မိတ်ကပ်ဓာတ်မတည့်မှုအတွက် အကောင်းဆုံးကာကွယ်နည်း ၇-ခု

ဂန္ထဝင်ချစ်တဲ့ပျိုမေတို့ရေ…

အလှအပနဲ့ဒွန်တွဲနေထိုင်ကြတဲ့ မိန်းမသားတွေဘဝမှာ မိတ်ကပ်ဓာတ်မတည့်မှုကြောင့် ကြုံရ တဲ့ အသားအရေပြဿနာတွေကိုလည်း ရှောင်လွှဲမရပါဘူး။ အမြဲလိမ်းလာခဲ့တဲ့ မိတ်ကပ်ကတောင် အ ခန့်မသင့်ရင် ဓာတ်မတည့်ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် အဲ့ဒီပြဿနာတွေကို ကြိုတင်ကာကွယ်ဖို့ အကြံပြုချက်ကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ မိတ်ကပ်မလိမ်းခင်မှာ မျက်နှာနဲ့လက်ကို သေချာဆေးကြောသန့်စင်ပါ။

၂။ တခြားသူသုံးစွဲလက်စအလှကုန်တွေကို ယူသုံးတာမျိုးရှောင်ကြဉ်ပါ။ မလွှဲမရှောင်သာ အသုံးပြုရ မယ်ဆိုရင် လက်ပေါ်အရင်စမ်းလိမ်းကြည့်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မျက်စိနာနေချိန်မှာ မျက်လုံးနဲ့ပတ်သက်တဲ့အလှကုန်တွေသုံးစွဲတာမျိုး ရှောင်ပါ။

၎။ အချိန်ကြာသွားတဲ့အလှကုန်တွေကို စွန့်ပစ်ပါ။ အလှကုန်အများစုမှာ ပိုးမွှားသေစေတဲ့ဓာတ်ပါဝင်မှု သက်တမ်းက တစ်နှစ်ပဲရှိတာမို့ အဖုံးဖွင့်ထားတာကြာတဲ့အလှကုန်တွေမှာ ပိုးမွှားတွေရှိနေနိုင်လို့ပါ။

၅။ အလှကုန်ပစ္စည်းတွေမဝယ်ယူခင် နမူနာတောင်းပြီး အသားအရေပေါ်တင်ကြည့်ပါ။ အလှကုန်ပေါ် ရေးထားတဲ့ အာမခံချက်တွေက အသားအရေအားလုံးအတွက် မဖြစ်နိုင်တာကြောင့် စိတ်မချရပါ။

၆။ မျက်လုံးအတွက် အလှကုန်ပစ္စည်းတွေကို အမြဲဂရုတစိုက်သုံးပါ။ အထူးသဖြင့် မက်စ်ကာရာကို မျက်တောင်အရင်းအထိမလိမ်းပါနဲ့။ အိုင်းလိုင်နာကိုလည်း မျက်ရစ်အတွင်းသားထဲအထိ မဆိုးပါနဲ့။ မျက်ကပ်မှန်တပ်ထားရင်တော့ အိုင်းရှဲဒိုးမလိမ်းတာအကောင်းဆုံးပါ။

၇။ “ သဘာဝ” ဆိုတဲ့စကားလုံးပါတိုင်း ဓာတ်မတည့်တာမဖြစ်နိုင်ဘူးလို့ မယူဆသင့်ပါ။ ဒါဟာ ပါဝင် ပစ္စည်းကိုသာ ဆိုလိုတာဖြစ်ပြီး ဓာတ်မတည့်တာမျိုးမဖြစ်စေဖို့ အာမခံချက်မဟုတ်တာကို သတိရပါ။

အလှအပရေးရာ သိမှတ်စရာလေးတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။