ရေများများသောက်ခြင်းနဲ့ သင့်လှပမှုဘယ်လိုဆက်စပ်နေသလဲ။

blank
၁။ လက်သည်းတွေကို ခိုင်မာစေခြင်း။

ရေဓာတ်ခန်းခြောက်တဲ့အခါ လက်သည်းတွေကျွတ်ဆတ်ပြီး ကျိုးပဲ့တတ်ပါတယ်။ ရေလုံလုံ လောက်လောက်သောက်ပေးရင် လက်သည်းတွေ ပန်းရောင်သမ်းပြီး ကျန်းမာလှပစေပါတယ်။

၂။ အသားအရေကို နုပျိုစေခြင်း။

ရေဓာတ်လုံလောက်ခြင်းက အသားအရေကို သဘာဝအတိုင်း တင်းရင်းလှပစေပါတယ်။

၃။ နေလောင်ဒဏ်ကို ကုသပေးခြင်း။

ရေများများသောက်ပေးခြင်းက နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အသားအရေဆိုင်ရာ ပြဿနာ များကို သက်သာစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ဝက်ခြံတွေပျောက်ကင်းစေခြင်း။

ရေလုံလုံလောက်လောက်သောက်ခြင်းက ဝက်ခြံထွက်တာကို သက်သာပျောက်ကင်း စေပါတယ်။ အလှအပဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကတော့ မနက်လင်းတဲ့အခါ ရေနွေးပူထဲ သံပရိုသီးတစ်လုံးညှစ်ထည့်ပြီး နေ့စဉ်သောက်ပေးဖို့ အကြံပြုထားပါတယ်။

၅။ ဆံပင်ကျွတ်သက်သာခြင်း။

ခန္ဓာကိုယ်ထဲထည့်လိုက်တဲ့ ရေဓာတ်ရဲ့လေးပုံတစ်ပုံဟာ ဆံပင်မှာ ရှိပါတယ်။ ရေလုံလုံ လောက်လောက်မသောက်တဲ့အခါ တခြားသောကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကသာ ရေကို စုပ်ယူလိုက်ပါတယ်။ ဆံပင်မှာ ရေဓာတ်မရရှိတော့တာကြောင့် ဆံပင်ကျွတ်တာ၊ ပါးတာနဲ့ ကျိုးပြတ် တာတွေ ဖြစ်တတ်ပါတယ်။

အလှအပဆိုင်ရာ သိမှတ်ဖွယ်ရာလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။