၂ဝ၁၈ အတွက် သင့်ရာသီခွင်နဲ့အလိုက်ဖက်ဆုံး မိတ်ကပ်လိမ်းနည်း

blank

          ရာသီခွင်နဲ့ နက္ခတ်ကိုကြည့်ပြီး အနာဂတ်ကိုပဲ ဟောနိုင်တယ်မထင်ပါနဲ့။ အဖရိုဒိုက် (Aphrodite) လို့ ခေါ်တဲ့ အလှနတ်ဘုရားမရဲ့ ကြီးစိုးမှုက ရာသီခွင်တစ်ခုချင်းစီ၊ ပြီးတော့ တစ်နှစ်ချင်းစီအလို မတူညီပါဘူး။ ဒီတစ်ပတ်မှာတော့ ၂ဝ၁၈ ရာသီဖွားအသီးသီးရဲ့ အလှနတ်ဘုရားကြီးစိုးပြီး စန်းပွင့်စေတဲ့ မျက်နှာ အစိတ်အပိုင်းလေးတွေနဲ့ ပိုပြီးလှအောင် ပြင်ဆင်ခြယ်သနည်းလေးတွေကို ပြောပြသွားမယ်နော်။

၁။ မိဿရာသီဖွား (Aries)

၂ဝ၁၈ မှာ မိဿရာသီဖွားလေးတွေရဲ့ စန်းက မျက်လုံးမှာ တည်ရှိနေပါတယ်။ မျက်ဝန်းလေးကနေ ဖမ်းစားနိုင်ဖို့ eyeliner ထင်းထင်းလေးဆွဲပါ။

၂။ ပြိဿရာသီဖွား (Taurus)

၂ဝ၁၈ မှာ ပြိဿရာသီဖွားလေးတွေရဲ့ စန်းက နှုတ်ခမ်းနဲ့ ပါးလေးတွေမှာ တည်ရှိနေပါတယ်။ အလှကို ပိုပြီးပေါ်လွင်စေဖို့ ပါးရိုးလေးတွေကို လှလှပပပုံဖော်ပြီး အရောင်ဖျော့ဖျော့ matte ပုံစံနှုတ်ခမ်းနီလေးတွေပဲ ဆိုးပါ။

၃။ မေထုန်ရာသီဖွား (Gemini)

၂ဝ၁၈ မှာ မေထုန်ရာသီဖွားလေးတွေရဲ့ ဆွဲဆောင်မှုက နှုတ်ခမ်းလေးတွေပေါ်မှာ တည်ရှိနေပါတယ်။ ပိုမိုဆွဲဆောင်မှုရှိစေဖို့ နှုတ်ခမ်းလေးတွေကို အရောင်ပြေးပုံစံ ဆန်းဆန်းလေးတွေဆိုးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

၂ဝ၁၈ မှာ ကရကဋ်ရာသီဖွားလေးတွေရဲ့ စန်းက ပါးမို့မို့လေးတွေနဲ့ မျက်နှာတစ်ခုလုံးမှာ တည်ရှိနေပါတယ်။ ဒါကြောင့် ပိုမိုလှပစန်းပွင့်ဖို့ ပါးလေးတွေကို လှလှပပ highlight လုပ်ပါ။ မျက်နှာအသားအရေလေး လှပနေအောင် ထိန်းသိမ်းပါ။

၅။ သိဟ်ရာသီဖွား (Leo)

၂ဝ၁၈ မှာ သိဟ်ရာသီဖွားလေးတွေရဲ့ ဆွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်းက မျက်ဝန်းလေးတွေမှာပါ။ ပိုပြီး ဆွဲဆောင်မှုရှိချင်ရင်တော့ မျက်လုံးခြယ်တဲ့အခါမှာ အလက်အလက်လေးတွေပါတဲ့ eye shadow များများသုံးပေးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ကန်ရာသီဖွား (Virgo)

၂ဝ၁၈ မှာ ကန်ရာသီဖွားလေးတွေ အလှဆုံးဖြစ်နေမယ့် အစိတ်အပိုင်းက အသားအရေနဲ့ နှုတ်ခမ်းနီနီလေးတွေပါ။ ပိုမိုလှပချင်ရင်တော့ အသားအရေကို ကြည်လင်ဝင်းပအောင် ထိန်းပြီး နှုတ်ခမ်းနီကို အနီရောင် များများဆိုးပါ။

၇။ တူရာသီဖွား (Libra)

၂ဝ၁၈ မှာ တူရာသီဖွားလေးတွေရဲ့ စန်းက မျက်ခုံးမွေးမှာ တည်ရှိနေပါတယ်။ မျက်ခုံးလေးကို လှလှလေးရိတ်ပြီး ပုံဖော်ဆွဲမယ်ဆိုရင် စန်းပွင့်နေမှာ အသေအချာပါပဲ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

၂ဝ၁၈ မှာ ဗြိစ္ဆာရာသီဖွားလေးတွေရဲ့ ဆွဲဆောင်မှုက မျက်ဝန်းတဝိုက်မှာ တည်ရှိနေပါတယ်။ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတစ်စုံဖြစ်ချင်တယ်ဆိုရင် မီးခိုးဘက်သမ်းတဲ့ eye shadowကို လှလှလေးခြယ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius)

၂ဝ၁၈ မှာ ဓနုရာသီဖွားလေးတွေရဲ့ စန်းက နှုတ်ခမ်းလေးမှာ တည်ရှိနေပါတယ်။ ဓနုရာသီဖွားလေးတွေအနေနဲ့ အလှဆုံးဖြစ်ချင်ရင်တော့ ချယ်ရီရောင် နှုတ်ခမ်းနီလေးဆိုးပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

၂ဝ၁၈ မှာ မကာရရာသီဖွားလေးတွေရဲ့ အလှက နှာခေါင်းနဲ့ ပါးလေးတွေမှာ တည်ရှိနေပါတယ်။ နှာတံလေးနဲ့ ပါးရိုးလေးတွေကို လှလှလေးပုံဖော်ပြီး အလှပြင်မယ်ဆိုရင် မကာရရာသီဖွားလေးတွေ သိပ်လှနေမှာပေါ့။

၁၁။ ကုမ်ရာသီဖွား (Aquarius)

၂ဝ၁၈ မှာ ကုမ်ရာသီဖွားလေးတွေရဲ့ စန်းက မျက်လုံးမှာ တည်ရှိနေပါတယ်။ မျက်ဝန်းကို အပြာဘက်သမ်းတဲ့ အရောင်လေးတွေခြယ်မယ်ဆိုရင် အလှဆုံးဖြစ်နေမှာပါ။

၁၂။ မိန်ရာသီဖွား (Pisces)

၂ဝ၁၈ မှာ မိန်ရာသီဖွားကောင်မလေးတွေရဲ့ အလှက မျက်တောင်ဖျားလေးတွေမှာ တည်ရှိနေပါတယ်။ မျက်တောင်လေးတွေကို ကော့ညွတ်အောင် လှလှပပလေးကော့ထားမယ်ဆိုရင် မိန်ရာသီဖွားလေးတွေ ပိုပြီးဆွဲဆောင်မှုရှိသွားပါပြီ။

သင်ရော ဘာရာသီဖွားလဲ။ comment မှာ ဖြေခဲ့ပါဦးနော်။