အလှပဆုံးပြုံးနိုင်ဖို့ သွားတွေကိုဖြူဝင်းလှပစေမယ့် သဘာဝသွားတိုက်ဆေးနည်းလေးများ

blank
၁။ နနွင်းမှုန့်သွားတိုက်ဆေး

နနွင်းမှုန့် လက်ဖက်ရaည်ဇွန်း (၁) ဇွန်း၊ အုန်းဆီ လက်ဖက်ရည်ဇွန်း (၁)ဇွန်းကို ၃စက်လောက်နဲ့ ရောပြီး သွားတိုက်ဆေးအဖြစ်သုံးပါ။ သဘာဝနနွင်းသွားတိုက်ဆေးက သွားအပေါ်ယံလွှာတွေကို ကာကွယ်ပေးပြီး သွားတွေကို ဖြူစင်စေတဲ့အပြင် ခံတွင်းအနံ့ သင်းပျံ့စေပါတယ်။

၂။ စတော်ဘယ်ရီသွားတိုက်ဆေး

လတ်ဆတ်တဲ့စတော်ဘယ်ရီသီးခပ်ကြီးကြီးတစ်လုံးကို ဇွန်းနဲ့ ဖိချေပြီး သဘာဝပင်လယ်ဆားနဲ့ ရောမွှေပါ။ အဲဒီစတော်ဘယ်ရီအနှစ်ကို သွားတိုက်တံမှာထည့်ပြီး မိနစ်အနည်းငယ်သွားတိုက်ပါ။ ပြီးရင် ရေသန့်နဲ့ ပလုတ်ကျင်းလိုက်ပါ။ ဒီနည်းကို နှစ်ပတ်မှာ တစ်ကြိမ်ပဲလုပ်ပေးသင့်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အုန်းဆီသွားတိုက်ဆေး

သွားမတိုက်ခင် သွားတွေကို အုန်းဆီသန့်သန့်လေးနဲ့ အရင်သုတ်လိမ်းလိုက်ပါ။ မိနစ် ၂ဝခန့် ပွတ်လိမ်းထားပြီးမှ သွားတိုက်ဆေးနဲ့ သွားတိုက်လိုက်ပါ။ ဒီနည်းကို တစ်ပတ်မှာ အများဆုံး ၃ကြိမ်ထိပဲ လုပ်သင့်ပါတယ်။

၎။ မီးသွေးသွားတိုက်ဆေး

ကျိတ်ချေထားတဲ့မီးသွေးအမှုန့်ကို ရေသန့်နဲ့ရောပြီး အနှစ်ဖြစ်လာအောင် မွှေပါ။ ပြီးရင် အဲဒီအနှစ်ကို သွားတွေမှာ စနစ်တကျပွတ်တိုက်ပါ။ ၂မိနစ်ခန့်ကြာရင် ပလုတ်ကျင်းပြီး သွားတိုက်လိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

၅။ ငှက်ပျောသီးအခွံသွားတိုက်ဆေး

သွားတွေကို ငှက်ပျောသီးအခွံအတွင်းဘက်နဲ့ ပွတ်တိုက်ပါ။ ၅မိနစ်ခန့်ကြာရင် သွားတိုက်လိုက်ပါ။ ဒီနည်းလေးအတိုင်း နေ့စဉ်ပုံမှန်လုပ်ပေးခြင်းက သွားတွေကို ဖြူစင်ဝင်းပစေပါတယ်။

၆။ သံပရိုရည်သွားတိုက်ဆေး

သံပရိုရည် ၃ဆကို ဆား ၁ဆနဲ့ ရောပါ။ သွားတိုက်ပြီးတိုင်း အဲဒီသံပရိုရည်နဲ့ ပလုတ်ကျင်းပါ။ ဒီနည်းအတိုင်းတစ်ပတ်ကို ၃ခါ လုပ်ပေးပါ။ သံပရိုရည်က သွားအရောင်စွန်းတာတွေကို ဖယ်ရှားပေးနိုင်ပြီး ခံတွင်းနံ့သင်းပျံ့စေပါတယ်။

၇။ ပင်စိမ်းရွက်သွားတိုက်ဆေး

ပင်စိမ်းရွက် လက်တစ်ဆုပ်ခန့်ကို အနှစ်ဖြစ်အောင် ကျိတ်ချေပါ။ ပင်စိမ်းရွက်အနှစ်ကို သွားတိုက်ဆေးအဖြစ်သုံးပြီး ၅မိနစ်ကြာတဲ့အထိ သွားတိုက်ပါ။ ပင်စိမ်းရွက်က ခံတွင်းအနံ့သင်းပျံ့စေပြီး သွားကို လှပဖြူဝင်းစေပါတယ်။

၈။ ရှားစောင်းလက်ပပ်သွားတိုက်ဆေး

ရှားစောင်းလက်ပပ်အနှစ်ကို သွားတိုက်ဆေးအဖြစ်သုံးပြီး သွားတိုက်ပါ။ ပြီးရင် ပလုတ်ကျင်းလိုက်ပါ။ ဒီနည်းနဲ့ နေ့တိုင်းသွားတိုက်ပြီး ၂ပတ်ကြာတဲ့အခါမှာ သွားလေးတွေဖြူဝင်းတောက်ပလာတာကို သတိပြုမိလာပါလိမ့်မယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။