အရေပြားဆရာဝန်တွေသတိပေးထားကြတဲ့ မျက်နှာပေါ်လုံးဝမတင်သင့်တဲ့ အရာ ၆ ခု

blank
၁။ ကိုယ်တိုက်ဆပ်ပြာ

ရိုးရိုးကိုယ်တိုက်ဆပ်ပြာဟာ နုနယ်တဲ့မျက်နှာအသားအရေပေါ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖယ်ရှားပစ်လိုက်ပါတယ်။ ဒါတင်မကဘဲ အသားအရေကို ကြမ်းတမ်းခြောက်သွေ့သွားစေပါတယ်။

၂။ အယ်လ်ကိုဟော(Alcohol) ပါဝင်တဲ့ ထုတ်ကုန်များ

အယ်လ်ကိုဟောပမာဏပါဝင်မှုများပြားတဲ့ အလှကုန်တွေဟာ မျက်နှာပေါ်မှာ ဝက်ခြံထွက်ခြင်း၊ နှင်းခူ နာဖြစ်ခြင်းနဲ့ ပွန်းပဲ့လွယ်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

၃။ ခေါင်းလျှော်ရည်
ခါင်းလျှော်ရည်ဆိုတာ ဆံပင်တွေ သန့်စင်ဖို့ ဖြစ်ပါတယ်။ အသားအရေအတွက် မဟုတ်ပါဘူး။
၎။ အမွှေးဆီ

တချို့သော အသားအရေထိန်းသိမ်းပစ္စည်းတွေထဲမှာ သဘာဝမဟုတ်တဲ့ အမွှေးဆီတွေ ပါဝင်ပါတယ်။ အဲ့ဒီအမွှေးဆီတွေက အသားအရေကို ထိခိုက်စေပါတယ်။

၅။ ချေးချွတ်ဆေး

အထူးသဖြင့် အေးတဲ့ရာသီမှာ မျက်နှာချေးချွတ်ခြင်းက အသားအရေကို ပွန်းပဲ့ပြီး ခြောက်သွေ့စေပါ တယ်။ ဒါ့အပြင် ဝက်ခြံနဲ့ နှင်းခူနာလို ထိခိုက်မှုတွေအထိပါ ဖြစ်ပေါ်စေနိုင်ပါတယ်။

၆။ သတ္တုဆီ

သတ္တုဆီက ချွေးပေါက်ပိတ်စေပြီး ဝက်ခြံအစုလိုက်အပြုံလိုက်ထွက်ခြင်း၊ နီရဲရောင်ကိုင်းခြင်း၊ မှဲ့ ခြောက်ထွက်ခြင်း၊ ပြည်တည်နာဖြစ်ခြင်းစတဲ့ ဆိုးကျိုးတွေအထိ ကြုံရနိုင်စေပါတယ်။ လူသုံးများတဲ့ သတ္တု ဆီတွေကတော့  liquid paraffin, liquid petroleum, paraffin oil, paraffinum liquidum, petrolatum liquid, petroleum oil နဲ့ သတ္တုဆီအဖြူတို့ ဖြစ်ပါတယ်။ အလှကုန်ပစ္စည်းဝယ်ယူတဲ့အခါ ပါဝင်တဲ့သတ္တုဆီ တွေကို ဖတ်ကြည့်သင့်ပါတယ်။

အသားအရေနဲ့ပတ်သက်ပြီး သင်သိထားတဲ့ အချက်လေးတွေရှိရင်လည်း comment box မှာ မျှဝေခဲ့ပါဦးနော်။