လှပသန်စွမ်းတဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်စေဖို့ အထိရောက်ဆုံး နည်းလမ်းလေးတစ်ခု

blank

ခေါင်းလျှော်တဲ့အချိန်မှာ ဆံကေသာကို ထိန်းသိမ်းတာက အထိရောက်ဆုံးဖြစ်တယ်ဆိုတာကို ဂန္ထဝင်ပျိုမေတွေ သိပြီးကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကိုတော့ ပျိုမေတို့ သိပ်မသိကြသေးဘူးထင်ပါတယ်။ ဒီတော့ ခေါင်းလျှော်ရင်းနဲ့ ဆံကေသာကို နူးညံ့လှပအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းလေးတစ်ခုကို ဂန္ထဝင်ပျိုမေတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ခေါင်းလျှော်တဲ့အချိန် ဆံကေသာကို လှပပျော့ပျောင်းအောင် ထိန်းသိမ်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ခေါင်းလျှော်ရည်နှစ်မျိုးသုံးပြီး ခေါင်းလျှော်ခြင်းပါပဲ။

ဆံကေသာ အများစုဟာ ဆံသားအရင်းကနေ အဖျားထိ ဆံသားအမျိုးအစား မတူညီကြပါဘူး။ အထူးသဖြင့် ဆံပင်ရှည်တဲ့သူတွေမှာပေါ့။ အချို့သူတွေမှာ ဆံပင်အရင်းက ဆံသားက အဆီများပြီး ဖြောင့်စင်းနေတတ်ပေမဲ့ ဆံပင်အဖျားပိုင်းကတော့ ကြမ်းတမ်းပြီး ခြောက်သွေ့နေတတ်ပါတယ်။ ဒီလို ဆံသားပိုင်ဆိုင်ထားသူတွေမှာ ဘယ်လိုခေါင်းလျှော်ရည်အမျိုးအစားကို သုံးရမလဲဆိုတာ စဉ်းစားမရဖြစ်နေတတ်ပါတယ်။

ဆံသားကို အရင်းကနေအဖျားထိ လှပစေဖို့ ဆံပင်အရင်းပိုင်းကို ဆံသားထူထဲစေတဲ့ volumizing shampoo သုံးပြီး လျှော်သင့်ပါတယ်။ ဆံသားအဖျားပိုင်းတွေကိုတော့ ဆံကေသာကို ပြန်လည်ကောင်းမွန်စေတဲ့ repair shampoo (သို့) ဆံကေသာကို ပျော့ပျောင်းစေတဲ့ smooth shampoo ကို သုံးပြီး ခေါင်းလျှော်သင့်ပါတယ်။ ဒီလို ဆံသားမတူညီတဲ့ နေရာတွေအတွက် မတူညီတဲ့ခေါင်းလျှော်ရည်အမျိုးအစားသုံးစွဲတာက ဆံသားကို ပိုမိုသန်စွမ်းပြီး လှပစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ခေါင်းလျှော်ပြီး ပုံသွင်းထားတဲ့ လှပတဲ့ဆံပင်ပုံစံလေးကိုလည်း တာရှည်ပိုင်ဆိုင်နိုင်စေမှာပါ။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။