သွားတိုက်ဆေးတို့လိုက်တာနဲ့ ဝက်ခြံတွေ တကယ်ပျောက်ရောလား

blank

           အခုတလောမှာ တွေ့နေ၊  မြင်နေ၊ ကြားနေရပါတယ်။ သွားတိုက်ဆေးနဲ့ ဝက်ခြံပျောက်အောင် ကုနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ ဝက်ခြံဖုတွေအပေါ်ကို သွားတိုက်ဆေးတို့ထားလိုက်ရင် ဝက်ခြံက ခြောက်ပြီး ချပ်သွားတယ်တဲ့။ ပြီးတော့ သွားတိုက်ဆေးဆိုတာ အိမ်တိုင်းမှာ ရှိပြီး အလွယ်တကူရနိုင်တာကြောင့် လူတွေ တော်တော်များများ ဒီနည်းနဲ့ ဝက်ခြံပျောက်အောင် ကုနေကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဒါပေမဲ့ ဒီနည်းက တကယ်ရောဝက်ခြံပျောက်ရဲ့လား။

သိပ္ပံနည်းကျ ဆန်းစစ်ကြည့်ရအောင်။

သွားတိုက်ဆေးတွေက ဝက်ခြံပျောက်တယ်ဆိုတာ အခြေအမြစ်မရှိတဲ့ အယူအဆပါပဲ။ သွားတိုက်ဆေးမှာ ပါဝင်တဲ့ ဆော်ဒါ၊ peroxide နဲ့ အယ်လ်ကိုဟောဓာတ်တွေက ဝက်ခြံတွေကို ခြောက်သွားစေပါတယ်။ တချို့သွားတိုက်ဆေးတွေမှာ ထရစ်ကလိုဆန် (triclosan) ဆိုတဲ့ ပိုးသတ်ဆေးပါဝင်တာကြောင့် ဝက်ခြံတွေကို ပျောက်ကောင်းပျောက်စေပါလိမ့်မယ်။

ဒါပေမဲ့ သွားတိုက်ဆေးတွေဟာ အသားအရေအတွက် ရည်ရွယ်ပြီး ထုတ်ထားတာမဟုတ်ပါဘူး။ ဒါကြောင့် အသားအရေကို ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ အရေပြားဟာ သင့်သွားထက် ပိုမိုနူးညံ့ပါတယ်။ ပြီးတော့ ပိုပြီး ထိခိုက်လွယ်ပါတယ်။ သွားတိုက်ဆေးမှာပါဝင်တဲ့ ဖလိုရိုဒ် (floride) နဲ့ မင်သော် (menthol) တို့လို အခြားပါဝင်ပစ္စည်းတွေက အရေပြားကို ဓာတ်မတည့်မှုတွေ ဖြစ်စေပါတယ်။ အထူးသဖြင့် sensitive skin ပိုင်ရှင်တွေမှာပေါ့။ ဓာတ်မတည့်မှုတွေသာမက အခန့်မသင့်ရင် အရေပြားပြဿနာတွေကိုပါ ဖြစ်စေပါတယ်။

အချုပ်အားဖြင့် ပြောရရင် သွားတိုက်ဆေးမှာပါဝင်တဲ့ တချို့ပါဝင်ပစ္စည်းတွေက ဝက်ခြံတွေကို ခြောက်ပြီး ချပ်သွားစေပေမဲ့ တချို့ပစ္စည်းတွေက အသားအရေကို ဓာတ်မတည့်တာတွေ၊ ယားယံတာတွေဖြစ်စေပြီး ဝက်ခြံတွေကို ပိုပွားစေနိုင်ပါတယ်။ ဒီတော့ အကောင်းဆုံးက ဝက်ခြံပျောက်ဖို့ ရည်ရွယ်ပြီး ထုတ်ထားတဲ့ skin care တွေကိုသုံးပေးတာပါပဲ။

သူငယ်ချင်းတွေကို သတိပေးတဲ့အနေနဲ့ SHARE လိုက်ပါဦး။