အလှအပနဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့အမူအကျင့်လေးများ

blank
Makeup mascara woman with hair rollers getting ready looking in pocket mirror. Funny image of beautiful funky trendy young mixed race asian caucasian female fashion model putting makeup on pink background. Mixed race Caucasian / Asian girl.
၁။ ဆံပင်ကို ပိုနီတေးလ်ချည်နှောင်ခြင်း။

ပိုနီတေးလ်ဆံပင်ပုံစံဟာ လှပပေမဲ့ ဆံပင်ကို အရင်းမှတင်းကြပ်စွာ ဆွဲယူချည်နှောင်ရတဲ့ အတွက် ဆံသားအတွက်ကော ဦးရေပြားအတွက်ပါ ထိခိုက်စေပါတယ်။ ဒါကြောင့် ပိုနီတေးလ်အစား ခပ်လျော့လျော့ပဲ ချည်နှောင်သင့်ပါတယ်။

၂။ နို့်များများသောက်ခြင်း။

        နို့သောက်ခြင်းက ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ဒါပေမဲ့ အလွန်အကျွံ သောက်သုံးမယ်ဆိုရင်တော့ နို့မှာပါတဲ့ အန်ဒရော်ဂျင်ဓာတ်က အဆီဂလင်းတွေ ပိုမိုတက်ကြွအောင် လှုံ့ဆော်ပေးတဲ့အတွက် အဆီပြန်ပြီး ချွေးပေါက်တွေပိတ်စေနိုင်ပါတယ်။

၃။ မျက်နှာကိုပဲ နေရောင်ခြည်ကာကွယ်တဲ့ခရင်မ်လိမ်းခြင်း။

တကယ်တော့ လူ့ခန္ဓာကိုယ်မှာ မျက်နှာအသားအရေလိုပဲ လက်ကလည်း ဦးစားပေးဂရုစိုက်ရ မယ့်နေရာဖြစ်ပါတယ်။ နေရောင်ခြည်ကာကွယ်တဲ့ခရင်မ်ကို မျက်နှာတစ်ခုပဲလိမ်းမယ်ဆိုရင် အသက် အရွယ်မတိုင်ခင် အဆီဓာတ်ခမ်းခြောက်ပြီး လက်တွေမှာ အစက်အပြောက်တွေ၊ အရေးအကြောင်း တွေ စောစောပေါ်လာနိုင်ပါတယ်။

၎။ ခြေချိတ်ထိုင်ခြင်း။

ခြေချိတ်ထိုင်ခြင်းက ခြေထောက်ပေါ်မှာ ဖြန့်ကားနေတဲ့သွေးပြန်ကြောတွေကို တိုက်ရိုက်ဖိထား ခံရသလိုဖြစ်ပြီး သွေးလည်ပတ်မှုကို ကမောက်ကမဖြစ်စေပါတယ်။ အထူးသဖြင့် ခြေချိတ်ထိုင်ခြင်းဟာ တင်ပါးနေရာမှာ သွေးမလျှောက်တော့ဘဲ ဖိထားခံရတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေ နဲ့ ပိုမိုရှောင်ကြဉ်သင့်ပါတယ်။

၅။ ရေစိုဆံပင်ကို ကြမ်းတမ်းစွာဖြီးခြင်း။

ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးတာက ဆံဖျားတွေကို နှစ်ခွကွဲစေပါတယ်။ ဒါကြောင့် ဆံပင် ကျန်းမာရေးကို မထိခိုက်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ ရေစိုဆံပင်ကို တဘက်နဲ့ညင်ညင်သာသာသုတ်ပြီး ခြောက်သွေ့သွားပြီဆိုမှ ဘရပ်ရှ်နဲ့သေချာပုံသွင်းသင့်ပါတယ်။

၆။ မိတ်ကပ်လိမ်းခြယ်ခါနီး မျက်ခုံးမွှေးနှုတ်ခြင်း။

မိတ်ကပ်လိမ်းခြယ်ခါနီးမှာ မျက်ခုံးမွှေးကို ဇာဂနာနဲ့နှုတ်ပြီး ပုံဖော်ခြင်းက မျက်ခုံးတစ်ဝိုက် ကျိန်းစပ်စေသလို မျက်ခုံးမွှေးနှုတ်ပြီး မိတ်ကပ်လိမ်းခြယ်တဲ့အတွက် ဘက်တီးရီးယားပိုးတွေလည်း ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် မျက်ခုံးမွှေးနှုတ်မယ်ဆိုရင် မျက်နှာမသစ်ခင် ညနေခင်းမှာ ကြိုတင် နှုတ်ပါ။

၇။ အမြင့်ဆုံးအပူချိန်ထားပြီး ဆံပင်ပုံသွင်းခြင်း။

ဆံပင်ပုံသွင်းတဲ့အခါ လေမှုတ်စက်ကို အမြင့်ဆုံးအပူချိန်မှာထားခြင်းက ဆံသားကိုခြောက် သွေ့ပြီး ကျိုးပဲ့စေပါတယ်။ ဒါကြောင့် ဆံပင်ပျက်စီးခြင်းက ရှောင်ကြဉ်နိုင်အောင် လေမှုတ်စက်ကို အပူချိန်အလယ်အလတ်မှာပဲထားပြီး ဆံပင်နဲ့ ၁၅-စင်တီမီတာအကွာအဝေးမှာပဲ အသုံးပြုပါ။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ မျက်လုံးကို ကြမ်းတမ်းစွာပွတ်ခြင်း။

ဒီအမူအကျင့်က မျက်တောင်မွှေးတွေကို ကျိုးပဲ့ကျွတ်ထွက်စေသလို မျက်လုံးအောက်က အ ရေပြားကိုလည်း နာကျင်စေပါတယ်။ မျက်သားကို နီရဲစေပြီး နွမ်းနယ်ပင်ပန်းတဲ့ ပုံစံပေါက်စေတဲ့ အ တွက် မိနစ် ၂ဝ ကို တစ်ခါ အဝေးကို လှမ်းလှမ်းကြည့်ခြင်းဖြင့် မျက်လုံးပွတ်တတ်တဲ့အကျင့်ကို ဖျောက်ပစ်သင့်ပါတယ်။

၉။ အာဃာတထားခြင်း။

ခွင့်လွှတ်ခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးက ဆက်စပ်နေပါတယ်။ အငြိုးအတေးတွေက ခန္ဓာ ကိုယ်ထဲက စိတ်ဖိစီးမှုဟော်မုန်းတွေကို လှုံ့ဆော်ပေးတာကြောင့် ရုပ်ရည်ကို လက်ရှိအသက်အရွယ် ထက် ကြီးရင့်သွားစေပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်တိုးခြင်း၊ သွေးဖိအားတိုးခြင်း၊ သွေးတွင်း သ ကြားဓာတ်မြင့်တက်ခြင်းအပြင် တခြားသောရောဂါတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

၁ဝ။ လက်နဲ့မျက်နှာကို ခဏခဏထိခြင်း။

တချို့လူတွေဟာ မကြာခဏဆိုသလို လက်နဲ့ပါးကို ပွတ်တာ၊ နှာခေါင်းကုတ်တာ၊ မေးစေ့ကို ကိုင်တာမျိုးတွေကို အမှုမဲ့အမှတ်မဲ့ပြုမိတတ်ကြပါတယ်။ ဒီအပြုအမူက အရေပြားကို စောစောစီးစီး တွန့်စေသလို ညစ်ပတ်နေတဲ့လက်တွေကြောင့် ချွေးပေါက်တွေကိုပိတ်ပြီး ဝက်ခြံစတဲ့ အကျိုးဆက် တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အဲ့ဒီအကျင့်ရှိနေရင် သတိထားပြုပြင်သင့်ပါတယ်။

၁၁။ မျက်နှာကို ပေါင်ဒါမကြာခဏလိမ်းခြင်း။

မျက်နှာကို ပေါင်ဒါမကြာခဏလိမ်းခြင်းက မျက်နှာကို ဝင်းလဲ့တောက်ပစေပေမဲ့ အဆီတွေ ကြောင့် ချွေးပေါက်တွေ ပိတ်စေပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် အဆီစုပ်ယူတဲ့စက္ကူကို အသုံးပြုပေးပါ။ ဒါမှမဟုတ် အဆီနည်းတဲ့ပေါင်ဒါမျိုးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

၁၂။ ဟန်းဘက်ခ်အိတ်ထဲ ပစ္စည်းတွေအများကြီးသယ်ခြင်း။

လိုအပ်သမျှအားလုံးကို ဟန်းဘက်ခ်အိတ်ထဲစုထည့်ပြီး လွယ်တာက ရေရှည်မှာ ပခုံးကျန်းမာ ရေးအတွက်ကော အလှအပအတွက်ပါ ထိခိုက်စေပါတယ်။ ဒါကြောင့် ပစ္စည်းများများထည့်ပြီး လွယ် တာမျိုးကို ရှောင်ပါ။ တကယ်လို့ မလွှဲမရှောင်သာ သယ်ရရင်လည်း တစ်ဖက်တည်း လွယ်တာမျိုး မ ဟုတ်ဘဲ ပခုံးတစ်ဖက်နဲ့တစ်ဖက် မကြာခဏပြောင်းလွယ်ပေးနိုင်ပါတယ်။

၁၃။ အစိုဓာတ်ထိန်းခရင်မ်တွေကို အလွန်အကျွံလိမ်းခြင်း။

ဘယ်လောက်ကောင်းတဲ့ခရင်မ်ပဲဖြစ်ဖြစ် အလွန်အကျွံလိမ်းရင် အန္တရာယ်ရှိပါတယ်။ ခရင်မ်ထူ ထူတွေက  မျက်နှာဖုံးလိုဖုံးအုပ်ထားတာကြောင့် ချွေးပေါက်တွေပိတ်ပြီး အသားအရေကိုလည်း ထိခိုက် စေပါတယ်။ ဒါကြောင့် လိမ်းခြယ်တာများသွားရင် ခရင်မ်တွေကို တစ်ရှူးနဲ့ ဖယ်ရှားပစ်နိုင်ပါတယ်။

၁၄။ အလွန်အကျွံပြေးခြင်း။

ဆရာဝန်တွေရဲ့အဆိုအရ အလွန်အကျွံပြေးခြင်းက ရုပ်ပိုင်းဆိုင်ရာအရ အသားအရေကို မြန် မြန်အိုမင်းလွယ်စေပါတယ်။ နံနက်ခင်းပေါ့ပေါ့ပါးပါးပြေးတာမျိုးကိုပဲ ပုံမှန်ပြုလုပ်သွားမယ်ဆိုရင်တော့ ကျန်းမာလှပမှုအတွက် အထောက်အကူဖြစ်စေပါတယ်။

၁၅။ ဖျော်ရည်တွေကို အသောက်များခြင်း။

လတ်ဆတ်တဲ့သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အင်တီအောက်ဆီဒင့်ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တဲ့အတွက် ရောဂါဖြစ်ပွားစေတဲ့အရင်းအမြစ်တွေကို တိုက်ခိုက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဖျော်ရည် မှာပါဝင်တဲ့ အချိုဓာတ်မော်လီကျူးတွေက ခန္ဓာကိုယ်ထဲက ဆဲလ်တွေအားလုံးဆီကို ဖြတ်စီးသွားပြီး အသားနဲ့အဆီတွေကို ဖြစ်ပေါ်စေသလို အရေးအကြောင်းဖြစ်ပေါ်စေမှုကိုလည်း အားပေးပါတယ်။ ဒါကြောင့် ဖျော်ရည်သောက်မဲ့အစား အရေပြားတွန့်တာကို ကာကွယ်ပေးပြီး အင်တီအောက်ဆီဒင့်နဲ့ သံဓာတ်ပါဝင်မှုပမာဏမြင့်မားတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားသုံးနိုင်ပါတယ်။

ဂန္ထဝင်စာချစ်သူများအားလုံးလည်း မှန်ကန်တဲ့ကျန်းမာရေးအသိပညာဗဟုသုတလေးတွေနဲ့ နုပျိုလှပသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။