲ့ တစ်သျှုးအစိုလေးတွေ ထားထားပါ။ ဒါမှ အိပ်မယာမဝင်ခင် အန္တရာယ်များတဲ့ မိတ်ကပ်တွေကို ဖယ်ရှားဖို့ သတိရပါလိမ့်မယ်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ကော်ဖီသောက်ခြင်း

အသားအရည် ခြောက်သွေ့ခြင်းနဲ့ အရေးအကြောင်းတွေ ပေါ်လာခြင်းရဲ့ အဓိကတရားခံကတော့ ကဖိန်းဓာတ်ပါပဲ။ ရေများများသောက်ပေးခြင်းဖြင့် အရေပြားအတွက် အဆိပ်အတောက်တွေ ဖြေပေးနိုင်ပါတယ်။ အရသာရှိချင်ရင်တော့ လိမ္မော်သီးစိတ် သို့မဟုတ် ရှောက်သီးစိတ်လေးတွေ ထည့်ပြီး သောက်နိုင်ပါတယ်။

၃။       ဝက်ခြံညှစ်ခြင်း

ဝက်ခြ့ညှစ်ခြင်းကြောင့် မျက်နှာပေါ်က အရေပြားကို အညစ်အကြေးတွေ ပိုမိုဝင်ရောက်စေပြီး ချွေးပေါက်ထဲကို ပိုးမွှားတွေ ပိုပြီးနက်နက်နဲနဲ ဝင်ရောက်သွားစေပါတယ်။ ရလဒ်ကတော့ ဝက်ခြံတွေ ပွားလာတာပါပဲ။

၎။       အစားပုံမှန်မစားခြင်း

ပုံမှန် အစာမစားခြင်းက အသားအရေကို အိုမင်းရင့်ရော်စေပြီး ခြောက်သွေ့စေပါတယ်။ အရေပြား ကျန်းမာဖို့ဆိုရင် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဗီတာမင် စီ (လိမ္မော်သီး)၊ ဗီတာမင် ဘီ၃ (မြေပဲ)၊ ဗီတာမင် အီး (ထောပတ်သီး) နှင့် ဗီတာမင် အေ (ကန်ဇွန်းဥ) တို့ကို အမြဲပါဝင်အောင် စားသုံးပေးပါ။

၅။       ရေနွေးဖြင့် ကြာကြာရေချိုးခြင်း

တခါတလေ ရေနွေးနဲ့ ရေချိုးတာက ကောင်းပါတယ်။ အရေပြားကို ယားယံပြီး ခြောက်သွေ့စေတဲ့ အပေါ်ယံအရေပြားလွှာကို ကွာကျစေတယ်လေ။ ရေချိုးနေတုန်း အရေပြားက နီရဲပြီး ယားယံလာပြီဆိုရင်တော့ ရေချိုးတာရပ်ဖို့ အချက်ပြလိုက်သလိုပါပဲ။

၆။       ကလိုရင်း (Chlorine)ဓာတ်နှင့် များများထိတွေ့ခြင်း

ရေကူးကန်မှာ ရေသန့်စေဖို့ ကလိုရင်းထည့်တဲ့အချိုးအစားက အရေပြားအတွက်လည်း အရေးကြီးပါတယ်။ ရေချိုးပြီးရင်တောင် ကလိုရင်းဓာတ်က အရေပြားမှာ ကပ်ညှိနေနိုင်ပါသေးတယ်။ အရေပြားလိမ်းဆေးတွေ၊ သန့်စင်ဆေးရည်တွေနဲ့ lotion တွေနဲ့ပါ ဓာတ်ပြုနိုင်ပါတယ်။ ကလိုရင်းကို ဖယ်ရှားဖို့အတွက် ရေကူးပြီးတဲ့အခါ ဆပ်ပြာမြှပ်များများ အမြဲသုံးပေးပါ။

၇။       အလှကုန်ပစ္စည်း အများအပြား စမ်းသုံးခြင်း

အရေပြားနဲ့ တည့်မတည့်သိရဖို့ဆိုရင် အလှကုန်ပစ္စည်းအသစ်တိုင်းကို အရေပြားတစ်နေရာမှာ အနည်းငယ် စမ်းသပ်ကြည့်ရပါတယ်။ မျက်နှာမှာ မထင်မှတ်ဘဲ ဓာတ်မတည့်တာမျိုးကို ရှောင်နိုင်ဖို့ လက်မောင်းပေါ်က တစ်နေရာမှာ စမ်းသပ်ကြည့်တာ ကောင်းပါတယ်။

၈။       ရေလုံလုံလောက်လောက် မသောက်သုံးခြင်း

နေ့စဉ် ရေဓာတ်ဖြည့်တင်းပေးတာက အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်နိုင်သလို အရေပြားကိုလည်း ကျန်းမာပြီး တောက်ပစေပါတယ်။ ရေမှန်မှန်မသောက်ရင်တော့ ကြမ်းတမ်းပြီး ကျုံ့နေတဲ့အရေပြားမျိုးကို ရင်ဆိုင်ရမှာပါ။

၉။       ဖုန်းပြောခြင်း

ဖုန်းအမြဲပြောနေခြင်းကြောင့် မေးရိုးနဲ့ ပါးပြင်တလျှောက်မှာရှိတဲ့ အရေပြားတွေကို နီမြန်းပြီး ဝက်ခြံ ဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးသတ်ပေးတဲ့ တစ်သျှူးစိုလေးတွေကို ဆောင်ထားပြီး အရေပြားနဲ့ ဖုန်းကို သန့်စင်ပေးဖို့လိုအပ်ပါတယ်။

၁၀။     မျက်နှာပေါ်တွင် ဆံပင်အလှကုန်ပစ္စည်းများ ပေကျံခြင်း

Hairspray သုံးတော့မယ်ဆိုရင် မျက်နှာပေါ်မှာ သန့်စင်တဲ့တဘက်လေး ဖုံးအုပ်ပြီးမှ သုံးပေးပါ။ ဒါမှ အရေပြားကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တိုင်း ချွေးစုပ်စေတဲ့ ခေါင်းစည်းလေး နပူးထိပ်မှာ စည်းပေးပါ။ ဒါမှဆံပင်မှာ သုံးထားတဲ့ အလှကုန်တွေက မျက်နှာအရေပြားပေါ်သို့ ချွေးနဲ့ စီးကျမလာမှာ ဖြစ်ပါတယ်။

၁၁။     မသန့်ရှင်းတဲ့ မျက်မှန်များ ဝတ်ဆင်ခြင်း

မျက်ကပ်မှန်တွေလိုပါပဲ၊ မျက်မှန်တွေကိုလည်း ပုံမှန်သန့်စင်ပေးဖို့ မမေ့ပါနဲ့။ မျက်မှန်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားနေရင် နှာတံတဝိုက်က ချွေးပေါက်တွေမှာ ဝင်ရောက်ပြီး ယားယံခြင်တွေနဲ့ ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။

၁၂။     အိပ်ရေးမဝခြင်း

တစ်နေ့မှာ ညအိပ်ချိန် (၈)နာရီပြည့်ပြည့်ဝဝ အိပ်စက်ခြင်းက လန်းဆန်းစေတဲ့အပြင် အရေပြားကိုလည်း ရေဓာတ်ဖြည့်တင်းပေးပါတယ်။ ညဘက်အိပ်ရေးမဝင်ရင်တော့ အရေပြားက ညှိုးနွမ်းပြီး ချွေးပေါက်တွေ ပိတ်စေမှာဖြစ်ပါတယ်။

၁၃။     ဆိုဒီယံအစားများခြင်း

ဆိုဒီယံဓာတ် အလွန်အကျွံစားသုံးမိတယ်ဆိုရင် အရေပြားရဲ့အစိုဓာတ်ကို စုပ်ယူနိုင်ပါတယ်။ အရေပြားခြောက်သွေ့ပြီး ညှိုးနွမ်းစေတာပေါ့။ ဒါကိုရှောင်ကြဉ်ဖို့ ငန်လွန်းတဲ့အစားအစာတွေကို မစားဘဲ မျက်နှာအစိုဓာတ် ထိန်းသိမ်းဖို့ moisturizer လေတွေဝယ်သုံးလိုက်ပါ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။