အမြဲအရွယ်တင်နုပျိုစေဖို့ အိပ်ရာဝင်ခါနီးတိုင်း မျက်နှာသစ်ကြပါစို့။

blank

ဂန္ထဝင်ရဲ့ မိန်းမသားတို့ရေ… မျက်နှာလေးသစ်အိပ်ရုံနဲ့ အမြဲအရွယ်တင်နုပျိုနေမယ်ဆိုတာ ဖြစ် နိုင်ပါ့မလားလို့ တွေးကောင်းတွေးနေပါလိမ့်မယ်။ ဒါပေမဲ့ အိပ်ရာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်နဲ့ အညစ်အကြေးတွေကို ပြောင်စင်အောင်ဖျက်အိပ်ခြင်းက ဘယ်လိုဆိုးကျိုးတွေကနေ ကာကွယ်ပေးနိုင် လဲဆိုတဲ့အချက်လေးတွေကိုဖတ်ပြီးရင်တော့ နားလည်သွားမှာပါနော်။

၁။ ဝက်ခြံထွက်ခြင်းမှ ကာကွယ်ပေးခြင်း။ 

ဝက်ခြံဆိုတာ ဆယ်ကျော်သက်အရွယ်ရဲ့ပြဿနာတစ်ခုလို့ အများကထင်ကြပါတယ်။ တ ကယ်တော့ မျက်နှာအသားအရေကို အမြဲသန့်ရှင်းအောင်မထားရင်၊ ချွေးပေါက်ပိတ်နေရင် ဘယ်အ ရွယ်မဆို ဝက်ခြံထွက်နိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံထွက်ခြင်းက ကာကွယ်နိုင်အောင် အိပ်ရာဝင်ခါနီး တိုင်း မျက်နှာကိုသေချာဆေးကြောပေးသင့်ပါတယ်။ အကယ်၍ သင့်မျက်နှာက ဝက်ခြံထွက်တဲ့အသား အရေဆိုရင် အဆီမပါတဲ့မိတ်ကပ်ဖျက်ဆေးကိုအသုံးပြုပြီး မျက်နှာကိုသန့်စင်ပေးနိုင်ပါတယ်။

၂။ အိုမင်းမှုကို နှောင့်နှေးစေခြင်း။

မျက်နှာအသားအရေကို သန့်ရှင်းအောင်မထားရင် မြန်မြန်ဆန်ဆန်အရေပြားတွန့်ပြီး အရွယ် ကျစေပါတယ်။ မျက်နှာသစ်ပေးခြင်းက မျက်နှာအသားအရေပေါ်က အရေးအကြောင်းတွေကို ကာ ကွယ်ပေးနိုင်ပါတယ်။

၃။ မျက်နှာကို အာဟာရဖြစ်စေခြင်း။      

          အရေပြားဆဲလ်တွေဟာ ညဘက်မှာ အသစ်ပြန်မွေးဖွားတာမြန်ဆန်ပါတယ်။ ဒါကြောင့် အိပ် စက်တဲ့အခါ မိတ်ကပ်တွေကို သေချာဖျက်သင့်ပါတယ်။

၎။ ဓာတ်မတည့်မှုတွေကို တိုက်ဖျက်ပေးခြင်း။

မျက်နှာမသစ်ဘဲ မိတ်ကပ်တွေနဲ့ အိပ်စက်ခြင်းက နှင်းခူနာနဲ့ တခြားသောကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲ့ဒီလက္ခဏာတွေဆိုတာ ချက်ချင်းပေါ်လာတာမဟုတ်ဘဲ ဖြည်းဖြည်းချင်းနဲ့ အနီစက်တွေ၊ ယားနာတွေနဲ့ အပူနာတွေဖြစ်လာတာမျိုးဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ တင်းတိပ်ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း။

တင်းတိပ်ဖြစ်တာဟာ မျက်နှာကို သန့်ရှင်းအောင်မထားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုး ဆက်ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာသစ်အိပ်တာက တင်းတိပ်ဖြစ်ခြင်းက ကာကွယ်ပေးနိုင်ပါတယ်။

၆။ နှုတ်ခမ်းအစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း။

နှုတ်ခမ်းနီတွေမဖျက်ဘဲအိပ်စက်ခြင်းက နှုတ်ခမ်းရဲ့ရေဓာတ်ကို ခန်းခြောက်စေပါတယ်။ ဒါ ကြောင့် မျက်နှာသစ်အိပ်ခြင်းက နှုတ်ခမ်းရဲ့ရေဓာတ်ကိုလည်း အမြဲထိန်းသိမ်းပေးရာရောက်ပါတယ်။

၇။ မျက်အိတ်တွဲတာကို ကာကွယ်ခြင်း။

မိတ်ကပ်မဖျက်ဘဲ အိပ်ရာဝင်တာများရင် မျက်ကွင်းတဝိုက်မှာ ညိုလာပါတယ်။ ကျီးခြေရာ လို့ခေါ်တဲ့ မျက်အိတ်တွေလည်းတွဲလာပါတယ်။ ပြီးတော့ မျက်လုံးတဝိုက်ဧရိယာဖြစ်တဲ့အတွက် မျက်လုံးကြည့်ရတာလည်း ကြည်လင်လန်းဆန်းမှုလျော့နည်းလာပါတယ်။ ဒါကြောင့် မိတ်ကပ်သေချာ ဖျက်ပြီးမှ အိပ်ရာဝင်သင့်ပါတယ်။

၈။ မျက်တောင်မွှေးကျွတ်ခြင်းမှ ကာကွယ်ပေးခြင်း။

မျက်တောင်ကော့ဆေးတွေက နေ့ချင်းညချင်းသင့်မျက်တောင်တွေကို ကျွတ်စေပါတယ်။ မျက် ရစ်တွေကိုလည်း နာကျင်ရောင်ရမ်းစေပါတယ်။ ရေစိုခံမပါတဲ့မျက်တောင်ကော့ဆေးတွေက ဆေးကြော ရတာ လွယ်ကူပါတယ်။ ဖျက်တဲ့အခါ နူးညံ့တဲ့ဝါဂွမ်းကိုသုံးပြီး စက်ဝိုင်းပုံမဖျက်ဘဲ အထက်မှအောက် သို့ ဖျက်ပေးသင့်ပါတယ်။ ဒါကြောင့် မျက်နှာသစ်အိပ်တာက မျက်တောင်မွှေးကျွတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ကဲ.. မိန်းမသားတို့ရေ… မျက်နှာလေးသစ်ရုံနဲ့ ရရှိနိုင်တဲ့ဆိုးကျိုးကာကွယ်မှုတွေကတော့ အံ့မ ခန်းပါပဲနော်။ ဒါကြောင့် တစ်သက်လုံးနုပျိုလှပဖို့ ၂ မိနစ်လောက်လေး အချိန်ပေးဖို့ကို တွန့်ဆုတ်မနေ ဘဲ ညတိုင်းမိတ်ကပ်တွေကို သေချာဖျက်ပြီးမှ အိပ်ရာဝင်ကြဖို့ ချစ်ခင်စွာတိုက်တွန်းလိုက်ပါတယ်နော်။

သင့်အတွက် အသုံးတည့်တယ်ဆိုရင် တခြားသူတွေအတွက်လည်း SHARE လိုက်ပါဦးနော်။