အသားအရေအလှကို ဖျက်ဆီးနေတဲ့ အဓိကလက်သည်များ – အပိုင်း (၁)

blank
၁။ အသားအရေနဲ့ မကိုက်ညီတဲ့ မျက်နှာသစ်ဆေးသုံးခြင်း။

အဆီပြန်လွန်းတဲ့ အသားအရေမျိုးဖြစ်မှသာ scrub နဲ့ facial foam ပုံစံ သုံးသင့်ပါတယ်။ ခြောက်သွေ့လွန်းတဲ့ အသားအရေကတော့ moisturizer ပါတဲ့ မျက်နှာသစ်ဆေးကို သုံးသင့်ပါတယ်။ မျက်နှာသစ်ဆေးကို လွဲမှားအသုံးပြုမိရင်တော့ ရေရှည်မှာ အသားအရေကို ထိခိုက်စေပါတယ်။

၂။ ညအိပ်ရင် ဘေးစောင်းအိပ်ခြင်း (သို့) မှောက်အိပ်ခြင်း

ဘေးစောင်း (သို့) မှောက်အိပ်တဲ့အခါမှာ မျက်နှာအရေပြားပေါ် ဖိအားသက်ရောက်တာကြောင့် အရေးအကြောင်းတွေဖြစ်စေနိုင်ပါတယ်။

၃။ မျက်လုံးအောက်ကို sunscreen မလိမ်းခြင်း။

မျက်လုံးအောက်က အသားအရေက မျက်နှာတစ်ခုလုံးမှာ အပါးလွှာဆုံးဖြစ်ပါတယ်။ မျက်လုံးထဲ ဝင်မှာကြောက်လို့ မျက်လုံးအောက်တွေကို sunscreen မလိမ်းရင် အချိန်ကြာလာတာနဲ့ မျက်ကွင်းညိုတာတွေ၊ အရေးအကြောင်းတွေ၊ မျက်အိတ်တွဲတာတွေ ဖြစ်စေနိုင်ပါတယ်။

၎။ မကြာခဏ ချေးချွတ်လွန်းခြင်း။

အရေပြားမှာ ကပ်ငြိနေတဲ့ အဆီတွေ၊ ဖုန်မှုန့်တွေ၊ ချေးတွေကို ဖယ်ရှားဖို့ အသားအရေကို ပုံမှန်ချေးချွတ်ပေးဖို့လိုပါတယ်။ ဒါပေမဲ့ အလွန်အမင်းချေးချွတ်လွန်းရင်လည်း အရေပြားမှာ ရှိနေသင့်တဲ့ သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်စေနိုင်ပါတယ်။ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ လည်ပင်းတဝိုက်ကို skincare မသုံးခြင်း။

မျက်နှာကို skincare လုပ်ပြီး လည်ပင်းကို မလုပ်တာက အချိန်ကြာလာရင် လည်ပင်းနဲ့ မျက်နှာအသားအရေ တခြားစီဖြစ်သွားစေနိုင်ပြီး ကြည့်ရဆိုးစေပါတယ်။

၆။ SPF များများပါတဲ့ sunscreen ကို သီးသန့်မသုံးခြင်း။

မိတ်ကပ်တွေ တော်တော်များများမှာ SPF ပါဝင်နေပြီးသားဆိုပေမဲ့ မိတ်ကပ်က SPF ပမာဏကိုပဲ အားကိုးနေလို့မရပါဘူး။ ဒါ့ကြောင့် မိတ်ကပ်မလိမ်းခင် SPF ပါတဲ့ sunscreen ကို အရင်လိမ်းပေးပါ။

၇။ ရေနွေးနဲ့ မျက်နှာသစ်ခြင်း။

ပူလွန်းတဲ့ ရေနွေးနဲ့ မျက်နှာသစ်တာ၊ ရေချိုးတာတွေက အသားအရေကို အလွန်အမင်းခြောက်သွေ့စေနိုင်ပါတယ်။ ဒါ့ကြောင့် ရေကြက်သီးနွေးလေးနဲ့ပဲ မျက်နှာသစ်၊ ရေချိုးပါ။

၈။ ရက်လွန်နေတဲ့ sunscreen တွေကို အသုံးပြုခြင်း။

Sunscreen တွေရဲ့ သက်တမ်းက စထုတ်တဲ့ရက်ကနေ ၃နှစ်ဖြစ်ပါတယ်။ အဲဒီသက်တမ်းကျော်လွန်သွားရင် အကျိုးသက်ရောက်မှု လျော့နည်းသွားတတ်တာကြောင့် ရက်လွန်နေတဲ့ sunscreen တွေကို မသုံးသင့်ပါဘူး။

၉။ မိတ်ကပ်မဖျက်ဘဲ အိပ်ရာဝင်ခြင်း။

မိတ်ကပ်မဖျက်ဘဲ အိပ်ရာဝင်တဲ့ညတွေ များလေလေ၊ အသားအရေထိခိုက်ပျက်စီးလေလေပါပဲ။ ညဘက်မှာ အရေပြားက ဆဲလ်သစ်တွေ ပြန်လည်ဖြစ်ပေါ်ပါတယ်။ မဖျက်မိတဲ့ မိတ်ကပ်တွေကြောင့် ဆဲလ်သစ်ဖြစ်ပေါ်မှုကို အဟန့်အတားဖြစ်စေပြီး အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။

၁ဝ။ ကိုယ့်ရဲ့ အသားအရေအမျိုးအစားကို မသိခြင်း။

ကိုယ့်ရဲ့ အသားအရေအမျိုးအစားကို ကိုယ်တိုင်မသိဘဲ အဆင်ပြေမယ်ထင်တဲ့ skincare လေးတွေကို စမ်းတဝါးဝါး သုံးနေတာတွေက အသားအရေကို တကယ်ထိခိုက်စေပါတယ်။

၁၁။ မကြာခဏ မျက်နှာသစ်ခြင်း။

တစ်နေ့ကို နှစ်ကြိမ်လောက်ပဲ မျက်နှာသစ်ရင် လုံလောက်ပါပြီ။ မကြာခဏ မျက်နှာသစ်လွန်းရင် အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်ပြီး အသားအရေခြောက်သွေ့စေပါတယ်။

ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အပိုင်း (၂) လေးကိုလည်း ဆက်လက်စောင့်မျှော် ဖတ်ရှုကြပါဦးနော်။

ပျိုမေတိုင်း သိထားသင့်တဲ့ အလှအပရေးရာ သိမှတ်စရာ စာစောင်လေးဖြစ်တာကြောင့် SHARE လိုက်ပါ။