အိမ်တွင်းအလှဆင်တဲ့ ရွက်လှပန်းလေးတွေကို ဘယ်လိုစိုက်မလဲ။

blank

ရွက်လှပင်လေးတွေဟာ ပန်းရောင်နဲ့ အစိမ်းရောင်၊ ပန်းရောင်နဲ့ အဖြူရောင်၊ အစိမ်းရောင်နဲ့ အဖြူရောင်၊ အနီရောင်နဲ့ အစိမ်းရောင် စသဖြင့်အရောင် ခုနှစ်မျိုးရှိပါတယ်။ ပန်းရောင်ရွက်လှပင်ဟာ အိမ်တွင်းဥယျာဉ်လေးထဲမှာ ထည့်စိုက်ထားဖို့ သင့်တော်တဲ့ အပင်လေးပါပဲ။ သူဟာ ဆွဲဆောင်မှုရှိရုံသာမကဘဲ စိုက်ရလည်းလွယ်ကူပါတယ်။  ကြီးထွားနှုန်းမမြန်ဆန်ပေမဲ့ အထူးဂရုစိုက်နေဖို့လည်း မလိုအပ်ပါဘူး။ ရွက်လှပန်းပင်လေးကို အိမ်မှာစိုက်တော့မယ်ဆိုရင် အောက်ပါအချက်လေးတွေအတိုင်း လုပ်ဆောင်သွားရုံပါပဲ။

၁။ အလင်းကောင်းကောင်းရပြီး နေရောင်တိုက်ရိုက်မကျရောက်မယ့် နေရာမျိုးမှာ စိုက်ပါ။ ဒီလိုစိုက်ခြင်းအားဖြင့် အရောင်တွေကို တောက်ပနေစေပြီး အပင်ကိုလည်း အာဟာရပြည့်ဝစေပါတယ်။  အလင်းမရှိတဲ့နေရာမှာ စိုက်ပျိုးမိရင် အရောင်လွင့်လွယ်ပါတယ်။ အလင်းများလွန်းတဲ့နေရာမှာ စိုက်ရင်လည်း နေစားသွားပါလိမ့်မယ်။

၂။ ရွက်လှပင်တွေ ကောင်းစွာကြီးထွားနိုင်ဖို့ အစိုဓာတ်ရရှိဖို့ လိုအပ်ပါတယ်။ အစိုဓာတ်အမြဲရဖို့ ရေစီးရေလာကောင်းတဲ့ သဘာဝမြေထဲ စိုက်တာက အကောင်းဆုံးပါ။

၃။ ရွက်လှပင်တွေဟာ အစိုဓာတ်တွေလိုအပ်တယ်ဆိုပေမယ့် စိုစွတ်လွန်းရင်လည်း အမြစ်တွေ ပုပ်သိုးသွားနိုင်ပါတယ်။ မြေဆီလွှာရဲ့ တစ်ဝက် ဒါမှမဟုတ် လေးပုံတစ်ပုံလောက်က ခြောက်သွေ့နေပြီဆိုမှ ရေလောင်းပါ။ အပင်စိုက်ထားတဲ့အိုးသေးလေ၊ ရေခြောက်သွေ့တာမြန်လေမို့ အိုးနည်းနည်းကြီးတာနဲ့ စိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ရွက်လှပင်ဟာ မြေသြဇာများများလိုအပ်တဲ့အပင်မျိုးပါ။ အိမ်တွင်းစိုက်အပင်တွေအတွက်သုံးရတဲ့ မြေသြဇာကို တစ်လမှာတစ်ခါလောက်တော့ ပုံမှန်ထည့်ပေးပါ။

၅။ ရွက်လှပင်တွေဟာ ကောင်းကောင်းရှင်သန်နိုင်ဖို့အတွက် စိုစွတ်အောင်ထားပြီးတော့ အပူချိန်ကို ၇၅ ဒီဂရီ ဖာရင်ဟိုက်ဝန်းကျင်မှာထားတာကောင်းပါတယ်။ အပင်တွေဟာ တစ်ပင်နဲ့တစ်ပင် အစိုဓာတ်ကူးစေတာမို့ တခြားအပင်ရောစိုက်ခြင်းကလည်း ရွက်လှပင်ကို အစိုဓာတ်ရစေမှာပါ။

၆။ ရွက်လှရွက်လေးတွေဟာ အရှည်မြန်တာကြောင့် အရွက်တွေကို အပတ်စဉ်တိပေးပါ။ အရွက်နှစ်ခုရဲ့အဆုံးသတ်က ရိုးတံလေးကို ဖိဖိပေးပါ။ အရွက်တွေကို ပုံမှန်တိပေးခြင်းက ရွက်လှပင်ကို ရှင်းရှင်းလင်းလင်းနဲ့ လှပနေစေမှာပါ။

လောကဝန်းကျင်ကို စိမ်းလန်းတဲ့အပင်လေးတွေနဲ့ အလှဆင်ဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။