ဝက်ခြံအတွက် အကောင်းဆုံးဆောင်ရန်၊ ရှောင်ရန်များ

blank
၁။ ရေခဲတုံးကို အသုံးပြုပြီး ရောင်ရမ်းမှုကို လျှော့ချပါ။

ရောင်ရမ်းနေတဲ့ဝက်ခြံပေါ်မှာ တစ်မိနစ်ခန့်ကြာအောင် ရေခဲတုံးနဲ့ နူးညံ့စွာထိတွေ့ပေးပါ။ ချက် ချင်းမသက်သာရင်တောင် ဘေးထွက်ဆိုးကျိုးမရှိတဲ့နည်းလမ်းဖြစ်ပါတယ်။ ရေခဲကို အကြာကြီးအသုံး ပြုမယ်ဆိုရင်တော့ အသားအရေကို ကျိန်းစပ်စေပါတယ်။

ဝက်ခြံကို လက်နဲ့မညှစ်ပါနဲ့။ ဝက်ခြံကို ညှစ်တာက ရောင်ရမ်းမှုကို ပိုကြာရှည်စေပြီး အနာကိုပို ဆိုးအောင် ဆွတာနဲ့အတူတူပါပဲ။

၂။ ဆာလဖာပါတဲ့ခရင်မ်ကို အသုံးပြုပါ။

ဝက်ခြံပျောက်ဆေးဝယ်တဲ့အခါ benzoyl peroxide ဒါမှမဟုတ် ဆာလဖာပါတဲ့ဆေးက ဝက်ခြံ တွေအတွက် အကောင်းဆုံးပါပဲ။ ချက်ချင်းမပျောက်ရင်တောင် စိတ်ရှည်ရှည်နဲ့လိမ်းရင် သက်သာပါ တယ်။ မဝယ်ယူခင်မှာ အညွှန်းတွေကို သေချာဖတ်သင့်ပါတယ်။

သွားတိုက်ဆေးကို အသုံးမပြုပါနဲ့။ သွားတိုက်ဆေးက ဝက်ခြံတွေကို ချပ်ရပ်သွားအောင် ကူညီ နိုင်ပေမဲ့ သွားတိုက်ဆေးထဲမှာပါဝင်တဲ့ fluorideနဲ့ သွားဖြူစေတဲ့ပစ္စည်းတွေက အရေပြားနဲ့ထိတဲ့အခါ ဓာတ်မတည့်မှုတွေဖြစ်ပေါ်ပြီး အနာကို ပိုဆိုးစေပါတယ်။ အကိုက်အခဲပျောက်ဆေးမှုန့်ကိုလည်း ဝက် ခြံပေါ်မလိမ်းပါနဲ့။ အက်စ်ပရင်ဟာ salicylic အက်ဆစ်ပါဝင်ပြီး ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူရရှိ နိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။ salicylic ပါဝင်တဲ့ထုတ်ကုန်တွေဟာ အသားအရေအတွက် အထူးပြုထုတ် လုပ်ထားတာဆိုပေမဲ့ အက်စ်ပရင်ကို လိမ်းရင်တော့ အသားအရေကို ကျိန်းစပ်နာကျင်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ Tea Tree Oil ကို အသုံးပြုပါ။

လက်ဖက်ပင်ဆီက ဘက်တီးရီးယားပိုးတွေကို သေစေပါတယ်။ ဝက်ခြံအပါအဝင် အရေပြား ဆိုင်ရာအနာတရသေးသေးလေးတွေကို ကုသဖို့ Tea Tree Oil ကို အသုံးပြုနိုင်ပါတယ်။

အမြန်သက်သာစေဖို့ ဖြတ်လမ်းနည်းတွေကို အသုံးမပြုပါနဲ့။ ဝက်ခြံအမြန်ပျောက်ဆေးတွေ၊ တ ခြားသောကုသနည်းတွေဟာ ဝက်ခြံကို ပိုဆိုးစေပါတယ်။ ချက်ချင်းရလဒ်ဆိုး မထွက်ရင်တောင် အ သားအရေကို ထိခိုက်နာကျင်စေပါတယ်။

၎။ ကွန်ဆီလာ(Concealer)ကို အသုံးပြုပါ။

အရေးကြီးတဲ့ပွဲတက်စရာမတိုင်ခင် ဝက်ခြံပေါက်လာတဲ့အခါ ဝက်ခြံတွေ ဖုံးကွယ်လောက် အောင် အရည်အသွေးကောင်းတဲ့ ကွန်ဆီလာအမျိုးအစားကို အသုံးပြုပါ။

ဝက်ခြံကို Accessorie တွေနဲ့ ဖုံးကွယ်ထားတာမျိုးမပြုလုပ်ပါနဲ့။ ဥမာ ဝက်ခြံက နဖူးပေါ်မှာ ရှိ နေတယ်ဆိုရင် လျှာထိုးဦးထုပ်၊ ဒါမှမဟုတ် ခေါင်းစည်းကျပ်ကျပ်တွေအောက်မှာ ဖုံးကွယ်ထားဖို့ မကြိုး စားပါနဲ့။ ဒါဟာ ခဏတာအတွက် အဆင်ပြေသယောင်ရှိပေမဲ့ အပူနဲ့ အရာဝတ္ထုတွေရဲ့ ပွတ်တိုက်မှုက ဝက်ခြံတွေကို ပိုပြီးကြာရှည်ဆိုးဝါးသွားစေပါတယ်။

ဂန္ထဝင်စာချစ်သူများအားလုံးလည်း ဝက်ခြံပြဿနာမှ ကင်းဝေးကြပါစေ။ လိုအပ်သူများ အ သုံးပြုနိုင်စေဖို့ ဒီစာစောင်လေးကို SHARE ပေးလိုက်ပါဦးနော်။