အရေးအကြောင်း(wrinkles) လျှော့ချနိုင်မယ့် နည်းလမ်း (၇)သွယ်

blank

၁။ နေလောင်ခံ လိမ်းဆေး(sunscreen)ကို နေ့စဉ်သုံးပါ။

နေရောင်ခြည်က ထွက်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေးအကြောင်းဖြစ်စေတဲ့ နေရာမှာ နံပါတ်(၁) ပါပဲ။ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းမှ တတ်နိုင်သလောက် လျှော့ချပေးပါ။ နေရောင်ထဲထွက်ရပြီ ဆိုရင်လည်း နေလောင်ခံ ကာကွယ်ပေးတဲ့ (sun-block)ကို မဖြစ်မနေ လိမ်းရပါတယ်။ အပြင်မထွက်ခင် SPF (30) ပါဝင်တဲ့ နေလောင်ခံ လိမ်းဆေးကို လိမ်းပေးခြင်းဖြင့် နေရောင်ခြည်ထဲမှာ အရေးအကြောင်းကင်းအောင် နေကြပါစို့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ အစားအသောက်ကို မျှတအောင် စားသုံးပေးပါ။

ဘယ်ရီသီးတွေ၊ ငါးအမျိုးမျိုး၊ ပဲပိစပ် နှင့် အသီးအရွက်တွေ စားပေးခြင်းက ကော်လဂျင်(collagen)ကို မြင့်တက်စေပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်ခြင်းကိုလည်း တိုးစေပါတယ်။ ကော်လဂျင်က ကျွန်မတို့ ခန္ဓာကိုယ်ကိုဖွဲ့စည်းထားတဲ့ (၃၀)ရာခိုင်နှုန်း ပရိုတိန်း(protein)ဖြစ်ပါတယ်။ ဒီအစားအစာတွေမှာ အန်တီအောက်ဆီးဒန့်(antioxidant) များစွာပါဝင်တာကြောင့် ပတ်ဝန်းကျင်ဒဏ်တွေကနေ အရေးပြား ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ လက်ဖက်စိမ်းနဲ့ လက်ဖက်နက်တို့မှာလည်း အန်တီအောက်ဆီးဒန့် များစွာ ပါဝင်ပါတယ်။ အစားအစာရဲ့ အရောင်တွေ အရောင်စုံလင်လေ အရေးအကြောင်း လျှော့ချတဲ့ နေရာမှာ ကူညီလေပါပဲ။

၃။ လုပ်နေတဲ့ လေ့ကျင့်ခန်းတွေကို ပြန်လည်သုံးသပ်ပါ။

ယောဂကျင့်စဉ်နဲ့ ပီလားတေး(Pilates) စတဲ့ လေ့ကျင့်ခန်းတွေက အောက်ဆီဂျင်ကို ထောက်ပံ့ပေးပြီး အရေးပြားကိုလှပစေပါတယ်။ အရေပြား လျော့တွဲကျတာတွေကို ကာကွယ်ပေးပြီး ကြွက်သားတွေကိုလည်း တင်းရင်းစေပါတယ်။ ဝက်ခြံဖြစ်ခြင်းမှ ကာကွယ်ပေးတာတွေ၊ စိတ်ဖိစီးခြင်းမှ ကင်းဝေးစေတာတွေကြောင့် ငယ်ရွယ်နုပျိုခြင်းကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်ချွေးထွက်အောင် လေ့ကျင့်ခန်းလေးတွေ လုပ်ကြစို့။

၎။ ရေများများသောက်ပေးပါ။

တနေ့ကို ရေ(၆)ခွက်ကနေ (၈)ခွက်သောက်ပေးခြင်းက အရေပြားကို အစိုဓာတ်ထိန်းပေးတဲ့အပြင် တင်းရင်းစေပါတယ်။ အရေပြားကို ဆိုးကျိုးဖြစ်စေသော အဆိပ်အတောက်တွေကိုလည်း ရေကသန့်စင်ပေးတယ်လေ။ လုံလုံလောက်လောက် အစိုဓာတ်ရှိနေရင် အရေပြားက ကျန်းမာပြီး တောက်ပနေမှာဖြစ်ပါတယ်။

၅။ အိပ်ရေးဝအောင်အိပ်ပါ။

ဒီအချက်လေးကတော့ အရေပြားဆဲလ်တွေဖြစ်ပေါ်စေဖို့နဲ့ ကျန်းမာစေဖို့ သိပ်ကို အရေးပါတယ်လေ။ အိပ်ရေးမဝခြင်းက ခန္ဓာကိုယ်မှ ကော်တီစော(cortisol)ဆိုတဲ့ ဟော်မုန်းတစ်မျိုးထုတ်ပါတယ်။ ဒီဟော်မုန်းက အရေပြားဆဲလ်တွေကို ပျက်စီးစေပါတယ်။ အိပ်ပုံအိပ်နည်းကလည်း စကားပြောပါသေးတယ်။ ဘေးစောင်းအိပ်တာတွေ၊ မှောက်အိပ်တာတွေက မျက်နှာမှာ အရာတွေထင်ပြီး ကြာလာရင် အရေးအကြောင်းဖြစ်စေပါတယ်။ အိပ်စက်ခြင်းအတွက် အကောင်းဆုံး အနေအထားက ပက်လက်အိပ်တာပါပဲ။

၆။ အစိုဓာတ်ထိန်းတဲ့ moisturizer လိမ်းပေးပါ။

မွိုင်ချာရိုင်ဇာ(Moisturizer) တွေက အရေပြားကို အစိုဓာတ်ထိန်းပေးရုံသာမက ကော်လဂျင်ထုတ်လုပ်ပေးရာမှာလည်း လှုံ့ဆော်ပေးပါတယ်။ မျက်နှာသစ်ပြီးကာစ အရေပြားစိုထိုင်းနေစဉ်မှာ moisturizer လိမ်းပေးခြင်းက အစိုဓာတ်တွေကို သိမ်းဆည်းပေးလိုက်ပါတယ်။ ဒါကြောင့် အရေပြားကို နူးညံ့ပျော့ပြောင်းနေစေပါတယ်။

၇။ မကောင်းတဲ့ အကျင့်ဆိုးတွေကို ရပ်လိုက်ကြပါ။

ဆေးလိပ်သောက်ခြင်းက အိုမင်းရင့်ရော်စေပါတယ်။ ကော်လဂျင်ကို ပျက်စီးစေတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ အရက်သောက်ခြင်းကလည်း အရေးအကြောင်းဖြစ်ပေါ်စေတယ်၊ ကော်လဂျင်ဆုံးရှုံးစေတယ်၊ အရေပြားတင်းရင်းမှုတွေဆုံးရှုံးစေတယ်၊ အသားအရေနီရဲစေတယ်၊ ရေဓာတ်ခမ်းခြောက်ပြီး ဖောရောင်စေပါတယ်။ ဒါကြောင့် အိုမင်းရင့်ရော်ခြင်းကို မြန်ဆန်စေပါတယ်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။