အသက်(၃ဝ)အရွယ်မှာ အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ

blank

အသက်(၃ဝ)ဆိုတာ အသားအရေအတွက် ပြောင်းလဲမှုအမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီးဖြစ်သလို လ က္ခဏာအရေးအကြောင်းတွေ၊ အစက်အပြောက်တွေစတင်လာတဲ့အရွယ်လည်း ဖြစ်ပါတယ်။ ဟော်မုန်း တွေကစားပြီး အသားအရေခြောက်သွေ့ထိခိုက်လွယ်လာတာကြောင့် သုံးဆယ်ကျော်မိန်းမသားတို့ အ နေနဲ့ အသားအရေထိန်းသိမ်းနိုင်စေဖို့ အောက်ပါအကြံပြုချက်ကောင်းလေးတွေကို ဂန္ထဝင်မှရေးသား တင်ဆက်လိုက်ပါတယ်ရှင်။

၁။ မျက်နှာဖောင်းအစ်တာကို ကာကွယ်ပါ။

အသက်(၃ဝ)အရွယ်မှာ မျက်နှာဟာ နံနက်အိပ်ရာကနိုးလာတဲ့အခါ ဖောင်းမို့နေတတ်ပါတယ်။ အဲ့ဒီအဖြစ်ကို ရှောင်ကြဉ်နိုင်ဖို့ မအိပ်ခင် ရေအဝသောက်ပါ။ ဒါပေမဲ့ မအိပ်ခင် နှစ်နာရီအတွင်းဖျော်ရည် သောက်တာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

၂။ Serums သုံးပါ။

Serums ဆိုတာ  အသားအရေရဲ့နုပျိုမှုအဆီဓာတ်ကို ထိန်းသိမ်းပေးတဲ့ ထုတ်ကုန်တစ်ခုဖြစ် ပါတယ်။ ဒါ့အပြင် အသားအရေရဲ့ပြဿနာတွေဖြစ်တဲ့ အရေးအကြောင်း၊ အစက်အပြောက်နဲ့ အရေ ပြားတွန့်တာတွေကို ဖြေရှင်းပေးနိုင်တာကြောင့် Serum ကို သုံးစွဲသင့်ပါတယ်။

၃။ မျက်ဝန်းတစ်ဝိုက်ကို သေချာဂရုစိုက်ပါ။

မျက်ဝန်းထောင့်က ကျီးကန်းခြေရာတွေ၊ မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာတွေဟာ အ သက်သုံးဆယ်အရွယ်တွေမှာ ကြုံလာကြရတဲ့ ယေဘူယျပြဿနာတွေဖြစ်ပါတယ်။ ဒါကြောင့် မျက်ဝန်း တစ်ဝိုက်လိမ်းတဲ့ခရင်မ်၊ ဒါမှမဟုတ် ဗာဒံစေ့အဆီလိုမျိုးပါဝင်တဲ့ ခရင်မ်တွေနဲ့ မျက်ဝန်းတစ်ဝိုက်ကို သေချာလိမ်းပေးသင့်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ အစိုဓာတ်ထိန်းခရင်မ်တွေကို များများလိမ်းပေးပါ။

သုံးဆယ်ကျော်အသက်အရွယ်ရဲ့အသားအရေဟာ နှစ်ဆယ်ကျော်တွေထက် အစိုဓာတ်အများ အပြား ပိုလိုအပ်ပါတယ်။ ပုံမှန်သုံးနေကျ အစိုဓာတ်ထိန်းခရင်မ်တွေနဲ့ မလုံလောက်တော့တဲ့အတွက် အသားအရေအတွက်လိုအပ်တဲ့ ကော်လာဂျင်ဓာတ်နဲ့ ရေဓာတ်တွေကို ဖြည့်တင်းပေးတဲ့ ခရင်မ်နဲ့ လိုးရှင်းတွေကို ပြောင်းလဲသုံးပေးသင့်ပါတယ်။

၅။ မျက်နှာသေချာသန့်စင်ပါ။

တစ်ရက်ကို မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် မျက်နှာသေချာသစ်ပေးပါ။ ဒါပေမဲ့ အလွန်အကျွံ ကြမ်းတမ်းစွာ ပြုလုပ်ခြင်းကလည်း သင့်အသားအရေကို ခြောက်သွေ့စေနိုင်တာကြောင့် နူးညံ့စွာ သန့် စင်ပေးသင့်ပါတယ်။

၆။ ချေးချွတ်ပါ။

အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ချေးချွတ်ခြင်းကလည်း အရေးကြီးလှတာ ကြောင့် တစ်ပတ်နှစ်ကြိမ်ခန့်ချေးချွတ်ပေးပါ။ အသားနာကျင်အောင်အထိ အလွန်အကျွံပွတ်သပ်ခြင်း မပြုလုပ်သင့်သလို ချေးချွတ်ခြင်းကို နေ့အစားညမှာပြုလုပ်ပေးပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်ကို အိပ်ရာမဝင်ခင် သေချာစိမ့်ဝင်နေအောင် လိမ်းပေးသင့်ပါတယ်။

၇။ နုပျိုစေတဲ့ဓာတ်ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို သုံးပါ။

Antioxidants, retinol, hyaluronic acid နဲ့ AHAs တို့ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုပါ။ ဒီဓာတ်တွေပါဝင်နေတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေဟာ အသက်အရွယ်ရဲ့ အရေးအကြောင်းတွေကို ကာကွယ်ကုသဖို့အတွက် အထူးဖော်စပ်ထားတာကြောင့် သေချာရွေးချယ် သုံးသင့်ပါတယ်။

၈။ အသားအရေကို ကာကွယ်ပါ။

အပြင်ထွက်တဲ့အခါ SPF များများပါဝင်တဲ့ နေရောင်ကာခရင်မ်ကို သေချာလိမ်းပါ။ ယခုလိုပြု လုပ်ခြင်းက အသက်အရွယ်ရဲ့အရေးအကြောင်းတွေကို ကာကွယ်တားဆီးရာရောက်သလို အသား အရေ ပြဿနာတော်တော်များများကိုလည်း ဖြေရှင်းပေးနိုင်တာကြောင့် အပြင်ထွက်တိုင်း ဂရုစိုက် လိမ်းသင့်ပါတယ်။

ဗဟုသုတလေးတွေကို ပြန်လည်မျှဝေဖို့ ယခုစာစောင်လေးကို SHARE  လိုက်ပါဦးနော်။