ပိတုန်းရောင်ကေသာအလှကို ဆုတ်ယုတ်ထိခိုက်စေနိုင်တဲ့ နွေရာသီရဲ့ နေရောင်ခြည်အန္တရာယ်

blank

          ဂန္ထဝင်ပျိုမေတို့ရေ… မကြာခင်မှာ နွေရာသီကို ရောက်ရှိလို့လာတော့မယ်နော်။ နွေရာသီရဲ့ ပူပြင်းလှတဲ့ နေဒဏ်က ပျိုမေတို့ရဲ့ အသားအရေကိုသာမက ဆံသားတွေကိုပါ ထိခိုက်စေနိုင်တယ်ဆိုရင် ယုံမလား။ တကယ်တော့ နေရောင်ခြည်ဟာ အသားအရေတွေကို ထိခိုက်စေသလို ဆံသားကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုထိခိုက်စေနိုင်သလဲဆိုတာကို အောက်မှာ ဆက်လက်လေ့လာကြည့်လိုက်ရအောင်နော်။

၁။ နွေရာသီရဲ့ လေထုအတွင်းမှာ ရေခိုးရေငွေ့ပမာဏမြင့်တက်လာမှုကြောင့် ဆံသားတွေကို စေးကပ်ကပ်ဖြစ်စေပြီး လေးလံစေပါတယ်။

၂။ နွေရာသီရဲ့ ဝိသေသတွေဖြစ်တဲ့ ချွေးတွေ၊ ဖုန်မှုန့်တွေကြောင့် ဗောက်ထခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ကျိုးကြေလွယ်ခြင်းနဲ့ ဆံပင်ကျွတ်လွန်းခြင်းစတဲ့ ဆံသားဆိုင်ရာပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ညှာတာမှုကင်းမဲ့တဲ့ နွေရာသီနေဒဏ်က ဆံသားတွေအပါအဝင် အရာအားလုံးကို ခြောက်သွေ့စေနိုင်ပါတယ်။ ဆံပင်အခြောက်ခံတာ၊ ဖြောင့်တာ၊ ကောက်တာ စတဲ့ အပူပေးရတဲ့လုပ်ငန်းစဉ်တွေက ဆံသားတွေကို ပိုလို့တောင် ခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။

၎။ နေရောင်ခြည်ဟာ ဆံသားတွေတင်မက ဦးရေပြားကိုပါထိခိုက်စေနိုင်ပြီး ဆံပင်အရင်းပိုင်ပျက်စီးတာတွေ ဖြစ်စေနိုင်ပါတယ်။

၅။ နွေရာသီမှာ ဆံသားခြောက်သွေ့တတ်တာ သဘာဝပါ။ ဒါကို စိုးရိမ်ပြီး လိုတာထက်ပိုပြီးခဏခဏပေါင်းတင်တာ၊ treatment အလွန်အကျွံလုပ်တာတွေက ဆံသားကိုပိုပြီးတော့တောင် ပျက်စီးစေနိုင်ပါတယ်။

၆။ နွေရာသီမှာ နေ့တိုင်းခေါင်းလျှော်လွန်းရင်လည်း ဆံသားတွေအတွက် မကောင်းသလို၊ ချွေးထွက်အဆီပြန်နေတဲ့ ဆံပင်တွေကို ရက်အတော်ကြာမလျှော်ဘဲထားတာကလည်း ဆံပင်အလွန်အမင်း ကျွတ်စေနိုင်ပါတယ်။

၇။ နေလောင်ထားတဲ့ ဆံသားတွေက ခြောက်သွေ့တဲ့နီကြောင်ကြောင်အရောင်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အရောင်ဆိုးထားတယ်ဆိုရင်လည်း ဆံပင်အရောင်ဖျော့သွားတာတွေ၊ အရောင်ပြယ်သွားတာတွေ ဖြစ်စေနိုင်ပါတယ်။

၈။ နွေရာသီမှာ ခေါင်းချွေးထွက်တာရယ်၊ နေလောင်ဒဏ်ကြောင့် ဦးရေပြားပျက်စီးတာတွေရယ်ကြောင့် ဆံသားတွေဟာ ခေါင်းလျှော်ပြီးသိပ်မကြာခင်မှာဘဲ အဆီတွေပြန်ပြီး စေးကပ်သွားတတ်ပါတယ်။

ကဲ… ပျိုမေတို့ရေ။ ဒီလောက်ဆိုရင် နွေရာသီရဲ့ အန္တရာယ်ကြီးပုံကို သိလောက်ကြပြီလို့ ထင်ပါတယ်နော်။ ဒါကြောင့် နွေရာသီရောက်ပြီဆိုတာနဲ့ နေရောင်ခြည်တိုက်ရိုက်မထိတွေ့မိအောင် ရှောင်ဖို့၊ အပြင်ထွက်တိုင်း နေရောင်ခြည်မထိအောင် အကာအကွယ်တွေ လုပ်သွားပါလို့ အကြံပေးတိုက်တွန်းလိုက်ပါတယ်နော်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။