အလှကြိုက်တဲ့ ပျိုမေတိုင်းသိထားသင့်တဲ့ ရွှေရောင်နည်းလမ်းလေးများ

blank
၁။ မျက်ခုံးမွေးတွေကို ပိုမိုသေသပ်စေဖို့

မျက်ခုံးမွေးကို ဘယ်လိုပဲလှအောင် ပုံဖော်ပါစေ၊ မျက်ခုံးမွေးတွေက ထိုးထောင်ပြီး မသေသပ်ရင် ကြည့်ရဆိုးပါတယ်။ မျက်ခုံးကို သေသပ်စေဖို့ eyebrow gel မဝယ်ရသေးဘူးဆိုရင် mascara brush အဟောင်းမှာ hair spray အနည်းငယ်စွတ်ပြီး မျက်ခုံးမွေးလေးတွေကို လှလှပပလေးဖြီးသပ်လိုက်ပါ။

၂။ လက်သည်းလေးတွေကို ဖြူဖွေးလှပစေဖို့

လက်သည်းဆိုးဆေးအရောင်စွန်းတွေကြောင့် ဝါနေတဲ့လက်သည်းလေးတွေကို ပြန်လည်ဖြူစင်စေချင်တယ်ဆိုရင် သံပရိုရည်ဆွတ်ထားတဲ့ ဂွမ်းလုံးလေးတွေနဲ့ လက်သည်းလေးတွေကို ပွတ်တိုက်ပေးပါ။ ပြီးရင် အကင်ကင်ရာမှာသုံးတဲ့ ခဲပြားနဲ့ လက်သည်းလေးတွေကို ဖုံးအုပ်ထားပြီး ၁၅ မိနစ်ခန့်ကြာရင် ဖယ်လိုက်ပါ။

၃။ အလှကုန်ပစ္စည်းတွေ ရက်လွန်မလွန်သိနိုင်ဖို့

အချို့အလှကုန်တွေက ဖွင့်ပြီးတဲ့အချိန်ကနေ ဘယ်ကာလအတွင်းအသုံးပြုရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေပါပါတယ်။ အဲဒီလို အလှကုန်တွေကို ရက်လွန်နေမှန်းမသိတာမျိုးမဖြစ်ရအောင် စဝယ်တဲ့နေ့ကတည်းက ကုန်ဆုံးရက်ကို ဘူးပေါ်မှာ ဆော့ပင်န်နဲ့ ရေးထားလိုက်ပါ။ ဒါဆိုရင် ဝယ်တဲ့နေ့ကိုမေ့တာ၊ ရက်လွန်နေတာကိုမသိဘဲ သုံးမိတာတွေမဖြစ်တော့ဘူးပေါ့။

၎။ ခြောက်သွေ့သွားတဲ့ မျက်တောင်ကော့ဆေး (mascara)ကို ပြန်လည် အသုံးပြုနိုင်ဖို့

Mascara တစ်ဘူးကို ခြောက်သွေ့သွားတာနဲ့ မသုံးတော့ဘဲ လွှင့်ပစ်လိုက်စရာမလိုပါဘူး။ ခြောက်နေတဲ့ မျက်တောင်ကော့ဆေးတွေကို နဂိုအတိုင်းပြန်ဖြစ်အောင် မျက်စဉ်း (သို့) မျက်ကပ်မှန်ဆေးရည် အနည်းငယ်ကို mascara ဘူးထဲထည့်ပြီး  ခပ်ကြာကြာလေးလှုပ်မွှေလိုက်ပါ။ ဒါဆိုရင် အသစ်အတိုင်းဖြစ်သွားပါပြီ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ လက်သည်းဘေးတဝိုက်ကို လက်သည်းနီတွေ မပေကျံစေဖို့

လက်သည်းနီမဆိုးခင်မှာ လက်သည်းတဝိုက်ကို lip balm (သို့) Vaseline လိမ်းပေးပါ။ ဒီလိုလမ်းပေးခြင်းက လက်သည်းဆိုးပြီးတဲ့အခါ လက်သည်းတဝိုက်မှာ ပေကျံနေတဲ့ လက်သည်းနီတွေကို နားကျပ်တံလေးနဲ့ အလွယ်တကူဖယ်ရှားစေနိုင်ပါတယ်။

၆။ ခရီးသွားတဲ့အခါ မိတ်ကပ်တွေ မပျက်စီးစေဖို့

ပေါင်ဒါဘူးတွေ၊ ပါးနီဘူးတွေ၊ eye shadow ဘူးတွေဆိုတာ နည်းနည်းလေးလှုပ်မိခိုက်မိတာနဲ့ ကြေလွယ်ကျိုးလွယ်တဲ့အမျိုးပါ။ ခရီးသွားတဲ့အချိန်တို ပိုတောင်ဆိုးသေးတယ်။ ဒီတော့ ကျိုးကြေတာတွေမဖြစ်အောင် ပေါင်ဒါဘူး၊ ပါးနီဘူးတွေ၊ eye shadow ဘူးတွေထဲမှာ ဂွမ်းစလေးတွေထည့်ထားပြီးမှ သယ်သွားလိုက်ပါ။

၇။ ခြောက်သွားတဲ့ eyeliner pen ကို ပြန်လည်အသုံးပြုနိုင်ဖို့

Eyeliner pen ခြောက်သွားခဲ့ရင် လွှင့်မပစ်ပါနဲ့။ Eyeliner pen ထိပ်ပိုင်းလေးကို ဆွဲထုတ်လိုက်ပါ။ ပြီးရင် တစ်ဖက်ကိုလှည့်ပြီး ပြန်ထည့်လိုက်ပါ။ ငယ်ငယ်က ဆော့ပင်န်လေးတွေ ခြောက်သွားပြီး ရေးလို့မကောင်းတော့ရင် ထိပ်ဖူးလေးကိုဆွဲထုတ်ပြီး တစ်ဖက်လှည့်၊ ပြန်ထည့်ပြီး သုံးသလိုပေါ့။ အဲဒီလို အပြန်ပြန်အလှန်လှန် ပြောင်းသုံးရင် eyeliner pen တစ်ခုဆို အကြာကြီး အသုံးခံပါတယ်။

၈။ အမွေးအမျှင်တွေ ရိတ်သင်ဖယ်ရှားရာမှာ အသားအရေကို မထိခိုက်စေဖို့

အမွေးအမျှင်ရိတ်ရာမှာ shaving foam ထက် ကလေးလေးတွေကို လိမ်းပေးတဲ့ baby oil လေးကို သုံးပြီး ရိတ်သင်တာက အသားအရေခြောက်သွေ့တာတွေကို ကာကွယ်ပေးပါတယ်။ ပြီးတော့ ရိတ်သင်ရလွယ်ကူစေပြီး အရေပြားကို အစိုဓာတ်ထိန်းပေးပါတယ်။

၉။ ခြေထောက်လေးတွေ နူးညံ့လှပစေဖို့

        ရေနွေးနွေးလေး ၂ခွက်၊ ရှာလကာရည် ၁ခွက်၊ ပလုတ်ကျင်းဆေးရည် ၁ခွက်တို့ကို ဇလုံထဲမှာ ရောမွှေလိုက်ပါ။ ဇလုံထဲမှာ ခြေထောက်လေးစိမ်ပြီး ချေးတွန်းခဲလေးနဲ့ ညင်သာစွာပွတ်တိုက်ပြီး ခြေထောက်ဆေးလိုက်ပါ။ ဒါဆိုရင် ကလေးလေးတွေရဲ့ အသားအရည်လို နူးညံ့တဲ့ခြေထောက်လှလှလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

၁ဝ။ ဆိုးထားတဲ့ နှုတ်ခမ်းနီကို ညီညာစေဖို့

နှုတ်ခမ်းနီဆိုးပြီးပြီးချင်း သင့်လက်ညှိုးကို နှုတ်ခမ်းတွေနဲ့ စုပ်လိုက်ပါ။ ဒီလိုလုပ်ခြင်းက နှုတ်ခမ်းနီတွေ ပိုနေတာ၊ မညီညာတာတွေမဖြစ်စေဘဲ လှပတဲ့နှုတ်ခမ်းလေးတွေကို ပိုင်ဆိုင်စေမှာပါ။

၁၁။ Gloss နှုတ်ခမ်းနီကို Matte နှုတ်ခမ်းနီဖြစ်စေဖို့

ကိုယ်ဆိုးချင်တဲ့ နှုတ်ခမ်းနီအရောင်က matte type မဟုတ်ဘဲ gloss type ဖြစ်နေတယ်ဆိုရင် matte type ဖြစ်စေဖို့ လွယ်လွယ်လေးပါ။ Gloss နှုတ်ခမ်းနီနဲ့ အရောင်တူတဲ့ ပါးနီဖြစ်ဖြစ်၊ blusher ဖြစ်ဖြစ် လက်ညှိးလေးနဲ့ယူပြီး gloss ဆိုးထားတဲ့ နှုတ်ခမ်းပေါ်ကို ညီညီညာညာလေး ပွတ်လိမ်းပေးလိုက်ပါ။

သင့်အတွက် အသုံးဝင်တယ်ဆိုရင် သင့် wall ပေါ်ကို SHARE လိုက်ပါဦးနော်။