ရှားစောင်းလပ်ပပ်ပင်ကို အိမ်မှာပဲ အလွယ်တကူစိုက်ပျိုးကြမယ်။

blank

ရှားစောင်းလက်ပပ်ပင်ဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကောင်းကျိုးတွေ ပေးစွမ်းနိုင်တဲ့ အပင်ပါ။ မျက်နှာနေလောင်ထားလား၊ ဝက်ခြံထွက်နေလား၊ အသားအရေခြောက်သွေ့နေလား၊ ရှားစောင်းလက်ပပ်အနှစ်လေးလိမ်းလိုက်တာနဲ့ ပျောက်သွားရော။ ဆံပင်သန်ချင်ရင်လည်း ခေါင်းလျှော်ခါနီး ရှားစောင်းလပ်ပပ်အနှစ်လေးနဲ့ ပေါင်းတင်လို့ရတယ်။ ရှားစောင်းလက်ပပ်ကို ပါးပါးလေးလှီး၊ ပျားရည်နဲ့စိမ်ပြီး နေ့တိုင်းစားရင် အမျိုးသမီးတွေမှာ မီးယပ်ရောဂါကင်းတယ်။

ကဲ… ဒီလိုကောင်းကျိုးတွေနဲ့ ပြည့်နှက်နေတဲ့ ရှားစောင်းလက်ပပ်ပင်ကို အိမ်မှာပဲ အလွယ်တကူစိုက်ကြည့်ကြရအောင်။

၁။ အသားထူတဲ့ ရှားစောင်းလက်ပပ်တစ်ခက်ကို အဖျားကနေတိုင်းရင် ၈ စင်တီမီတာလောက်ရှိတဲ့နေရာကနေ ဓားသန့်သန့်နဲ့ ဖြတ်ပါ။

၂။ ဖြတ်ထားတဲ့ ရှားစောင်းလက်ပပ်ကို မပူလွန်း၊ မအေးလွန်းတဲ့နေရာမှာ ၂ပတ်လောက် ထားလိုက်ပါ။ ၂ ပတ်ကြာရင် ဖြတ်ထားတဲ့နေရာက ခြောက်ပြီး ပိတ်သွားပါလိမ့်မယ်။ တစ်ခါတလေဆိုရင် ၁ ပတ်လောက်နဲ့ ပိတ်သွားတတ်ပါတယ်။

၃။ ဖြတ်ထားတဲ့နေရာက လုံးဝပိတ်သွားပြီဆိုမှ အဲဒီရှားစောင်းလပ်ပပ်ကို ပန်းအိုးထဲ ထည့်စိုက်ပါ။ အောက်ခြေမှာ အပေါက်ပါတဲ့ အိုးနဲ့စိုက်ပါ။ အပင်ထည့်မစိုက်ခင် ရှားစောင်းလက်ပပ်အခြေလေးကို ပျားရည်လေးအနည်းငယ်သုတ်ပေးရင် ပိုကောင်းပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အပင်စိုက်ပြီးပြီးချင်း ပထမ ၄ ပတ်မှာ အပင်ကို နေပူထဲမှာထားပါ။ အိုးထဲကမြေကြီး လုံးဝခြောက်သွားပြီဆိုမှ ရေလေးထပ်လောင်းပေးပါ။

၅။ စိုက်ထားတဲ့အပင်ကနေ အမြစ်ထွက်နေတဲ့အချိန်မှာ အရွက်ခြောက်သွားရင်၊ ကျုံ့သွားရင် စိတ်မပူပါနဲ့။ အမြစ်တွေ ကောင်းကောင်းထွက်ပြီးရင် အပင်ပြန်ပြီး သန်လာမှာပါ။

၆။ အပင်ကြီးထွားနှုန်း နည်းနေတယ်ဆိုရင်

  • ရေဝပ်မဝပ် ပြန်စစ်ပါ။ ရေလျှော့လောင်းပါ။
  • နေရောင်ခြည် သေချာရမရ ပြန်စစ်ပါ။ အပင်ကို နေပူထဲထားပါ။
  • ဓာတ်မြေသြဇာ လျှော့သုံးပါ။
  • မြေက အယ်လ်ကာလိုင်းဓာတ်များလွန်းနေလား ပြန်စစ်ပါ။ မြေကြီးထဲကို ဆာလ်ဖာ နည်းနည်းပေါင်းထည့်ပါ။
  • အိုးသေးလွန်းနေလားပြန်စစ်ပါ။ အမြစ်တွေကြပ်နေတယ်ဆိုရင် အိုးကြီးကြီးနဲ့ စိုက်ပါ။ မြေပေါ်မှာချပြီးစိုက်လည်း ရပါတယ်။

လက်တွေ့အသုံးချစာစောင်လေးဖြစ်တာကြောင့် လိုအပ်ချိန်မှာ ပြန်ဖတ်ရအောင်လို့ SHARE ထားလိုက်ပါဦးနော်။