ကျားလျှာပင်လေးတွေ ဘယ်လိုစိုက်ကြမလဲ။

blank

အပူပိုင်းဒေသတွေမှာ ပေါက်တတ်တဲ့ ကျားလျှာပင်လေးတွေကို အခုနောက်ပိုင်းမှာ အိမ်ထဲမှာလည်း အလှစိုက်လာကြပါတယ်။ အထူးဂရုတစိုက် စိုက်ပျိုးနေစရာမလိုတာရယ်၊ နေရာလည်း သိပ်မယူတဲ့အတွက် နေရာကျဉ်းကျဉ်းလေးမှာ ဥယျာဉ်အသေးစားလေးတစ်ခု ဖန်တီးနိုင်မယ့် အသင့်တော်ဆုံးအပင်လေးတွေပါပဲ။

တစ်ပင်လုံး ဆူးတွေနဲ့ ပြည့်နှက်နေတဲ့ ချစ်စရာအပင်လေးတွေဟာ  ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရှိနေပါတယ်။

 ကျားလျှာပင်လေးတွေကို အိမ်မှာ စိုက်ထားခြင်းအားဖြင့်….
  • စိတ်ကိုငြိမ်းအေးစေပြီးတော့ ဒဏ်ရာတွေကိုလည်း လျင်လျင်မြန်မြန်သက်သာစေနိုင်ပါတယ်။
  • အာရုံစူးစိုက်မှုကို အထောက်အကူပြုတယ်။
  • စိမ်းလန်းတဲ့ အရောင်က မျက်စိကိုအေးစေတယ်။
  • စိတ်ကြည်လင်စေပြီး အလုပ်တွင်စေတယ်။
  • လေထုထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး လေကိုသန့်စင်ပေးနိုင်တဲ့အတွက် အဆုတ်ကို သန့်ရှင်းစေတယ်။
  • အရောင်အရပဲဖြစ်ဖြစ် ပုံသဏ္ဍာန်အရပဲဖြစ်ဖြစ် အပင်တွေဟာ စိတ်ကို ငြိမ်းအေးစေတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကောင်းကျိုးများစွာရှိနေတဲ့ ကျားလျှာပင်လေးကို စိုက်ချင်တယ်ဆိုရင် …
  • တစ်နေ့မှာ လေးနာရီလောက်တော့ နေရောင်တိုက်ရိုက်ထိတွေ့မယ့် နေရာမှာထားပါ။ အထူးသဖြင့် ချမ်းအေးတဲ့ ဆောင်းတွင်းမှာပေါ့။
  • ကျားလျှာပင်အများစုဟာ စိုစွတ်မှုနည်းတာကို သဘောကျပြီး နွေးထွေးတဲ့အပူချိန်မျိုးကို သဘောကျပါတယ်။ ကျားလျှာပင်ကို လင်ဗန်းတစ်ခုထဲမှာ ကျောက်စရစ်ခဲလေးတွေနဲ့ အတူထည့်ထားပေးခြင်းအားဖြင့် စိုထိုင်းစကို ပုံမှန်ဖြစ်စေတဲ့အပြင် အပင်တစ်ဝိုက်ကလေတွေကို အစိုဓာတ်ရှိနေစေပါလိမ့်မယ်။
  • ကျားလျှာပင်အမျိုးအစားနဲ့ အချိန်ကာလပေါ်မူတည်ပြီး ရေလောင်းရတာက ကွာခြားပါတယ်။ မြေအရမ်းခြောက်သွေ့နေပြီဆိုမှ ရေလောင်းပါ။
  • အပူပိုင်းကျားလျှာအတွက်ကိုတော့ ရေကိုတစ်နှစ်ပတ်လုံးပုံမှန်လောင်းရပြီး အပွင့်ပွင့်နေတဲ့အချိန်မှာတော့ မြေကိုစိုစွတ်နေအောင်ထားရပါမယ်။ ရေမဝပ်အောင် သတိထားပေးပါ။
  • ကျားလျှာပင်ကို ရေလိုတာထက် လောင်းမိတဲ့အခါ အမြစ်ပုပ်သိုးပြီး အပင်ကိုသေစေနိုင်ပါတယ်။

စာချစ်သူတို့ရေ…။

ကျားလျှာပင်လေးတွေဟာ သဘာဝအတိုင်း တောထဲမှာဆိုရင်တော့ နှစ်ရာနဲ့ချီပြီး ရှင်သန်နေနိုင်ပေမယ့် အိမ်ထဲမှာစိုက်မယ်ဆိုရင်တော့ ဆယ်နှစ်ကျော်ကျော်လောက်ပဲ ရှင်သန်နိုင်ပါတယ်။  မျက်စိနဲ့စိတ်ကိုငြိမ်းချမ်းစေတဲ့ ကျားလျှာပင်လေးတွေကို စိုက်ဖို့ နည်းလမ်းလေးကို သူငယ်ချင်းတွေအတွက်လည်း ဝေမျှပေးလိုက်ပါဦး။