ဒိန်ချဉ်ကို အသုံးပြုပြီး သန်စွမ်းလှပဆုံးဆံနွယ်လေးတွေကို ပိုင်ဆိုင်လိုက်ကြရအောင်

blank
ဂန္ထဝင်ပျိုမေတို့ရေ..

ဆံနွယ်လေးတွေသန်စွမ်းလှပမှုအတွက် ဒိန်ချဉ်က ပေးစွမ်းနိုင်တယ်ဆိုတာလေး သိကြပါသ လား။ ဒိန်ချဉ်မှာ ဆံသားကျန်းမာရေးအတွက် မရှိမဖြစ် ဖက်တီး(Fatty)အက်ဆစ်နဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အသုံးပြုခြင်းအားဖြင့်…

  • ဗောက်လုံးဝကင်းစင်စေခြင်း
  • ဆံသားအစိုဓာတ်ကို ရှည်ကြာအောင်ထိန်းသိမ်းပေးပြီး ဆံနွယ်ကို ရှင်းလင်းစေခြင်း
  • ချွေးပေါက်ပိတ်တာကို လျှော့ချပေးပြီး ဆံပင်ကျွတ်ခြင်းကို ထိန်းချုပ်ပေးခြင်း
  • ဦးရေပြားရဲ့ pH levels ကို ထိန်းညှိပေးခြင်း

စတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။ ဒိန်ချဉ်နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ နည်းလမ်းလေးတွေ ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒိန်ချဉ်နဲ့ကြက်ဥ

ကြက်ဥ – ၁ လုံး

ဒိန်ချဉ် – စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

  • ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥအနှစ်နဲ့အကာကို လုံးဝရောနှောသွားတဲ့အထိမွှေပါ။
  • ဒိန်ချဉ် ၂ ဇွန်းကို ထည့်မွှေပါ။
  • ရောနှောပြီးရင် ဆံပင်အရင်းမှ အဖျားအထိ သေချာလိမ်းပါ။
  • ဆံပင်တွေကို အဝတ်နဲ့မိနစ် ၂ဝ မှ ၃ဝ အထိ ပေါင်းထားပေးပါ။
  • သုံးနေကျရှန်ပူကို သုံးပြီး ရေအေးအေးနဲ့ခေါင်းလျှော်ချလိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကြက်ဥမှာ ပရိုတင်းဓာတ်တွေပါဝင်တဲ့အတွက် ဆံသားနဲ့ ဦးရေပြားကို အားဖြည့်ပေးပါတယ်။ ဒီ နည်းလမ်းကို မကြာခဏအသုံးပြုပေးမယ်ဆိုရင် ဆံသားတွေ လျင်မြန်စွာ ကျန်းမာသန်စွမ်းလှပ လာပါလိမ့်မယ်။

၂။ ဒိန်ချဉ်နဲ့ သံလွင်ဆီ

သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း

ဒိန်ချဉ် –  ၁ ခွက်

သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ – ၂ ခွက်

ပြုလုပ်နည်း

  • သံလွင်ဆီနဲ့ ဒိန်ချဉ်ကို ပန်းကန်လုံးထဲထည့်ပြီး မွှေပါ။
  • ရေကရားတစ်ခုထဲမှာ ရေနဲ့ သံပယိုရည်ကို ရောထည့်ပါ။
  • သုံးနေကျရှန်ပူကိုသုံးပြီး ခေါင်းလျှော်ပါ။ ပြီးရင် ရေစင်အောင် ညှစ်လိုက်ပါ။
  • ဒိန်ချဉ်နဲ့သံလွင်ဆီရောနှောထားတဲ့ပေါင်းဆေးကို ဆံပင်တွေမှာ လိမ်းပြီး မိနစ် ၂ဝ ထားပါ။
  • ရေအေး၊ ဒါမှမဟုတ် ရေကြက်သီးနွေးလေးနဲ့ ခေါင်းလျှော်ချပါ။
  • သံပယိုရည်နဲ့ ထပ်ဆေးချပါ။

ဒီပေါင်းတင်ဆေးက ဆံသားတွေကို ပျော့ပျောင်းစေပြီး ရှင်းလင်းရလွယ်ကူစေပါတယ်။ သံပယို ရည်က ဦးရေပြားရဲ့ pH levels ကို ထိန်းညှိပေးပြီး ဆံသားတွေကို တောက်ပစေပါတယ်။

၃။ ဒိန်ချဉ်နဲ့ ပျားရည်

ဒိန်ချဉ် – စားပွဲတင်ဇွန်း တစ်ဝက်

ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်း

Apple Cider Vinegar – စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

  • ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်လုံးထဲရောထည့်ပြီး အနှစ်ရတဲ့အထိ မွှေပါ။
  • ဆံသားအရင်းမှ အဖျားအထိ အနှစ်တွေကို သုတ်လိမ်းပြီး တစ်ခေါင်းလုံးထူထူလိမ်းပါ။
  • မိနစ် ၃ဝ ခန့်ထားပါ။
  • ရှန်ပူအပျော့စားနဲ့ ခေါင်းလျှော်ချလိုက်ပါ။

ဒီပေါင်းတင်ဆေးက ဦးရေပြားရဲ့အဆီထုတ်လွှတ်မှုကို ထိန်းချုပ်ပေးပြီး ချွေးပေါက်တွေ ပိတ် တာမျိုးမဖြစ်အောင် ရှောင်ကြဉ်ပေးပါတယ်။ သင့်ဆံသားက ခြောက်သွေ့တယ်ဆိုရင်တော့ ပေါင်း ဆေးထဲမှာ ငှက်ပျောသီးမှည့်တစ်လုံးပါ ထည့်လိုက်ပါ။ ဒါမှမဟုတ် အဆီများတဲ့ဆံသားဆိုရင် စတော် ဘယ်ရီသီးတွေကို ထည့်လိုက်ပါ။

သင့်အတွက် အသုံးတည့်တာလေးတွေ ပါဝင်နေတယ်ဆိုရင် တခြားသူတွေအတွက်ပါ SHARE လိုက်ပါဦးနော်။