ဝက်ခြံတွေကို တစ်သက်စာအတွက် အမြစ်ဖြတ်ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)သွယ်

blank

       “ပြစ်မျိုးမှဲ့မထင်”တဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ချင်ကြတာဟာ ကျွန်မတို့မိန်းကလေးတိုင်းရဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုပါ။ ဒါပေမဲ့ မျက်နှာအလှကို ပျက်ပြားစေတဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်ရသလို တစ်ခါပျောက်သွားပေမယ့် ပြန်ပြန်ထွက်လာတဲ့ ဝက်ခြံတွေကြောင့်လည်း စိတ်ညစ်ရပြန်ပါတယ်။ အဲဒါကြောင့် အလှအပမြတ်နိုးသူ ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအတွက် ဝက်ခြံတွေကို အမြစ်ဖြတ် ပျောက်ကင်းသွားစေနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အခြေခံအသားအရေထိန်းသိမ်းနည်းလေးတွေ လုပ်ပါ။

ဝက်ခြံဆိုတာအသားအရေကို ကောင်းကောင်းဂရုမစိုက်သူတွေမှာ အဖြစ်များတတ်ပါတယ်။ အရေပြားပေါ်က ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေက ချွေးပေါက်တွေကို ပိတ်ဆို့တာကြောင့် ဝက်ခြံဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံပျောက်စေတဲ့မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်တာ၊ မျက်နှာကို ချေးချွတ်ပေါင်းတင်တာ၊ မျက်နှာအသားအရေကို အစိုဓာတ်ထိန်းတာမျိုးတွေ နေ့စဉ်ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။      ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ အသုံးအဆောင်တွေကို သန့်ရှင်းစွာထားပါ။

ဝက်ခြံထွက်ရတဲ့အဓိကအကြောင်းရင်းတစ်ရပ်ကတော့ ဆဲလ်ဖုန်းတွေပါပဲ။ ၉၂%သော ဆဲလ်ဖုန်းတွေဟာ ဘက်တီးရီးယားတွေကို သယ်ဆောင်ထားပြီး နားနားကပ်ပြီး ဖုန်းပြောရာမှတဆင့် ဝက်ခြံတွေကို ဖြစ်ပွားစေပါတယ်။ ဆဲဖုန်းတွေသာမက ညစ်ပေနေတဲ့ ခေါင်းအုံးတွေ၊ အချိန်အကြာကြီး မဆေးကြောဘဲအသုံးပြုနေတဲ့ မိတ်ကပ်ဘရက်ရှ်တွေမှာလည်း ဘက်တီးရီးယားတွေ များစွာပေါက်ဖွားပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒ့ါကြောင့် မျက်နှာနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ အသုံးအဆောင်တွေကို သန့်ရှင်းစွာ ထားသင့်ပါတယ်။

၃။ Skin care ပစ္စည်းတွေကို သေချာရွေးချယ်ပြီးမှ ဝယ်ယူပါ။

Skin care ပစ္စည်းတွေကို ဝယ်ယူတဲ့အခါ တွေ့တဲ့ပစ္စည်းကို တော်သလိုကောက်ဝယ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဥပမာ- နေလောင်ခံခရင်မ် (sunscreen) ဝယ်မယ်ဆိုရင် အညွှန်းကို သေချာဖတ်ပြီး နေရောင်ဒဏ်ကာကွယ်တာကော ဝက်ခြံပျောက်တာကော နှစ်မျိုးလုံးပါတဲ့ အမျိုးအစားကို ရွေးပါ။ အဆီပြန်တတ်တဲ့သူဆိုရင် oil-free ပါတဲ့ပစ္စည်းကို ရွေးပါ။

၎။ အလွန်အကျွံ သန့်ရှင်းရေးမလုပ်မိအောင် သတိထားပါ။

ဘယ်လောက်ကောင်းတဲ့ skin care သုံးသုံး၊ မျက်နှာသစ်လွန်းခြင်း၊ မျက်နှာချေးချွတ်လွန်းခြင်းဟာ ဝက်ခြံတွေကို မပျောက်ကင်းစေတဲ့အပြင် ပိုလို့တောင် ဆိုးဝါးစေနိုင်ပါတယ်။ အသားအရေကို မကြာခဏသန့်စင်ခြင်းက အရေပြားရဲ့သဘာဝအဆီတွေကို ဖယ်ရှားရာရောက်ပြီး ချွေးပေါက်တွေကြားမှာ ဘက်တီးရီးယားတွေ ဝင်ရောက်ခိုအောင်းနိုင်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်စေပါတယ်။ ဒါ့ကြောင့် တစ်ပတ်မှာ အများဆုံး ၂ကြိမ်လောက်ပဲ ချေးချွတ်ပါ။ အရေပြားခြောက်သွေ့ရင်လည်း သဘာဝအုန်းဆီလေး လိမ်းပေးပြီး အစိုဓာတ်ထိန်းပါလို့ အကြံပေးလိုက်ပါတယ်။

၅။ အစားအသောက်ဆင်ခြင်ပါ။

အမဲဆီ၊ ဝက်ဆီစတဲ့ တိရစ္ဆာန်ဆီတွေကို စားသုံးခြင်းက ဝက်ခြံများပြားစွာ ထွက်စေပါတယ်။ အဆီများတဲ့အစားအစာတွေ၊ အပူအစပ်တွေ၊ အငန်တွေ၊ အပူများပြီး ဝမ်းချုပ်စေတဲ့အစာတွေ စားသုံးခြင်းက ဝက်ခြံထွက်ခြင်းကို အားပေးရာရောက်ပါတယ်။ ဒါကြောင့် ဝက်ခြံထွက်ခြင်းကို ကာကွယ်ဖို့ အဲဒီအစားအစာတွေကို ရှောင်နိုင်သလောက်ရှောင်ပြီး antioxidants များစွာပါဝင်တဲ့အစားအစာတွေ၊ ငါးတွေ၊ အသီးအရွက်တွေကို စားသုံးသင့်ပါတယ်။

ဝက်ခြံပျောက်ကင်းစေတဲ့ နည်းလမ်းလေးတွေကို သူငယ်ချင်းတွေအတွက် SHARE ဖို့ မမေ့နဲ့နော်။