အသားအရေနဲ့ ဆံကေသာကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ ဆန်ဆေးရေ

blank

ရနဲ့ ဆံကေသာလှပဖို့အတွက် ဆန်ဆေးရေကို သုံးခဲ့ကြပါတယ်။ ဆန်ဆေးရေဟာ တကယ်ကို ဈေးနည်းပြီး skin toner အနေနဲ့ပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ရည်အနေနဲ့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်တွေကတည်းက အာရှသူလေးတွေဟာ အသားအေ

ဆန်မှာ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်များစွာပါဝင်တဲ့အပြင် “pitera” ဆိုတဲ့ ဓာတ်တစ်မျိုးလည်း ပါဝင်ပါတယ်။ Pitera ဓာတ်က အသားအရေကို သဘာဝအတိုင်း နုပျိုတောက်ပစေပြီး အသားအရေကို ကြည်လင်စေပါတယ်။ Pitera ကို ဈေးကြီးတဲ့ skincare ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။

ဆန်ဆေးရေ ယူဖို့က လွယ်ပါတယ်။ ထမင်းချက်ခါနီးတိုင်း ဆန်ဆေးတဲ့အခါ ဆန်ဆေးရေကို သွန်မပစ်ဘဲ ဖန်ပုလင်းလေးထဲ ထည့်ထားပါ။ ဆန်ဆေးရေယူတဲ့အခါ ပထမဆုံးဆေးတဲ့ရေက ဖုန်မှုန့်နဲ့ အညစ်အကြေးလေးတွေ ပါနေနိုင်တာကြောင့် ဒုတိယဆေးတဲ့ရေကိုယူတာက အကောင်းဆုံးပါပဲ။ ပြီးရင် ဆန်ဆေးရေထည့်ထားတဲ့ ဖန်ပုလင်းလေးကို အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ ၄-၅ ရက်ခန့်ထားပါ။ ၅ရက်ပြည့်ရင် ဆန်ဆေးရေကို စပြီး သုံးနိုင်ပါပြီ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဆန်ဆေးရေနဲ့ မျက်နှာ သန့်စင်မယ်ဆိုရင် ဂွမ်းစလေးကို ဆန်ဆေးရည်ဆွတ်ပြီး မျက်နှာကို သုတ်လိမ်းပါ။ ဒီနည်းလေးက ချွေးပေါက်တွေကို ကျဉ်းစေပြီး အသားလေးဝင်းနေစေပါတယ်။ ပြီးရင် ဒီဆန်ဆေးရေကိုပဲ ဆံပင်ပေါင်းဆေးအဖြစ် သုံးနိုင်ပါသေးတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ဆန်ဆေးရေနဲ့ တစ်ခါလျှော်ပြီးမှ ရေနဲ့ လျှော်ပါ။ ဒါဆိုရင် ဆံသားလေးတွေကောင်းမွန်ပြီး ပျော့ပျောင်းနေမှာဖြစ်ပါတယ်။

ဆန်ဆေးရေသောက်ခြင်းကလည်း ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေနိုင်ပါတယ်။ ကာဘိုဟိုက်ဒရိတ်ပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ဖြည့်တင်းပေးပြီး ခန္ဓာကိုယ်ကို တက်ကြွလန်းဆန်းစေပါတယ်။ အမိုင်နိုဆက်ဆစ်ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဆန်အမျိုးအစားတွေ များစွာရှိသလို တစ်မျိုးနဲ့တစ်မျိုးလည်း ပါဝင်နေတဲ့ အာဟာရဓာတ်တွေ မတူညီကြပါဘူး။ ဒါကြောင့် ကိုယ်နဲ့ အသုံးတည့်မယ့်၊ ကိုယ့်နားမှာ အလွယ်တကူရှိတဲ့ ဆန်ကို သုံးနိုင်ပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။