ငွေကုန်ကြေးကျသက်သာစေမယ့် လှပခြင်းဆိုင်ရာလျှို့ဝှက်နည်းလေးများ

blank
၁။ အသားအရေလှဖို့ ရေခဲတုံးသုံးပါ။

        အသားအရေလှပဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာစားသောက်ပြီး အိပ်ရေးဝဝအိပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ မနက်နိုးလာချိန်မှာတော့ အသားအရေကို ပိုပြီးလှပအောင် ရေခဲတုံးလေးနဲ့ ပွတ်ပေးပါ။ မျက်နှာအသားအရေရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဝင်းပစေပါတယ်။

၂။ အလှအပပစ္စည်းတွေကို ရေချိုးခန်းထဲမှာ မထားပါနဲ့။

        ရေချိုးခန်းထဲက အလှအပပစ္စည်းတွေအားလုံးကို ထုတ်လိုက်ပါ။ ရေချိုးခန်းရဲ့ စိုစွတ်တဲ့သဘာဝကြောင့် အလှအပပစ္စည်းတွေရဲ့ အာနိသင်တွေ ပြယ်သွားစေပါတယ်။

၃။ အသားအရေနဲ့ ထိတွေ့နေရတဲ့အရာတိုင်းကို သတိထားပါ။

မျက်နှာအသားအရေနဲ့ ထိတွေ့နေရတဲ့ လက်တွေ၊ ဖုန်း၊ ခေါင်းအုံး၊ မျက်မှန်၊ မိတ်ကပ်ဘရှပ် အားလုံးကို လုံးဝသန့်ရှင်းနေအောင် ထားပါ။

၎။ မျက်နှာကို မကြာခဏ နှိပ်နယ်ပေးပါ။

        မျက်နှာကို နှိပ်နယ်ခြင်းဟာ နေလို့ကောင်းရုံသာမက ကောင်းကျိုးတွေပါ ရရှိစေပါတယ်။ မျက်နှာနှိပ်နယ်ခြင်းက သွေးလည်ပတ်မှုတွေကို ကောင်းမွန်စေပြီး မျက်ကွင်းညိုတာတွေ၊ မျက်အိတ်တွဲတာတွေကို ပျောက်ကင်းစေပါတယ်။

၅။ မိတ်ကပ်ဖျက်ပြီးမှ အိပ်ရာဝင်ပါ။

ပင်ပန်းလွန်းတဲ့ရက်တွေမှာ မိတ်ကပ်ဖျက်ဖို့တောင် အားမရှိတော့ဘဲ အိပ်ရာဝင်တတ်ကြတယ်ဟုတ်။ ဒါပေမဲ့ မိတ်ကပ်မဖျက်ဘဲ အိပ်လိုက်ရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေထွက်လာနိုင်တာကို သတိပြုပါ။

၆။ ညအိပ်ရင် ဘရာချွတ်အိပ်ဖို့ မမေ့ပါနဲ့။

ဘရာဝတ်ပြီးအိပ်တာက အန္တရာယ်များပါတယ်။ သွေးလည်ပတ်မှုကို ပြတ်တောက်စေပြီး ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေများပါတယ်။ ပြီးတော့ သက်တောင့်သက်သာလည်း မရှိဘူးလေ။ ဒါကြောင့် ဘရာချွတ်ပြီးမှ အိပ်ပါ။

ပျိုမေတို့ရေ… ဒီအချက်လေးတွေက လိုက်နာရတာအပန်းမကြီးဘဲ အလှအပကို သိသိသာသာ အကျိုးပြုပါတယ်နော်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး လှအောင်နေဖို့မမေ့ပါနဲ့နော်။

         မှတ်သားစရာစာစောင်လေးမို့ SHARE လိုက်ပါဦးနော်။