နှုတ်ခမ်းနီဆိုးမယ်ဆိုရင် အလှမပျက်စေဖို့ ဒီအလွဲလေးတွေကိုရှောင်ပါ။

blank

လှပတဲ့ နှုတ်ခမ်းနီတစ်တောင့်က သင့်အလှတွေကို ပိုမိုမြင့်တက်စေနိုင်သလို မှန်ကန်တဲ့ ဆိုးပုံဆိုးနည်းကလည်း နှုတ်ခမ်းအလှကို ပိုမိုပေါ်လွင်စေနိုင်ပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းနီဆိုးတဲ့အချိန်မှာ ဒီလိုအလွဲလေးတွေကို လုပ်မိရင် လုံးဝအလှပျက်သွားပြီး ရုပ်ဆိုးစေနိုင်ပါတယ်နော်။ ဘယ်လိုအလွဲတွေလဲဆိုတာ ကြည့်ရအောင်။

၁။ နှုတ်ခမ်း liner မဆိုးခြင်း။

နှုတ်ခမ်းလိုင်နာဆိုးတဲ့ခေတ်ကုန်သွားပြီဆိုပေမဲ့ လိုင်နာမဆိုးဘဲ နှုတ်ခမ်းနီဆိုးရင် နှုတ်ခမ်းက ပုံမကျဖြစ်ပြီး ဘေးတစ်ဝိုက်ကိုလည်း ပေကျံစေနိုင်ပါတယ်။ လိုင်နာဆိုးလို့ဆိုးထားမှန်း မသိသာစေချင်ရင် နှုတ်ခမ်းနီနဲ့ တစ်ရောင်တည်းထပ်တူကျတဲ့ lip liner ကို ရွေးချယ်နိုင်ပါတယ်။

၂။ Gloss တွေကို ထူပျစ်နေအောင်ဆိုးခြင်း။

နှုတ်ခမ်းသားကို ပြည့်ပြည့်ဖူးဖူးလေးဖြစ်နေအောင် lip gloss ဆိုးတာတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ အများကြီး ထူပျစ်နေအောင်ဆိုးမယ်ဆိုရင် တကယ်အလှပျက်သွားပါပြီ။ ကြည့်ရတာလည်းဆိုးသလို ဆိုးထားသူအတွက်လည်း နေရခက်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ နှုတ်ခမ်းကို ချေးမချွတ်ဘဲ နှုတ်ခမ်းနီဆိုးခြင်း။

နှုတ်ခမ်းခြောက်ပြီး လန်နေတဲ့အရေခွံတွေ၊ နှုတ်ခမ်းပေါ်က အမှုန်လေးတွေကို အရင်ဆုံး scrub လုပ်ပြီး ချောမွေ့အောင် ချေးချွတ်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ အရေခွံလန်နေတဲ့အပေါ် နှုတ်ခမ်းနီဆိုးမယ်ဆိုရင် တော်တော်လေးကို ကြည့်ရဆိုးစေပါတယ်။

၎။ နှုတ်ခမ်းနီတွေ သွားမှာ ပေကျံနေခြင်း။

နှုတ်ခမ်းနီတွေကို နှုတ်ခမ်းပေါ်မှာ လှလှလေးဆိုးပေမဲ့ သွားမှာပေနေရင်တော့ ရုပ်ပျက်ပါတယ်။ ဒီလိုမဖြစ်အောင် နှုတ်ခမ်းနီဆိုးပြီးတာနဲ့ တစ်ရှူးလေးနဲ့ သိပ်သိပ်လေးဖြစ်သွားအောင် ဖိလိုက်ပါ။ ပြီးရင် လက်ညှိုးထိပ်လေးကို နှုတ်ခမ်းနဲ့စုတ်ပြီး ဆွဲထုတ်လိုက်ပါ။ ဒါဆိုရင် နှုတ်ခမ်းနီပိုနေတာတွေ မရှိတော့ဘဲ သွားကိုလည်း ပေမှာမဟုတ်တော့ပါဘူး။

၅။ အသားအရောင်နဲ့မလိုက်တဲ့ နှုတ်ခမ်းနီဆိုးခြင်း။

နှုတ်ခမ်းနီဝယ်တော့မယ်ဆိုရင် အလှကုန်ကောင်တာတွေမှာ tester တောင်းပြီး လက်ဖျံမှာ စမ်းကြည့်ပါ။ ကိုယ့်ရဲ့ skin tone နဲ့ မလိုက်တဲ့အရောင်တွေဆိုးမိရင် တကယ်ကို အလှပျက်စေပါတယ်။ သူများနဲ့ လိုက်ဖက်နေတိုင်းလည်း ကိုယ်နဲ့လိုက်ချင်မှ လိုက်မှာပါ။ ကိုယ်နဲ့ လိုက်တာကို သေချာရွေးဝယ်ပါ။

၆။ သွားရမယ့်နေရာနဲ့ မလိုက်တဲ့ နှုတ်ခမ်းနီအရောင်ဆိုးထားခြင်း။

နှုတ်ခမ်းနီအရောင်တွေဆိုတာ ဘယ်အရောင်တွေကို ရွေးလို့ရွေးရမှန်းမသိအောင် လှပဆန်းပြားလှပါတယ်။ အခုဆို အစိမ်းတွေ၊ အပြာတွေတောင် ပေါ်လာနေပါပြီ။ ဒါပေမဲ့ နှုတ်ခမ်းနီ ရွှေရောင်တောက်တောက်က အလုပ်သွားတဲ့အချိန်ဆိုးမယ်ဆိုရင် မလိုက်ဖက်ပါဘူး။ ဘယ်နေရာ ဘယ်အချိန်မဆို လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်ကို ပြောပါဆိုရင်တော့ အနီစွေးစွေးအရောင်နဲ့ အညိုဖျော့ဖျော့ အရောင်လေးပေါ့။

ပျိုမေတို့အားလုံး ပိုမိုလှပတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE ပေးပါဦးနော်။