ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ပိုင်ဆိုင်ထားသင့်တဲ့အရာများ

blank
၁။ မြန်မာဝတ်စုံလှလှလေးတွေ

မြန်မာမိန်းကလေးတစ်ယောက်အတွက် မရှိမဖြစ်ကတော့ မြန်မာဝတ်စုံလှလှလေးတွေ ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေဆိုတာ ယဉ်ကျေးသိမ်မွေ့မှုကို ထင်ဟပ်စေပြီး ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်အောင် ချုပ်လုပ်ထားတာကြောင့် ပိုမိုဆွဲဆောင်မှုရှိစေပါတယ်။

၂။ အနက်ရောင် ဂါဝန်တို

လှပတဲ့ အနက်ရောင် ကိုယ်ကျပ်ဂါဝန်တိုလေးတွေက ပွဲတက်အတွက်ရော၊ ထသွားထလာဝတ်ဆင်ဖို့အတွက်ပါ လိုက်ဖက်ပါတယ်။ ဘယ်တော့မှ ရိုးမသွားဘဲ ဆွဲဆောင်မှု အပြည့်ပေးနိုင်မယ့် ဝတ်စုံဖြစ်တာကြောင့် မိန်းကလေးတိုင်းမှာ ရှိကို ရှိနေသင့်ပါတယ်။

၃။ ဒေါက်မြင့်ဖိနပ်တွေ

ထသွားထလာအတွက် သက်တောင့်သက်သာရှိတဲ့ ဖိနပ်အပါးလေးတွေစီးတာ ကောင်းပေမဲ့ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေတက်ရောက်တဲ့အခါမှာတော့ ဒေါက်မြင့်ဖိနပ်လှလှလေးတွေ စီးသင့်ပါတယ်။ ဒေါက်မြင့်ဖိနပ်လေးတွေကြောင့် ကိုယ်နေဟန်ထားကို ပိုမိုလှပစေပြီး ဆွဲဆောင်မှုပိုရှိစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အနီရောင်ဝတ်စုံ

မိန်းမသားတွေကို ပိုမိုဆွဲဆောင်မှုရှိစေတဲ့ အရောင်တွေထဲမှာ အနီရောင်က ထိပ်ဆုံးကပါဝင်နေပါတယ်။ အထူးသဖြင့် အနီရောင်ဝတ်စုံလေးတွေနဲ့ အနီရောင် နှုတ်ခမ်းသားလေးတွေပေါ့။

၅။ ရင်ပြတ်ဝတ်စုံလေးတွေ

ပုခုံးအလှကို ပေါ်လွင်စေတဲ့ ရင်ပြတ်ဂါဝန်၊ ရင်ပြတ်အင်္ကျီခါးတိုလေးတွေက မိန်းကလေးတွေရဲ့ အလှကို ပိုမိုပေါ်လွင်စေပြီး ဆွဲဆောင်မှုရှိစေနိုင်ပါတယ်။

၆။ သားရေဂျာကင်

ဘယ်တော့မှရိုးမသွားမယ့် ဖက်ရှင်ကိုပြပါဆိုရင် ဂျင်းဘောင်းဘီနဲ့ သားရေဂျာကင်ကို လှလှပပတွဲဖက်ဝတ်ဆင်ထားတဲ့ ဖက်ရှင်ကို ညွှန်ရမှာပါပဲ။ ဒါကြောင့် သားရေဂျာကင် လှလှလေးတစ်ထည် ရှာဝယ်ထားဖို့ အကြံပေးလိုက်ပါတယ်နော်။

၇။ ဇာနဲ့ ချုပ်ထားတဲ့ဝတ်စုံတွေ

မြန်မာဝတ်စုံပဲဖြစ်ဖြစ်၊ ဂါဝန်ပဲဖြစ်ဖြစ် ဇာနဲ့ ချုပ်လုပ်ထားတယ်ဆိုရင် ဝတ်လိုက်တာနဲ့ သင့်ကို အလှကျက်သရေတိုးစေပါတယ်။ လှပတဲ့ အဆင်ဒီဇိုင်းအမျိုးမျိုးနဲ့ ဇာအင်္ကျီလေးတွေက မိန်းမပီပီသသနဲ့ လှပတဲ့အသွင်ကို ထင်ဟပ်စေပါတယ်။

၈။ အားကစားဝတ်စုံ

မိန်းကလေးတွေရဲ့ ဆွဲဆောင်မှုအရှိဆုံးအချိန်က အားကစားလုပ်နေတဲံအချိန်ဆိုတာကို သင်ယုံပါသလား။ ယုံကြည်တယ်ဆိုရင် ပိုမိုဆွဲဆောင်မှုရှိစေဖို့ အားကစားဝတ်စုံလှလှလေးတွေ ဆောင်ထားလိုက်ပါ။

ဂန္ထဝင်ပျိုမေတို့ရေ…။ ဆွဲဆောင်မှုရှိဖို့ဆိုတာ အပေါ်ယံအပြင်အဆင်တွေနဲ့ပဲ မလုံလောက်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ဟန်ပန်၊ လှပတဲ့ အပြုံးချိုချိုလေးတွေ၊ ဖြူစင်နူးညံ့တဲ့ စိတ်သဘောထားလေးတွေကလည်း မိန်းကလေးတွေကို ပိုမိုဆွဲဆောင်မှုရှိစေတဲ့ အလှအပတွေဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့အရာလေးတွေကို လိုသလိုအသုံးချပြီး ပိုမိုဆွဲဆောင်မှုရှိဖို့ ကြိုးစားလိုက်ပါလို့ ဂန္ထဝင်မဂ္ဂဇင်းမှ အကြံပြုတင်ဆက်ပေးလိုက်ပါတယ်ရှင်။

မှတ်သားစရာလေးတွေရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။