သန့်ရှင်းလှပတဲ့ဆံသားတွေဖြစ်ဖို့ ခေါင်းဘယ်လိုလျှော်ကြမလဲ။

blank
၁။ ရေနွေးကိုအသုံးပြုပါ။

ရေရဲ့အနွေးဓာတ်က ဦးရေပြားတလျှောက်က အဆီတွေကို ပျော်စေတာကြောင့် ဆံသား အပေါ်ယံလွှာပွင့်လာပြီး အဆီတွေကို စုပ်ယူသွားပါတယ်။

၂။ ဆံပင်ပျော့ဆေးကို အသုံးပြုပါ။

ဆံပင်ပျော့ဆေးက ဆံသားကျန်းမာရေးကို ထိန်းသိမ်းပေးသလို ဦးရေပြားကိုလည်း ရေဓာတ် ဖြည့်တင်းပေးပါတယ်။ ဆံပင်အဖျားတွေ ခြောက်သွေ့ပြီး နှစ်ခွဖြစ်တာတွေသက်သာစေသလို ဆံသား ကိုလည်း ပိုမိုနူးညံ့တောက်ပစေပါတယ်။

၃။ ခေါင်းလျှော်ရည်နဲ့လျှော်ပါ။

ဦးရေပြားနဲ့ဆံပင်အရင်းကို သေချာလျှော်ပေးပါ။ ဆံသားတွေရေရှည်ကျန်းမာစေဖို့ ခေါင်းလျှော်ရည်ကို လိုအပ်တာထက်ပိုပြီး ပမာဏများများ အသုံးမပြုသင့်ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ညင်ညင်သာသာကိုင်တွယ်ပါ။

ဆံပင်ကို ကြမ်းတမ်းစွာပွတ်တိုက်ခြင်းက ဆံသားတွေရဲ့အပေါ်ယံလွှာကို ပျက်စီးကျိုးပဲ့ပြီး ကောက်ကွေ့ စေပါတယ်။

၅။ ခေါင်းလျှော်ရည် ကိုတစ်ကြိမ်ပဲအသုံးပြုပါ။

ရေဆေးချပြီးမှ ခေါင်းလျှော်ရည်နဲ့နောက်တစ်ကြိမ်ပြန်လျှော်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

၆။ ပေါင်းတင်ဆေးသုံးပါ။

ခေါင်းလျှော်ထားတဲ့ဆံပင်တွေကို ရေကုန်စင်အောင် ညှစ်ချပြီး ပေါင်းဆေးထည့်ပါ။ ပေါင်း ဆေးကို ဦးရေပြားနားမထိဘဲ ဆံသားအလယ်နဲ့အဖျားကိုသာ များများအသုံးပြုပေးပါ။ ပြီးရင် ကလစ် တွေနဲ့ညှပ်တင်ထားလိုက်ပါ။ ကြာကြာထားနိုင်ရင် ပိုကောင်းပါတယ်။

၇။ ရေအေးအေးနဲ့လျှော်ချလိုက်ပါ။

        ပေါင်းဆေးတွေကုန်စင်တဲ့အထိ ရေအေးအေးလေးနဲ့ သေချာလျှော်ချလိုက်ပါ။

အထက်ပါနည်းလမ်းလေးတွေအပြင် တစ်ပတ်မှာ ခေါင်းဘယ်နှကြိမ်လျှော်သင့်လဲဆိုတာလေး ကိုလည်း မျှဝေချင်ပါသေးတယ်။ သင့်ဆံပင်က အဆီပြန်တတ်တယ်ဆိုရင်တော့ ရှန်ပူကိုနေ့တိုင်း အ သုံးပြုပေးလို့ ရပါတယ်။ ခြောက်သွေ့တဲ့ဆံပင်ဆိုရင်တော့ တစ်ပတ်မှာ သုံးကြိမ်လောက်ပဲ ရှန်ပူနဲ့ထိ တွေ့တာကောင်းပါတယ်။

အလှအပနဲ့ကျန်းမာရေးဆိုင်ရာစာစောင်လေးက သင့်အတွက် အသုံးတည့်တယ်ဆိုရင် LIKE & SHARE လေးလုပ်သွားပါဦးနော်။