ဆောင်းရာသီအတွက် ရိုးရှင်းလွယ်ကူတဲ့ နှင်းပွင့်လက်သည်းဒီဇိုင်း လှလှလေး

blank

ဆောင်းရာသီနဲ့ နှင်းပွင့်လေးတွေကို ချစ်တဲ့ ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအတွက် ချစ်စရာနှင်းပွင့်ဒီဇိုင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ခက်ခက်ခဲခဲ မဟုတ်ပဲ လှပတဲ့ ဒီဇိုင်းလေး ဖြစ်တာကြောင့် အခုပဲ ပုံဖော်ကြည့်လိုက်ရအောင်နော်။

လိုအပ်သောပစ္စည်းများ

  • လက်သည်းဆိုးဆေး အပြာရောင်
  • လက်သည်းပန်းချီဆေးအဖြူရောင်
  • လက်သည်းဆွဲ စုတ်တံ
  • လက်သည်းဆိုးဆေး အကြည်

ဆိုးပုံဆိုးနည်း အဆင့်ဆင့်

၁။ အောက်ခံအရောင်အဖြစ် ပြာလွင်လွင်အရောင်လေးကို ဆိုးလိုက်ပါ။

၂။ လက်သည်းဘေးတစ်ဖက်ကနေ ဆေးအဖြူရောင်ဖြင့် ပုံမှာပြထားတဲ့အတိုင်း မျဉ်း ၃ ကြောင်းဆွဲပါ။

၃။ မျဉ်းလေးတွေရဲ့ ထိပ်မှာ ခက်ရင်းခွလေးတွေဆွဲလိုက်ပါ။

၎။ ခက်ရင်းခွလေးတွေရဲ့အောက်မှာ အတက်လေးတွေ တစ်ခုစီထည့်ပါ။

၅။ ပုံပါအတိုင်း မျဉ်းနှစ်ကြောင်းထပ်ဆွဲပါ။

၆။ တာရှည်ခံအောင် လက်သည်းဆိုးဆေး အကြည်ဆိုးပြီးပြီဆိုရင်တော့ လှပရိုးရှင်းတဲ့ နှင်းပွင့်ဒီဇိုင်းလေး ထွက်လာမှာပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးကို သူငယ်ချင်းတွေဆီ SHARE ပေးကြပါနော်။