ချွေးပေါက်တွေကျဉ်းပြီး အသားအရေချောမွတ်စေဖို့ သဘာဝပစ္စည်းလေးများ

၁။ ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်ကို နေ့တိုင်းလိမ်းပေးရင် အချိန်တိုအတွင်းမှာ ချွေးပေါက်တွေ သိသိသာသာလျော့သွားမှာပါ။

၂။ သင်္ဘောသီး

သင်္ဘောသီးက အသားအရေကို ညီညာစေပြီး ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ သင်္ဘောသီးကို ကျိတ်ချေပြီး မျက်နှာပေါင်းတင်ပေးပါ။

၃။ ကုလားပဲမှုန့်

ချွေးပေါက်ကျဉ်းချင်တယ်ဆိုရင် ကုလားပဲစိမ်းမှုန့် အနည်းငယ်ကို အနှစ်ဖြစ်အောင် ရေနဲ့ဖျော်ပြီး မျက်နှာပေါင်းတင်ပေးနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ငှက်ပျောသီး

ငှက်ပျောခွံမှာ lutein လို့ခေါ်တဲ့ antioxidants ဓာတ်တွေပါဝင်ပါတယ်။ ဒါကြောင့် ငှက်ပျောခွံအတွင်းသားနဲ့ မျက်နှာကို ပွတ်ပေးခြင်းက အသားအရေကို ချောမွတ်စေပါတယ်။

၅။ သခွားသီး

သခွားသီးကို ပါးပါးလေးလှီးပြီး မျက်နှာကို ကပ်ထားတာက ချွေးပေါက်တွေကို ကျဉ်းစေပြီး အသားအရေကို ချောမွေ့စိုပြေစေပါတယ်။

၆။ သံပုရိုသီး

သံပုရိုရည်လေးနဲ့ မျက်နှာပေါင်းတင်ပေးရင် အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်ပိတ်တာတွေ၊ ဝက်ခြံထွက်တာတွေ၊ ချွေးပေါက်ကျယ်လွန်းတာတွေကို သက်သာစေပါတယ်။

ချွေးပေါက်တွေကြောင့် လိမ္မော်ခွံလို ကြည့်ရဆိုးနေတဲ့ မျက်နှာအသားအရေကို ဒီနည်းလမ်းလေးတွေနဲ့ ကုသကြည့်ပါ။ သိသိသာသာ အကျိုးထူးလာပါလိမ့်မယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။