မမဝဝလှလှလေးများအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ အကြံပေးချက်များ

blank
၁။ ခန္ဓာကိုယ်ဆိုဒ်အတိုင်း မဝတ်ပါနဲ့။ ခန္ဓာကိုယ်ပုံစံအတိုင်းဝတ်ပါ။

ဝတယ်ဆိုတိုင်း အင်္ကျီပွပွကြီးတွေ ဝတ်စရာမလိုပါဘူးနော်။ ခန္ဓာကိုယ်ပုံစံအတိုင်း လိုက်ဖက်ညီအောင် ဝတ်ရင် အလိုလိုလှသွားရော။ ဝပေမဲ့ ခါးလေးသိမ်တယ်ဆိုရင် ခါးအလှကို ပေါ်လွင်တဲ့ အဝတ်လေးတွေဝတ်၊ လက်မောင်းလေးတွေလှတယ်ဆိုရင် လက်ပြတ်လေးတွေဝတ်ပါ။ လှတာတွေကို ပေါ်အောင်ဝတ်ပြီး မလှတာတွေကို ဖုံးအောင်ဝတ်ပါ။

၂။ ဖက်ရှင်အသစ်ပေါ်တိုင်း ရဲရဲသာလိုက်ဝတ်ပါ။

ကိုယ်နဲ့မလိုက်မှာကို ပူမနေနဲ့။ သူများတွေ လှလှပပ ခေတ်မီမီဝတ်သလို ကိုယ်လည်း ဝတ်ခွင့်ရှိတယ်။ ကိုယ်နဲ့တော်တဲ့ ဆိုဒ်ကိုတော့ ရှာဝတ်ဖို့လိုပါတယ်။ အမြဲတမ်းခေတ်မီနေအောင် နေပါ။      ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ခန္ဓာကိုယ်ကို ပိုမိုသွယ်လျသယောင် ထင်ရစေမယ့် အဝတ်အစားကိုဝတ်ပါ။

အရမ်းကြီး မကြပ်လွန်း၊ မပွလွန်းတဲ့အဝတ်တွေက အကောင်းဆုံးပါပဲ။ ပွလွန်းရင်လည်း လူကို ပိုဝသွားစေနိုင်သလို ကြပ်လွန်းရင်လည်း အဆီတွေထွက်ပြီး ကြည့်ရဆိုးစေပါတယ်။

၎။ လှလှပပလေးဝတ်နိုင်ဖို့ ဝိတ်ကျသွားတဲ့အထိ စောင့်စရာမလိုပါဘူး။

လှလှပပနဲ့ စမတ်ကျကျ ဝတ်ဆင်ခြင်းက ခန္ဓာကိုယ်အလေးချိန်နဲ့ ဘာမှမဆိုင်ပါဘူး။ ဝပေမဲ့ လိုက်ဖက်တင့်တယ်အောင် ဝတ်နိုင်ရင် ဆွဲဆောင်မှုရှိသွားတာပဲ မဟုတ်လား။ ဝိတ်ကျတဲ့အထိစောင့်ပြီးဝတ်ရင် ဖက်ရှင်တွေ ဒိတ်အောက်ကုန်မှာပေါ့။

၅။ တခြားမမဝဝလေးတွေအတွက် စံပြဖြစ်အောင် ဝတ်စားဆင်ယင်ပါ။

ကိုယ်ဝတ်ဖို့အတွက် plus size fashion တွေစဉ်းစားရွေးချယ် တီထွင်ရင်း တခြားမမဝဝလေးတွေအတွက်ပါ အကောင်းဆုံး တီထွင်စဉ်းစားပေးနိုင်တဲ့ Blogger တစ်ယောက်ဖြစ်အောင် လုပ်ပါ။

ဝရင်မလှဘူးလို့ ဘယ်သူပြောလဲ။ ဝလည်း လှအောင်နေရင် လှပါတယ်။ ဒီနည်းလေးတွေက မမဝဝလေးတွေအတွက် အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်နော်။

သဘောကျနှစ်သက်ရင် SHARE လိုက်ပါ။