၁။ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားများကို ပြန်လည်ကုစားဖို့
လိုအပ်တဲ့ပစ္စည်းများ
- ဒိန်ချဉ် ထမင်းစားဇွန်းတစ်ဇွန်း
- မရိုးနိစ် ထမင်းစားဇွန်းတစ်ဇွန်း
- ကြက်ဥတစ်လုံး (အနှစ်ဖယ်ထုတ်ပြီး အကာယူထားပါ)
ပြုလုပ်နည်း
- ပါဝင်ပစ္စည်းတွေကို ရောပြီး အနှစ်ဖြစ်အောင်မွှေပါ။
- အဲဒီအနှစ်ကို ဆံသားတွေပေါ် နှံ့အောင်လိမ်းပြီး ခေါင်းဘီးကျဲနဲ့ ဖြီးပါ။
- မိနစ် (၃ဝ) ခန့်ကြာရင် ရေနဲ့ ပြန်လျှော်လိုက်ပါ။
၂။ ဆံသားအစိုဓာတ်ထိန်းပြီး နူးညံ့တောက်ပစေဖို့
လိုအပ်တဲ့ပစ္စည်းများ
(၁) မရိုးနိစ် တစ်ခွက်
(၂) သံလွင်ဆီ ခွက်တစ်ဝက်
(၃) ကြက်ဥ ၃လုံး (အကာကို ဖယ်ထုတ်ပြီး အနှစ်ပဲယူထားပါ)
ပြုလုပ်နည်း
- ပါဝင်ပစ္စည်းတွေကို ရောပြီး အနှစ်ဖြစ်အောင်မွှေပါ။
- အဲဒီအနှစ်ကို ဆံသားအနှံ့ (အထူးသဖြင့် ဆံပင်အဖျားတွေ) လိမ်းပြီး ဆံပင်ကို တဘက်နဲ့ မိနစ် (၂ဝ)ခန့် ပေါင်းထားပါ။
- ပြီးရင် ရေနဲ့ လျှော်ချလိုက်ပါ။
နေရောင်ကြောင့် ပျက်စီးသွားတဲ့ ဆံသားတွေကို ပြန်လည်ကုစားနိုင်စေဖို့
နည်းလမ်း (၁) – ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်အနှစ်နဲ့ သံပရိုရည်အနည်းငယ်ကို ရောပြီး ဆံသားအနှံ့လိမ်းပါ။ (၁၅) မိနစ်ခန့်ကြာရင် ခေါင်းလျှော်လိုက်ပါ။
နည်းလမ်း(၂) – ငှက်ပျောသီး
ငှက်ပျောသီးမှည့်ကို ကျိတ်ချေပြီး ပျားရည်တစ်ဇွန်းနဲ့ ရောပါ။ ဆံသားတွေပေါ်မှာ လိမ်းပြီး (၁၅) မိနစ်ခန့်ကြာရင် ရေဆေးလိုက်ပါ။ နေရောင်ကြောင့် ဆံသားပျက်စီးတာတွေကို သက်သာစေနိုင်ပါတယ်။
နည်းလမ်း(၃) – ကြက်ဥ
ခေါင်းမလျှော်ခင် ဆံသားတွေကို ကြက်ဥနဲ့လိမ်းပြီး ပေါင်းတင်ပါ။ အဆီပြန်တဲ့ဆံသားအတွက် ကြက်ဥအကာကို သုံးပါ။ ခြောက်သွေ့တဲ့ ဆံပင်သားအတွက် ကြက်ဥအနှစ်ကို သုံးပါ။ သာမန်ဆံပင်သားအတွက်ဆိုရင်တော့ အကာရော၊ အနှစ်ပါ သုံးနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
နည်းလမ်း(၄) – ပျားရည်နဲ့ သံလွင်ဆီ
ပျားရည် ထမင်းစားဇွန်း ၃ ဇွန်းကို သံလွင်ဆီတစ်ဇွန်းနဲ့ ရောပြီး ခေါင်းမလျှော်ခင်မှာ ဆံသားတွေကို ပေါင်းတင်ပါ။ (၁၅) မိနစ်ခန့်ကြာရင် ခေါင်းလျှော်လိုက်ပါ။
နည်းလမ်း(၅) – စတော်ဘယ်ရီ
စတော်ဘယ်ရီ (၁ဝ)လုံးကို ချေပြီး မရိုးနိစ်နဲ့ အနှစ်ဖြစ်အောင် ရောမွှေပါ။ အဲဒီအနှစ်ကို ဆံသားတွေပေါ်မှာ လိမ်းထားပြီး မိနစ် (၂ဝ)ခန့်ကြာရင် ခေါင်းလျှော်လိုက်ပါ။ စတော်ဘယ်ရီစေ့တွေက ဆံသားတွေပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး စတော်ဘယ်ရီမှာပါဝင်တဲ့ အက်ဆစ်နဲ့ ဗီတာမင်ဓာတ်တွေက ဆံသားကို ပြန်လည်ကောင်းမွန်လာစေပါတယ်။
နည်းလမ်း(၆) – ဘီယာ
Shampoo နဲ့ခေါင်းလျှော်ပြီး ရေလျှော်တဲ့အခါ ဘီယာထည့်လျှော်တာက ဆံသားတွေကို တောက်ပြောင်စေပြီး ပျော့ပျောင်းစေပါတယ်။
နည်းလမ်း(၇) – ဒိန်ချဉ်
ခေါင်းမလျှော်ခင် ဒိန်ချဉ်ကို ဦးရေပြားအတွင်းပိုင်းထိ စိမ့်ဝင်အောင်လိမ်းပါ။ (၁၅) မိနစ်ခန့်ကြာမှ ခေါင်းလျှော်လိုက်ပါ။ ပျက်စီးနေတဲ့ ဆံသားတွေ ပိုမိုကောင်းမွန်လာမှာပါ။
နည်းလမ်း (၈) – ရှာလကာရည်
ခေါင်းလျှော်တဲ့အချိန်နောက်ဆုံး ရေလျှော်ချိန်မှာ ရှာလကာရည်အနည်းငယ်ထည့်ပြီး လျှော်တာက ဆံသားကို တောက်ပြောင်စေနိုင်ပါတယ်။
သိထားသင့်တဲ့အချက်များ
၁။ ငှက်ပျောသီးနဲ့ သံလွင်ဆီက ဆံသားကို အာဟာရ ဖြည့်ပေးတယ်။
၂။ ကြက်ဥက ဆံသားတွေအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ဖြည့်ပေးတယ်။
၃။ ပျားရည်က ဆံသားတွေကို အစိုဓာတ်ထိန်းပေးတယ်။
၎။ မရိုးနိစ်က ဆံသားကို ပျော့ပျောင်းအောင် သဘာဝအတိုင်း ပေါင်းတင်ပေးတယ်။
၅။ ဘီယာနဲ့ ရှာလကာရည်က ဆံသားတွေကို တောက်ပြောင်စေတယ်။
၆။ စတော်ဘယ်ရီနဲ့ ရှားစောင်းလက်ပပ်က ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားတွေကို ပြုပြင်ပေးတယ်။
နေရောင်ခြည်ကြောင့် ဆံသားပျက်စီးတာက ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ဖို့ခက်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဆံသားတွေကို ပြန်လည်ပြုပြင်ဖို့အတွက်လည်း တစ်ရက်၊ နှစ်ရက်နဲ့ ရလဒ်ကောင်း ထွက်မလာနိုင်ပါဘူး။ အထက်ပါနည်းလမ်းတွေကို အချိန်ယူပြီး တစ်ပတ်တစ်ခါလောက် ပုံမှန်လုပ်ပေးမှ ရလဒ်ကောင်းတွေ ထွက်လာနိုင်မှာ ဖြစ်ပါတယ်။
သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။