ပူစီနံလေးတစ်ခက်ကနေ ပူစီနံရုံလေးဖြစ်အောင် အလွယ်တကူ စိုက်ပျိုးလိုက်ရအောင်

blank

          ပူစီနံ (mint) ရွက်လေးတွေက ကျန်းမာရေးအတွက် အရမ်းကို အထောက်အကူပြုပါတယ်။ အသုပ်တွေမှာလည်း သူပါမှ စားကောင်းသလို သံပရာဖျော်ရည်လေးထဲ ထည့်သောက်ရင်လည်း အရသာတကယ်ကောင်းပါတယ်။ ဒီလို ဆေးဖက်ဝင်ပြီး အဖက်ဖက်က အသုံးဝင်တဲ့ ပူစီနံရွက်လေးတွေကို အိမ်မှာ အလွယ်တကူ စိုက်လို့ရပါတယ်။ စိုက်ပျိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ အရွက်ဖားဖားနဲ့ လတ်ဆတ်တဲ့ ပူစီနံတစ်ခက်ကို အဖျားကနေ ၄ လက်မလောက် ဖြတ်ပါ။ လက်နဲ့ မဆိတ်ပါနဲ့။  ခပ်ထက်ထက် ဓား (သို့) ကတ်ကြေးသုံးပြီး ဖြတ်ပါ။ ပြီးရင် အောက်ဖျားက အရွက်တွေကို ဖယ်လိုက်ပါ။

၂။ ပြီးရင် အဲဒီပူစီနံခက်ကို ရေခွက်တစ်ခွက်ထဲကို ထည့်လိုက်ပါ။

၃။ ခွက်ထဲကို ရေအေးဖြည့်ပါ။ အောက်ခြေကအရွက်တွေ ရေမြှုပ်မသွားအောင် သတိထားပါ။ ပူစီနံအခက်ရဲ့ အပေါ်ပိုင်း ၃ပုံ၁ပုံလောက်က ခွက်နှုတ်ခမ်းရဲ့ အပေါ်ကို ရောက်နေပါစေ။     ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အဲဒီခွက်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ဘဲ အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ ထားပါ။ နေ့တိုင်း ရေလဲပေးပါ။

၅။ မကြာခင် အဲဒီပူစီနံအခက်လေးကနေ အမြစ်လေးတွေ ထွက်လာပါလိမ့်မယ်။ အမြစ်လေးတွေထွက်လာရင် အိုးပြောင်းစိုက်ပါ။

၆။ အမြစ်လေးတွေ လက်မဝက်လောက်ဖြစ်လာပြီဆိုရင် မြေသြဇာကောင်းကောင်းထည့်ထားတဲ့ အိုးထဲကို ပြောင်းပြီးစိုက်ပါ။

၇။ အဲဒီအိုးကို နွေးထွေးပြီး နေရောင်ခြည်ရတဲ့နေရာမှာ ထားပါ။

၈။ ပူစီနံလေးခက်လေးတွေကို မကြာခဏ ခူးပေးပါ။ များများခူးပေးရင် အရွက်အသစ်လေးတွေ များများထွက်လာပြီး အပင်သန်စေပါတယ်။ ခူးတဲ့အခါမှာ အခက်လေးတွေရဲ့ တစ်ဝက်လောက်ကနေပဲ ခူးပါ။

၉။ ပူစီနံပင်လေးတွေ အိုးထဲမှာ အရမ်းများလာပြီဆိုရင် မြေမှာချပြီးစိုက်ပါ။

ဒီနည်းလမ်းလေးနဲ့ဆိုရင် အပြင်ကနေဝယ်လို့ ပိုတဲ့ ပူစီနံတစ်ခက်ကနေ ကိုယ်တိုင်ခူးစားလို့ရတဲ့ ပူစီနံရုံလေးဖြစ်အောင် စိုက်လို့ရပါပြီ။ အိမ်မှာ ကိုယ်တိုင်စိုက်တော့ ပိုပြီး သန့်ရှင်းလတ်ဆတ်တယ်၊ ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ် မဟုတ်လား။

သဘောကျနှစ်သက်ရင် SHARE လိုက်ပါနော်။