ဒီလုပ်ရပ်တွေက ဆံကေသာအလှအပကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်

blank

ပျော့ပျောင်းလှပတဲ့ဆံကေသာလေးတွေကို ပိုင်ဆိုင်လိုခြင်းဟာ ပျိုမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ဆိုရင် မမှားပါဘူးရှင်။ ဒါပေမဲ့ ဆံကေသာလေးလှအောင် ပြင်ရင်းဆင်ရင်း ဆံကေသာတွေ ပျက်စီးသွားရတဲ့ဒုက္ခတွေဆိုတာကလည်း ပျိုမေတိုင်းလိုလို ကြုံဖူးကြမှာပါ။

ဆံသားတွေကို ပျက်စီးစေတဲ့အဓိကအကြောင်းရင်းကတော့-

၁။ ဓာတုဗေဒဆေးတွေပါတဲ့ hair care products တွေကို အလွန်အမင်းသုံးစွဲခြင်း

၂။ ဆံပင်အရောင် မကြာခဏပြောင်းလွန်းခြင်းနဲ့ ဆံပင်အရောင်ချွတ်ခြင်း

၃။ ကလိုရင်းခတ်ထားတဲ့ ရေကူးကန်ရေနဲ့ ထိတွေ့မှုများလွန်းခြင်း ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဆံသားနဲ့ နေရောင်ခြည်ထိတွေ့မှုများခြင်း

၅။ Dryer၊ ဖြောင့်စက်၊ ကောက်စက်တွေနဲ့ ဆံပင်ကို မကြာခဏ အပူပေးပြီး ပုံသွင်းခြင်း။

၆။ အရည်အသွေးနိမ့်တဲ့ ဆံပင်ကောက်ဆေးတွေနဲ့ ဆံပင်ကောက်ခြင်း။

၇။ မကြာခဏခေါင်းဖြီးလွန်းခြင်း

၈။ နေ့တိုင်းနီးပါး ခေါင်းလျှော်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။

ကဲ… ဂန္ထဝင်ပျိုမေတို့ရေ။ ဆံကေသာလေးတွေကို ပျက်စီးစေတဲ့အကြောင်းရင်းလေးတွေကို သိပြီးသွားကြပြီဆိုတော့ ဆံကေသာကို မပျက်စီးဘဲ လှပနေအောင်လို့ ရှောင်သင့်တာတွေကို ရှောင်ပြီး သေသေချာချာ ထိန်းသိမ်းဂရုစိုက်လိုက်ရအောင်လားရှင်။

သူငယ်ချင်းတွေလည်း သိစေဖို့ SHARE ပေးလိုက်ပါဦးနော်။