နဂါးမောက်ပင်ကို အိမ်မှာ လွယ်လွယ်လေး စိုက်ကြမယ်

blank

နဂါးမောက်သီးလို့ ပြောလိုက်တာနဲ့ ချိုစိမ့်စိမ့်နဲ့  အမြင်ဆန်းတဲ့ အသီးလေးဆိုတာ သိကြမှာပါ။ နဂါးမောက်သီးမှာ အနီသီးနဲ့အဖြူသီး ဆိုပြီး (၂) မျိုးရှိပါတယ်။ နဂါးမောက်သီးမှာ ရေဓာတ်ပြည့်ဝပြီး ကျန်းမာရေးကောင်းကျိုးများတာကြောင့် လူကြိုက်များပါတယ်။

နဂါးမောက်သီးကို အပူပိုင်းနိုင်ငံတွေဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အများဆုံးတွေ့ရှိရပါတယ်။ နဂါးမောက်ပင်ကို အိမ်မှာစိုက်မယ်ဆိုရင်လည်း သိပ်ကိုလွယ်ကူပါတယ်။ မျိုးစေ့တွေတောင် မလိုပါဘူး။ စားဖို့ဝယ်လာတဲ့နဂါးမောက်သီးရဲ့အစေ့လေးတွေကနေ စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးပုံ အဆင့်ဆင့်ကို အောက်မှာဖော်ပြပေးထားပါတယ်။

၁။ နဂါးမောက်သီးရဲ့အစေ့လေးတွေကိုပဲယူပါ။ အနီသီးစိုက်ချင်ရင် အနီသီးရဲ့ အစေ့၊ အဖြူသီးစိုက်ချင်ရင်အဖြူသီးရဲ့ အစေ့ကိုယူပါ။

၂။ အစေ့နဲ့ အသားနဲ့က ကပ်နေတော့ အစေ့ချည်းပဲယူဖို့ခက်လိမ့်မယ်။ အသားနည်းနည်းပါနေလည်းရပါတယ်။ အစေ့လေးတွေကို ရေနဲ့ ပြောင်အောင်ဆေးပါ။

၃။ ပြီးရင် အချင်း ၆လက်မလောက်ပဲရှိတဲ့ အိုးလေးထဲမှာ မြေထည့်ပြီးစိုက်ပါ။ အိုးက ရေကောင်းကောင်းစီးနိုင်တဲ့အိုးပဲ ဖြစ်ရပါမယ်။

၎။အစေ့လေးတွေကို မြေကြီးအပေါ်ယံလေးမှာ စိုက်ပြီးပြီဆိုရင် ရေနည်းနည်းလေးပဲဖြန်းပါ၊ ပြီးရင် ပလက်စတစ်အိတ်လေးနဲ့ အိုးတစ်ခုလုံးကို အုပ်ထားလိုက်ပါ။ အိုးကို အလင်းရောင်ရတဲ့နေရာမှာ ထားပါ။

၅။ ၅ရက်လောက်နေရင် အပင်ပေါက်လေးတွေ ထွက်လာပါလိမ့်မယ်။ အပင်ပေါက်လေးတွေ ၂ လက်မအရွယ်လောက်ဖြစ်လာရင် အိုးခွဲပြီး စိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ နဂါးမောက်ပင်က ရေသိပ်မကြိုက်ပါဘူး။ ပုံမှန်လေးပဲ ရေလောင်းပါ။ ရေမဝပ်ပါစေနဲ့။ နေရောင်ကောင်းကောင်းရပါစေ။

၇။ အပင်လေးတွေက ပျော့တာကြောင့် စင် ဒါမှမဟုတ် တိုင်ထိုးပြီး စိုက်သင့်ပါတယ်။

၈။ အသီးလေးတွေ သီးလာပြီဆိုရင် မှည့်တာနဲ့ခူးပေးပါ။

ပြီးရင်တော့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ သဘာဝအော်ဂဲနစ် နဂါးမောက်သီးလေးတွေကို စားသုံးနိုင်ပြီပေါ့။

စိုက်ပျိုးရေးဝါသနာပါတဲ့သူတွေ ဒီစာစောင်လေးကို SHARE ထားလိုက်နော်။