အလှဧကရီတစ်ပါးလို အလှသရဖူဆောင်းစေနိုင်မယ့် အလှပြင်နည်းလျှို့ဝှက်ဗျူဟာများ

blank
၁။ ကော့တက်နေတဲ့ eye liner ဆွဲချက်လေးတွေ

အလွန်အမင်းထူထဲပြီ ကော့တက်နေတဲ့ eye liner ဆွဲချက်တွေက အမြဲတမ်းအတွက် မကောင်းပေမဲ့ လှလှပပကော့တက်နေတဲ့ eye liner မျဉ်းခပ်ပါးပါးလေးကို အမြဲလိုလို ဆွဲသားထားခြင်းက သင့်ရဲ့ အသွင်အပြင်ကို ပိုမိုလှပစေပါတယ်။

၂။ တောက်ပဖြူဝင်းတဲ့ မျက်နှာအသားအရေ

တောက်ပဖြူဝင်းနေတဲ့ မျက်နှာလေးက လူအများကြားမှာ ပိုမိုပေါ်လွင်စေပါတယ်။ တောက်ပဖြူဝင်းတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်ဖို့အတွက်ကတော့ မိတ်ကပ်လိမ်းပြီးတိုင်း highlighter လေး သုံးပေးသင့်ပါတယ်။

၃။ ပါးနီဖျော့ဖျော့လေးတွေ

ပါးနီဆိုတာ မသုံးတတ်ရင် အလှပျက်စေပေမဲ့ သုံးတတ်ရင်တော့ မျက်နှာအလှကို ပိုမိုပေါ်လွင်စေပါတယ်။ ဒါကြောင့် ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ပါးနီလိမ်းခြယ်နည်းတွေကို သေချာလေ့လာပြီးမှ လိမ်းခြယ်သင့်ပါတယ်။    ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အနီရင့်ရောင် နှုတ်ခမ်းလေးတွေ

အနီရင့်ရောင် နှုတ်ခမ်းနီဆိုတာ အမျိုးသမီးတိုင်းမှာ ရှိထားသင့်ပါတယ်။ နီရဲစိုတောက်တဲ့ နှုတ်ခမ်းအရောင်က ပိုမိုဆွဲဆောင်မှုရှိစေတယ်၊ ငယ်ရွယ်နုပျိုစေပြီး မိန်းမသားပီသမှုကို ထင်ဟပ်စေပါတယ်။

၅။ အရောင်တလက်လက်နဲ့ တောက်ပတဲ့ eye shadow ခြယ်ထားတဲ့ မျက်ဝန်းလေးတွေ

Eye shadow ကို မီးခိုးရောင်၊ အညိုရောင်စတဲ့ တည်ငြိမ်တဲ့အရောင်တွေသုံးပြီး နေ့စဉ်ခြယ်သနေရာကနေ တစ်ခါတလေ တောက်ပတဲ့ အရောင်လွင်လွင် eye shadow လေးတွေသုံးတာက အမြင်တစ်မျိုးနဲ့ ပိုမိုလှပစေပါတယ်။

၆။ မိတ်ကပ်ပါးပါး လိမ်းခြယ်ထားတဲ့ မျက်နှာအပြင်အဆင်လေးတွေ

မိတ်ကပ်ထူထူလိမ်းတာက မျက်နှာပေါ်က အမာရွတ်တွေ၊ အသားအရောင်မညီတာတွေကို ဖုံးကွယ်နိုင်တယ်လို့ ထင်နေတဲ့အတွေးတွေကို ဖယ်ထုတ်လိုက်ပါ။ မိတ်ကပ်ပါးပါးလေး လိမ်းတာကမှ အလှအပကို ပိုမိုပေါ်လွင်စေတာဖြစ်ပါတယ်။ အမာရွတ်တွေ၊ အသားအရောင်မညီမျှတာတွေကို ဖုံးကွယ်ချင်တယ်ဆိုရင်တော့ concealer သုံးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၇။ Smokey eyes ပုံစံခြယ်သထားတဲ့ မျက်ဝန်းလေးတွေ

Smokey eye ပုံစံခြယ်သတယ်ဆိုတာ သိပ်ကို ခက်ခဲပါတယ်။ နည်းနည်းလေး မှားသွားတာနဲ့ ပန်ဒါမျက်လုံးပုံစံဖြစ်သွားပြီး အလှပျက်စေပါတယ်။ ဒါပေမဲ့ စနစ်တကျခြယ်သနည်းကို နားလည်တတ်ကျွမ်းသွားပြီိဆိုရင်တော့ သူများတွေထက်ပိုပြီး လှပတဲ့၊ ဆွဲဆောင်မှုရှိတဲ့ အသွင်ကို ပေါ်လွင်စေပါတယ်။

၈။ ပန်းဆီရောင်တောက်တောက် နှုတ်ခမ်းလေးတွေ

ပန်းဆီရောင်တောက်တောက် နှုတ်ခမ်းနီအရောင်က အခုလတ်တလောမှာ တော်တော်ကို ရေပန်းစားနေတဲ့ အရောင်လို့ ပြောလို့ရပါတယ်။ ပန်းဆီရောင်တောက်တောက်လေးနဲ့ နှုတ်ခမ်းကို အရောင်ခြယ်ထားရင် လူအများကြားထဲမှာ ထင်းကနဲ ပေါ်လွင်နေစေမှာပါ။

၉။ သဘာဝအတိုင်း ပြင်ဆင်ထားတဲ့ မျက်နှာလှလှလေးတွေ

မိတ်ကပ်ပစ္စည်းတွေသိပ်မသုံးဘဲ သဘာဝအလှကို ပေါ်လွင်အောင် လိမ်းခြယ်နည်းတွေက ကိုရီးယားနိုင်ငံတင်မက တစ်ကမ္ဘာလုံးမှာပါ ခေတ်စားလျက်ရှိနေပါတယ်။ ဒီလိုပြင်ဆင်ခြယ်သတာဟာ ထသွားထလာအပြင်အဆင်အတွက် အဆင်ပြေသလို မျက်နှာအလှကိုပါ ပိုမိုပေါ်လွင်စေပါတယ်။

ဂန္ထဝင်ပျိုမေတို့လည်း အထက်ပါနည်းလမ်းလေးတွေအတိုင်း ပြင်ဆင်ခြယ်သပြီး အလှသရဖူဆောင်းတဲ့ အလှဧကရီတွေ ဖြစ်နိုင်ကြပါစေရှင်။

သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦး။