လူတိုင်းမသိသေးတဲ့ ကလေးပေါင်ဒါ (baby powder) ရဲ့ ဘက်စုံသုံး အစွမ်းသတ္တိများ

blank

ကလေးပေါင်ဒါ (baby powder) ကို ကလေးတွေအတွက်ပဲ အသုံးဝင်တယ်လို့ မထင်လိုက်ပါနဲ့။ Baby powder ရဲ့ အသုံးဝင်ပုံတွေ၊ အစွမ်းသတ္တိတွေ အများကြီးရှိနေပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ baby powder ရဲ့ အဓိကအသုံးဝင်ပုံတွေပဲ ဖြစ်ပါတယ်။

၁။ မျက်တောင်မွှေးကို ပိုမို ထူထဲစေဖို့

Mascara တစ်ထပ်ဆိုးပြီးတဲ့အခါ မျက်တောင်မွှေးတွေပေါ်ကို ဘရပ်ရှ်လေးနဲ့ baby powder အနည်းငယ်ဖြူးပေးပါ။ ပေါင်ဒါအပေါ်ကို mascara နောက်တစ်ထပ် ထက်ပြီးဆိုးလိုက်တဲ့အခါ ထူထဲပြီး မည်းနက်တဲ့ မျက်တောင်လှလှလေးတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၂။ ဆွဲကြိုးထုံးနေတာတွေကို ရှင်းစေဖို့

ဆွဲကြိုးအထုံးတွေဖြစ်ပြီး ရှင်းရခက်နေရင် ရှုပ်ထွေးနေတဲ့ အထုံးနေရာကို ပေါင်ဒါအနည်းငယ်ဖြူးပြီး လက်ချောင်းလေးတွေနဲ့ ညင်သာစွာ ပွတ်ချေလိုက်ပါ။

၃။ ဆံကေသာတွေ သန့်ရှင်းစေဖို့

ဆံသားမှာ အဆီတွေပြန်ပြီး ညစ်ပတ်သယောင်ဖြစ်နေတယ်၊ ခေါင်းလျှော်ဖို့လည်း အချိန်မရသေးဘူးဆိုရင် baby powder ကို dry shampoo အဖြစ် သုံးနိုင်ပါတယ်။ ပေါင်ဒါမှုန့်ကို ဆံသားအရင်းနဲ့ ဦးရေပြားပေါ်ကို ဖြန်းပြီး ပေါင်ဒါမှုန့်တွေ မမြင်ရတော့တဲ့အထိ ခေါင်းဘီးနဲ့ ဖြီးသင်လိုက်ပါ။

၎။ အင်္ကျီပေါ်က ဆီအစွန်းကွက်တွေကို ဖယ်ရှားနိုင်ဖို့

ဆီအစွန်းကွက်ရဲ့ အတွင်းဘက်ရော အပြင်ဘက်ကိုပါ ပေါင်ဒါမှုန့်အနည်းငယ် သုတ်လိမ်းပါ။ အင်္ကျီပေါ်က ဆီကို ပေါင်ဒါမှုန့်က အားလုံးစုပ်ယူသွားတဲ့အထိ စောင့်ပါ။ ပြီးရင် လျှော်လိုက်ပြီး အရိပ်ထဲမှာ လှန်းထားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ဖိနပ်နဲ့ ခြေထောက်က သဲတွေကို ဖယ်ရှားနိုင်ဖို့

ကမ်းခြေကိုသွားတဲ့အခါ ခြေထောက်မှာ ကပ်နေတတ်တဲ့သဲတွေကို ဖယ်ရှားချင်ရင် သဲပေနေတဲ့နေရာတွေကို ပေါင်ဒါမှုန့်ဖြူးပြီး ခါလိုက်ပါ။ ဖိနပ်မှာ ကပ်နေတဲ့သဲတွေကို ဖယ်ရှားချင်တယ်ဆိုရင်လည်း ဒီနည်းအတိုင်းပဲ ဖိနပ်ပေါ်မှာ ပေါင်ဒါမှုန့်ဖြူးပြီး ခါချလိုက်ရုံပါပဲ။

၆။ အိပ်ရာခင်းတွေကို နူးညံ့ချောမွေ့စေဖို့

ပူအိုက်တဲ့ညတွေမှာ အေးမြစွာ အိပ်စက်အနားယူနိုင်ဖို့ အိပ်ရာခင်းပေါ်မှာ baby powder ဖြူးလိုက်ပါ။ အေးမြနူးညံ့တဲ့အထိအတွေ့နဲ့ သင်းပျံ့တဲ့မွှေးရနံ့ကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်မှာပါ။

၇။ သားရေအထည်တွေကို အသစ်အတိုင်းလှပစေဖို့

မွဲခြောက်နေတဲ့ သားရေဂျာကင်တွေ၊ အဝတ်အထည်တွေကို အသစ်အတိုင်း ပြန်လည်လှပစိုပြေလာစေဖို့ သားရေအတည်တွေပေါ်မှာ baby powder အနည်းငယ်ဖြူးပြီး အဝတ်နုလေးတွေနဲ့ ပွတ်လိုက်ပါ။

၈။ ခွေးလေးကြောင်လေးတွေရဲ့ အမွေးလေးတွေ သပ်ရပ်ရှင်းလင်းစေဖို့

ရေကြောက်တဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ အမွေးလေးတွေကို အမြဲသပ်ရပ်သန့်ရှင်းနေစေဖို့ သူတို့အမွေးလေးတွေကို ဖြီးသင်တဲ့အခါ baby powder လေး ဖြူးပေးပါ။

၉။ Waxing လုပ်ပြီး အမွှေးချွတ်တဲ့အခါ နာကျင်မှုနည်းစေဖို့

Waxing မလုပ်ခင် အမွေးချွတ်မယ့်နေရာကို ပေါင်ဒါအနည်းငယ်ဖြူးပေးခြင်းက waxing paper ကို ပြန်ခွာတဲ့အခါ နာကျင်မှုနည်းစေပြီး အသားအရေ ယားယံခြင်းမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

၁ဝ။ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ဆီးအနံ့ကို ပျောက်ကင်းစေဖို့

ပရိဘောဂတွေ၊ အိပ်ရာတွေ၊ ကောဇောတွေပေါ်မှာ သေးပေါက်ချလေ့ရှိတဲ့ ခွေးလေးကြောင်လေးတွေ ပိုင်ဆိုင်ထားသူတွေအတွက် နည်းလမ်းကောင်းလေးပါ။  အနံ့ထွက်နေတဲ့နေရာကို baby powder ဖြူးပေးပြီး တစ်နာရီအကြာမှာ ဖုန်စုပ်စက်နဲ့ စုပ်လိုက်ပါ။ အနံ့အသက်တွေ ကင်းစင်သွားတာကို တွေ့ရပါလိမ့်မယ်။

လက်တွေ့အသုံးချစာစောင်လေးဖြစ်တာကြောင့် SHARE ဖို့ မမေ့ပါနဲ့နော်။