သေချာပေါက်ဝိတ်ကျစေမယ့် နည်းလမ်း

blank
ဂန္ထဝင်ပျိုမေတို့ရေ…

တကယ်ဆိုရင် ဝိတ်ကျဖို့က မခက်လှပါဘူးနော်။ အစားလုံးဝလျှော့ချလိုက်ရင် တစ်ပတ် အတွင်းတောင် ထိုက်သင့်သလောက် ဝိတ်ကျအောင်လုပ်လို့ ရပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွှတ်မှာတော့ မဟုတ်ပါဘူး ပျိုမေတို့ရေ။ ဒါကြောင့် အစားကိုလည်း အာဟာရပြည့်ဝအောင်စား ပေးပြီး လေ့ကျင့်ခန်းပါတွဲလုပ်ပေးခြင်းဖြင့် ပိန်သွယ်လှပစေမယ့် နည်းလမ်းကောင်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ အဲ့ဒါကို ၈ဝ% – ၂ဝ % ဥပဒေသလို့ခေါ်ပါတယ်။

၈ဝ% – ၂ဝ % ဥပဒေသဆိုတာ လေ့ကျင့်ခန်း ၂ဝ% နဲ့ အာဟာရဓာတ် ၈ဝ% ကို ဆိုလိုတာ ပါ။ အဲ့ဒီနှစ်ခုဟာ တစ်ခုနဲ့တစ်ခုအပြန်အလှန်မှီခိုဆက်စပ်နေကြပါတယ်။ လေ့ကျင့်ခန်းမလုပ်ရင် ခန္ဓာကိုယ်က စားသမျှအစားအစာရဲ့ကယ်လိုရီတွေ မလောင်ကျွမ်းနိုင်သလို အစားမရှိရင်လည်း လေ့ကျင့်ခန်းလုပ်ဖို့အတွက် လိုအပ်တဲ့စွမ်းအင်တွေ မရရှိနိုင်ပါဘူး။

ဒါပေမဲ့ အာဟာရဓာတ် ၈ဝ% ဆိုတာက လေ့ကျင့်ခန်းလုပ်နိုင်ဖို့ တစ်ချိန်လုံးအစားအသောက် ထိုင်စားနေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အစားစားတဲ့အခါ ပန်းကန်ထဲပါတဲ့ ၈ဝ%ဟာ အမျှင်ဓာတ်(fiber)၊ ပရိုတင်း(protein)၊ ကာဗိုဟိုက်ဒရိတ်(carbohydrates)၊ အဆီ၊ ဗီတာမင်(vitamins) တွေနဲ့ သတ္တုဓာတ်စတဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေပါဝင်ရမှာပါ။ ဒါမှသာ အာဟာရလည်းပြည့်ဝပြီး စိုစိုပြေပြေနဲ့ ပိန်သွယ်လှပမှာဖြစ်ပါတယ်။

ဝိတ်ကျချင်တဲ့သင့်သူငယ်ချင်းလေးတွေဖတ်ဖို့ SHARE လိုက်ပါဦးနော်။