ပျိုမေအများစု လက်ကိုင်ထားနေဆဲဖြစ်တဲ့ မိတ်ကပ်လိမ်းခြယ်မှုဆိုင်ရာ အယူအဆအလွဲများ

၁။ အနီရဲရဲ နှုတ်ခမ်းနီက လူတိုင်းနဲ့ မလိုက်ဖက်ဘူးဆိုတာ မှားပါတယ်။

အနီရဲရဲ နှုတ်ခမ်းနီက ဘယ်သူနဲ့မဆို၊ ဘယ်အသက်အရွယ်နဲ့မဆို လိုက်ဖက်ပါတယ်။

၂။ Mascara တွေကို ခြောက်သွားမှ လွှင့်ပစ်ရတယ်ဆိုတာ မှားပါတယ်။

မျက်စိကျန်းမာရေးအတွက် mascara တစ်ခုကို ၃လထက်ပိုပြီး မသုံးသင့်ပါဘူး။

၃။ အိပ်ခါနီး မိတ်ကပ်ဖျက်ဖို့မလိုဘူးဆိုတာ မှားပါတယ်။

ညဘက်မှာ အရေပြားဆဲလ်တွေဟာ အသစ်ပြန်လည်ဖြစ်ပေါ်ပါတယ်။ မိတ်ကပ်မဖျက်ထားတဲ့အတွက် ချွေးပေါက်တွေကို ပိတ်ထားသလိုဖြစ်စေပြီး ဝက်ခြံထွက်စေနိုင်ပါတယ်။

၎။ အလှကုန်ပစ္စည်းတွေကို မကုန်မချင်း သုံးလို့ရတယ်ဆိုတာ မှားပါတယ်။

မိတ်ကပ်ပစ္စည်းအများစုမှာ သက်ဆိုင်ရာ သက်တမ်းကုန်ဆုံးချိန် တွေရှိကြပါတယ်။

၅။ ကိုယ်ပိုင်အသုံးပြုနေတဲ့ makeup brush တွေကို ဆေးစရာမလိုဘူးဆိုတာ မှားပါတယ်။

တစ်ယောက်တည်းပဲသုံးသုံး၊ လူအများပဲသုံးသုံး makeup brush တွေမှာ ဘက်တီးရီးယားတွေ ကပ်ညှိနေတတ်တာကြောင့် ပုံမှန်ဆေးကြောပေးသင့်ပါတယ်။

၆။ မိတ်ကပ်ပစ္စည်းတွေက ပုပ်သိုးသွားတယ်လို့မရှိဘူးဆိုတာ မှားပါတယ်။

မိတ်ကပ်ပစ္စည်းတွေကို ကောင်းကောင်းမထိန်းသိမ်းဘူးဆိုရင် သူတို့ရဲ့ သက်တမ်းကုန်ဆုံးရက်မတိုင်ခင် ပျက်စီးသွားတတ်ပါတယ်။ အထူးသဖြင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရင်ပေါ့။

၇။ Waterproof mascara ကို နေ့တိုင်း သုံးလို့ရတယ်ဆိုတာ မှားပါတယ်။

ရေထိနိုင်တဲ့ အကြောင်းရင်းတစ်ခုခုရှိမှ waterproof mascara ကို သုံးတာ အကောင်းဆုံးပါ။ waterproof mascara တွေက ဖျက်ရခက်ပြီး မျက်တောင်ကျွတ်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ Moisturizing cream ကို primer အဖြစ်သုံးလို့ရတယ်ဆိုတာ မှားပါတယ်။

Primer သုံးတဲ့အခါ အသားအရေကို ပိုမိုနူးညံ့စေပြီး မိတ်ကပ်ကို တာရှည်ခံစေပါတယ်။

၉။ Foundation မလိမ်းခင် concealer လိမ်းရတယ်ဆိုတာ မှားပါတယ်။

Foundation ကိုအရင်လိမ်းပြီးမှ မျက်နှာပေါ်က ချို့ယွင်းချက်လေးတွေကို concealer နဲ့ ဖုံးကွယ်ရတာပါ။

၁ဝ။ Foundation တွေက မျက်နှာအသားအရေကို ပျက်စီးစေတယ်ဆိုတာ မှားပါတယ်။

ယနေ့ခေတ်ရဲ့ foundation တွေမှာ အသားအရေကို အာဟာရဖြစ်စေတဲ့ဓာတ်တွေ၊ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ SPF တွေ၊ အစိုဓာတ်ထိန်းတဲ့အရာတွေ များစွာပါဝင်ပါတယ်။

၁၁။ မျက်ခုံးမွေးကို ဆံပင်အရောင်ထက် ရင့်ပြီးဆွဲရမယ်ဆိုတာ မှားပါတယ်။

ဆံပင်အရောင်ဖျော့သူတွေအနေနဲ့ မျက်ခုံးမွေးကို အရောင်ရင့်ရင့်ဆိုးလိုက်ရင် မျက်နှာကို အိုမင်းရင့်ရော်တဲ့ပုံ ပေါက်စေနိုင်ပါတယ်။

၁၂။ နှုတ်ခမ်းဖူးဖူးလေးဖြစ်စေဖို့ lip liner ဆွဲရမယ်ဆိုတာ မှားပါတယ်။

နှုတ်ခမ်းဖူးဖူးလေး ဖြစ်ချင်ရင် အောက်နှုတ်ခမ်းရဲ့ အလယ်ကို lip gloss အနည်းငယ် ဆိုးပေးသင့်ပါတယ်။

၁၃။ Eye liner ခပ်ထူထူဆိုးတာက မျက်လုံးကို ပိုပြူးသယောင်ထင်ရစေတယ်ဆိုတာ မှားပါတယ်။

Eyeliner ထူလေလေ၊ မျက်လုံးပိုမှေးသလို ထင်ရလေလေပဲ ဖြစ်ပါတယ်။

၁၄။ Foundation ကို မျက်လုံးနားတဝိုက်မလိမ်းရဘူးဆိုတာ မှားပါတယ်။

ယနေ့ခေတ်ရဲ့ foundation တွေမှာ alcohol မပါဝင်တာကြောင့် မျက်လုံးနားတဝိုက်ကို စိတ်ချလက်ချ လိမ်းလို့ရပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။