ခေတ်နောက်ကျပြီး အသက်ကြီးသယောင်ထင်ဟပ်စေနိုင်မယ့် ဝတ်စားဆင်ယင်မှုဒီဇိုင်းများ

blank
portrait of happy middle aged business women
၁။ ပန်းပွင့်အဆင်နဲ့ မြန်မာဝတ်စုံတွေ

ပန်းပွင့်ဒီဇိုင်းတွေနဲ့ မြန်မာဝတ်စုံတွေဟာ မိန်းမဆန်ဆန်နဲ့ လှပစေနိုင်ပေမဲ့ အသက်ကြီးတဲ့အသွင်ပေါ်စေပါတယ်။ အထူးသဖြင့် အရောင်ဖျော့ပြီး အဆင်ရိုးလွန်းနေရင်ပေါ့။ ဒါကြောင့် ပန်းပွင့်အဆင်တွေအစား အရောင်တောက်တောက်နဲ့ ဒီဇိုင်းဆန်းတာလေးတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

၂။ ရှုပ်ယှက်ခတ်နေတဲ့ လက်ဝတ်ရတနာတွေ

ဒီဇိုင်းရှုပ်ထွေးပြီး ကြီးမားတဲ့လက်ဝတ်ရတနာတွေဟာ လှပပေမဲ့ မဝတ်တတ်ရင် ရှေးရိုးဆန်သလို ထင်စေနိုင်ပါတယ်။ ငယ်ရွယ်နုပျိုတဲ့အသွင်ဆောင်နိုင်ဖို့ ရိုးရှင်းတဲ့ လက်ကောက်လေးတွေ၊ နားကပ်လှလှလေးတွေ၊ ဆွဲကြိုးမျှင်မျှင်လေးတွေကို ဝတ်ဆင်သင့်ပါတယ်။

၃။ အဝတ်အစားအသစ်အဆန်းတွေ

ခေတ်မီအောင်လို့ အသစ်ထွက်သမျှဝယ်တယ်၊ ခဏကြာတော့ ရိုးသွားပြန်ရော။ အဲဒါ ကျွန်မတို့ မိန်းမသားတွေမှာ ဖြစ်တတ်တဲ့ ဒုက္ခပါ။ အသစ်ပေါ်တိုင်း လိုက်ဝယ်နေမယ့်အစား အဲဒီငွေတွေနဲ့ တန်ဖိုးကြီး brand အင်္ကျီတစ်ထည် ဝယ်လိုက်ပါ။ Branded ဆိုတာ ဘယ်တော့မှ ရိုးမသွားဘူးလေ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အနက်ရောင်ဝတ်စုံတွေ

အနက်ရောင်က လူကို ပိုမိုပိန်သွယ်သလိုထင်ရစေပြီး စတိုင်ကျတယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အနက်ရောင်ကို အမြဲလိုလို ဝတ်ဆင်တဲ့အခါ ပူဆွေးနေသူတစ်ယောက်လို ထင်စေနိုင်ပြီး နုပျိုမှုတွေပျောက်ဆုံးနေသလို ထင်ရပါတယ်။ ဒါကြောင့် အနက်ရောင်ကို လျှော့ဝတ်ပြီး အရောင်တောက်တောက်လေးတွေ၊ အရောင်လွင်လွင်လေးတွေ ဝတ်ပြီး နုပျိုလှပမှုကို ခံစားလိုက်ပါ။

၅။ ရိုးရှင်းတဲ့ ဖိနပ်အပါးတွေ

ဖိနပ်အပါးတွေဟာ သက်တောင့်သက်သာဖြစ်ပေမဲ့ လှပနုပျိုမှုကိုတော့ ထင်သလောက် မပေါ်လွင်စေပါဘူး။ ဒေါက်ဖိနပ်လှလှလေးတွေဟာ ခန္ဓာကိုယ်ကိုလှပစေပြီး ပိုမိုဆွဲဆောင်မှု ရှိစေပါတယ်။ ခြေထောက်နာမှာစိုးလို့ ဒေါက်ဖိနပ်မစီးချင်းဆိုရင်လည်း ထိပ်ချွန်ရှူးဖိနပ်လေးတွေ၊ လှပတဲ့ ရှူးဖိနပ်အပါးလေးတွေကို စီးနိုင်ပါတယ်။

၆။ ဆိုဒ်မညီတဲ့ bra

ကိုယ့်ရဲ့ ရင်သားအရွယ်အစားနဲ့ မကိုက်ညီတဲ့ bra ဝတ်ဆင်တာက သက်တောင့်သက်သာ မဖြစ်ရုံတင်မကပါဘူး။ ခန္ဓာကိုယ်ကို ၁ဝနှစ်လောက် အိုစာသွားတဲ့အသွင် ထင်ဟပ်စေပါတယ်။ ဆိုဒ်မညီတဲ့ bra က ခန္ဓာကိုယ်ရဲ့ လှပမှုကိုလည်း လျော့နည်းစေပါတယ်။

ဂန္ထဝင်ပျိုမေတို့ရေ…။ အထက်ပါအကြောင်းအရာတွေကို ဖတ်ရှုပြီး လှပနုပျိုစေဖို့ ဘာတွေကို ရှောင်ရမယ်၊ ဘာတွေကိုဆောင်ရမယ်ဆိုတာ သိပြီးကြပြီမဟုတ်လား။ အမြဲတမ်းလှပနုပျိုတဲ့ ခေတ်ရဲ့ပျိုမေလေးတစ်ယောက်အဖြစ် အသွင်သစ်နဲ့ လန်းနိုင်ကြပါစေနော်။

သူငယ်ချင်းတွေအတွက် ဖက်ရှင်အကြံပေးစာစောင်လေးကို SHARE ပေးလိုက်ပါဦး။