ဆောင်းတွင်းမှာ အသားအရေစိုပြည်ဝင်းပအောင် ထိန်းသိမ်းနည်းများ

blank

စာချစ်သူတို့ရေ…..။

ဆောင်းတွင်းမှာ ရာသီဥတုအေးတာနဲ့ စိုစွတ်မှုနည်းတာကြောင့်  အသားအရေကို ခြောက်သွေ့စေပါတယ်။ အသားအရေကို ဂရုမစိုက်ဘဲ ပစ်ထားမိတယ်ဆိုရင် အသားအရေနဲ့ နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲပြီး သွေးထွက်လာတတ်ပါတယ်။ ဒါကြောင့် ဒီလိုတွေမဖြစ်ရအောင် အသားအရေစိုပြည်ဖို့် ထိန်းသိမ်းနည်းလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁။ ကြက်သီးနွေးနွေးရေလေးနဲ့ မျက်နှာသစ်၊ ရေချိုးပေးပါ။

၂။ မျက်နှာသစ်၊ ရေချိုးပြီးတဲ့အခါ အသားအရေစိုပြည်စေမယ့် moisturizer ကို ချက်ချင်းလိမ်းပေးပါ။

၃။ Moisturizer ကို သေချာရွေးချယ်ပါ။ ရေနုံ အခြေခံထုတ်ထားတဲ့ ပစ္စည်းပါဝင်တာတွေကို  ရှောင်ပါ။

၎။ ရေများများ သောက်ပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ညဘက်တွေမှာ လက်တွေ၊ ခြေထောက်တွေ၊ တံတောင်ဆစ်တွေ၊ ဒူးတွေလို ခြောက်သွေ့တဲ့နေရာတွေကို moisturizer လိမ်းပေးပါ။

၆။ ရေဓာတ်အမြင့်ဆုံးပါဝင်တဲ့ ဖရဲသီးလိုမျိုး အစားအစာတွေကို စားပေးခြင်းဖြင့် ရေဓာတ်ဖြည့်ပေးပါ။

၇။ အသားအရေစိုပြည်အောင် အားဖြည့်ပေးမယ့် မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့ ပေါင်းတင်ပေးပါ။

စာချစ်သူတို့ သိထားတဲ့ ဆောင်းတွင်းအတွက် အသားအရေထိန်းသိမ်းနည်းလေးတွေ ရှိသေးတယ်ဆိုရင် comment box မှာ မျှဝေပေးပါဦးနော်။