အလှအပအတွက်သာမက ဘက်စုံအသုံးဝင်တဲ့ စွယ်စုံရလက်သည်းနီဘူးလေးများ

blank

၁။ ကားမှန်တွေမှာ အက်ရာလေးတွေထင်လာတယ်ဆိုရင် လက်သည်းနီအကြည်လေးကို ဆိုးထားလိုက်ပါ။ ဒီလိုဆိုးထားခြင်းက အက်ကြောင်းလိုက်ပြီး ပိုဆိုးသွားတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၂။ အင်္ကျီကြယ်သီးပြုတ်သွားတယ်ဆိုရင် ကြယ်သီးပြုတ်တဲ့နေရာမှာ လက်သည်းနီလေးသုံးပြီး အင်္ကျီကို ခေတ္တအရေးပေါ်ကပ်ကွယ်ထားနိုင်ပါတယ်။

၃။ ဖိနပ်အရောင်ကျွတ်တယ်၊ ကွာနေတယ်ဆိုရင် ဖိနပ်နဲ့အရောင်တူ လက်သည်းနီသုံးပြီး အရောင်ပြန်ညှိနိုင်ပါတယ်။

၎။ ပုံစံတူပစ္စည်းတွေကို အမျိုးအစားခွဲခြားသတ်မှတ်ချင်ရင် (ဒါမှမဟုတ်) ကိုယ်ပိုင်ပစ္စည်းလေးတွေကို အမှတ်အသားပြုထားချင်ရင် လက်သည်းနီနဲ့ တို့ပြီး မှတ်သားနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ချစ်သူအတွက် အမှတ်တရပေးစာရေးတဲ့အခါမှာလည်း စာရွက်လေးကို ပိုမိုလှပသွားအောင် လက်သည်းနီရောင်စုံလေးတွေနဲ့ အလှဆင်နိုင်ပါတယ်။

၆။ Stocking ဘောင်းဘီတွေမှာ အနည်းငယ်ပေါက်ပြဲသွားတယ်ဆိုရင် ထပ်စုတ်ပြဲပြီး အပေါက်ကျယ်မသွားအောင် အပြဲနှစ်ဖက်ကို လက်သည်းနီအရောင်တူနဲ့တို့ပြီး ဆွဲကပ်ထားနိုင်ပါတယ်။

၇။ လက်ဝတ်ရတနာတွေကြောင့် အရေပြားမှာဖြစ်တတ်တဲ့ အရာတွေ၊ အမည်းကွက်တွေ၊ ဓာတ်မတည့်မှုတွေကို လက်ဝတ်ရတနာတွေရဲ့ နောက်ကျောဘက်မှာ လက်သည်းနီအကြည်လေး သုတ်ပြီး ကာကွယ်နိုင်ပါတယ်။

၈။ မူလီတွေ၊ နတ်ခေါင်းတွေ ချောင်နေတယ်ဆိုရင် ပြန်ကြပ်သွားစေဖို့ နတ်တိုင်ရဲ့ အစွန်းဘက်ကို လက်သည်းနီအကြည်သုတ်ပြီး ပြန်တပ်နိုင်ပါတယ်။

၉။ သစ်သားတံခါးတွေမှာ ခြမစားစေဖို့ ခြအိမ်ပေါက်လေးဖြစ်လာပြီဆိုတာနဲ့ လက်သည်းနီလေးတို့ပြီး ပိတ်ထားနိုင်ပါတယ်။

၁ဝ။ ခါးပတ်ခေါင်းကို သံချေးမတက်အောင် လက်သည်းနီအကြည်လေးနဲ့ သုတ်ထားနိုင်ပါတယ်။

၁၁။ စာအိတ်ပိတ်ရာမှာ သုံးဖို့ ကော်အလွယ်တကူမရှိရင်လည်း လက်သည်းနီအကြည်လေးကိုသုံးပြီး ပိတ်နိုင်ပါတယ်။

ကဲ… လက်သည်းနီဘူးလေးတွေရဲ့ အသုံးဝင်ပုံလေးတွေကို သိပြီဆိုတော့ နောက်တစ်ခါ အရေးကြုံလာရင် ဘာလုပ်ရမလဲဆိုတာ သိပြီမဟုတ်လား။ လက်သည်းနီဘူးလေးတွေ ဆောင်ထားလိုက်ရုံပေါ့။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။