ရေခဲတုံးလေးတွေက သုံးတတ်ရင် သင့်အလှတရားအတွက် အဖိုးတန်တဲ့ စိန်တုံးလေးတွေပါ။

blank

သင့်မျက်နှာလေးမှာ ပြစ်မျိုးမှဲ့မထင်အလှတရားတွေ ထင်ဟပ်နေစေဖို့ ရေခဲတုံးလေးတွေကို အသုံးပြုပြီး အသားအရေထိန်းသိမ်းလို့ရတယ်ဆိုတာကို သင်သိပါသလား။ ဒီလို ရေခဲလေးတွေသုံးပြီး ပြုလုပ်ရတဲ့ အအေးဓာတ်ကုထုံး (cryotherapy or cold therapy) ဟာ ရိုးရှင်းပေမဲ့ သိပ်ကို အစွမ်းထက်လှပါတယ်။

ရေခဲတုံးလေးတွေကိုသုံးပြီး အသားအရေလှပအောင် ထိန်းသိမ်းနည်းလေးတွေကို ဒီတစ်ပတ်ရဲ့ အလှအပရေးရာအဖြစ် ဂန္ထဝင်ပျိုမေတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ညအိပ်ရာမဝင်ခင် မျက်နှာကို ၃မိနစ်ခန့် ရေခဲအိတ်နဲ့ နှိပ်နယ်ပေးတာက အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။

၂။ ဝက်ခြံထွက်နေတဲ့နေရာကို ရေခဲလေးနဲ့ ကပ်ပေးတာကလည်း ဝက်ခြံတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မိတ်ကပ်မလိမ်းခင် မျက်နှာကို ရေခဲနဲ့ ၁မိနစ်ခန့် နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အရေးအကြောင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၎။ မျက်နှာပေါ်ကို ရေခဲတုံးလေးတွေ ၃မိနစ်ခန့် ကပ်ထားပေးပါ။ ချွေးပေါက်တွေ ကျဉ်းသွားပြီး ပြစ်မျိုးမှဲ့မထင်တဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်ရပါလိမ့်မယ်။

၅။ တစ်ညလုံးငိုထားပြီး မနက်မိုးလင်းတဲ့အခါ မျက်ခွံတွေမို့ဖောင်းပြီး ရောင်ကိုင်းနေသလို ဖြစ်တတ်ပါတယ်။ မျက်ခွံမို့တာကို သက်သာစေချင်ရင် ရေခဲတုံး ၂တုံးကို အဝတ်စ တစ်စစီမှာ ထည့်ပြီး မျက်လုံးတစ်ဝိုက်ကို ၂မိနစ်ခန့် ညင်သာစွာ နှိပ်နယ်ပေးပါ။

၆။ ရေခဲတွေထည့်ထားတဲ့အိတ်ကို ဗိုက်ပေါ်မှာ ၁၅မိနစ်ခန့်တင်ပါ။ ပြီးရင် ၃ မိနစ်ခန့်ဖယ်ထားပါ။ အဲဒီလို ဖယ်လိုက်၊ ကပ်လိုက်နဲ့ တစ်နာရီကြာလုပ်ပါ။ ဒီလိုမျိုး နေ့ရက်တိုင်း ပုံမှန်လုပ်သွားမယ်ဆိုရင် ဝမ်းဗိုက်က အဆီပိုတွေကို လျော့ကျစေနိုင်ပါတယ်။

အထက်ပါနည်းလမ်းတွေကတော့ ရေခဲတုံးကို အသုံးပြုပြီး ပြုလုပ်လို့ရတဲ့ အလှအပဆိုင်ရာ အအေးဓာတ်ကုထုံး (cold therapy) တွေပဲဖြစ်ပါတယ်။

ရေခဲနဲ့ အအေးဓာတ်ကုထုံး လုပ်တော့မယ်ဆိုရင်သိထားသင့်တဲ့ အချက်များ
  • မျက်နှာကို စင်ကြယ်စွာ ဆေးကြောပြီးမှ အအေးဓာတ်ကုထုံးလုပ်ပါ။
  • ရေခဲကိုင်တဲ့အခါ လက်အိတ်စွပ်ပြီးမှ ကိုင်ပါ။
  • မျက်နှာကို ရေခဲတုံးနဲ့ နှိပ်နယ်တဲ့အခါ အဝတ်စပါးပါးလေးခံပြီးမှ နှိပ်ပါ။ ရေခဲတုံးနဲ့ မျက်နှာနဲ့ တိုက်ရိုက်မထိတွေ့ပါစေနဲ့။
  • ဝက်ခြံပျောက်ကင်းစေဖို့နဲ့ မျက်ခွံမို့ဖောင်းတာ သက်သာစေဖို့ ရေခဲနဲ့ကုသတဲ့အချိန်မှာ ရေခဲနဲ့ မျက်နှာကို တိုက်ရိုက်ထိတွေ့နိုင်ပါတယ်။
  • ဘာအကြောင်းကြောင့်ပဲရေခဲကပ်ကပ်၊ ရေခဲကို သင့်အသားအရေပေါ်မှာ တစ်နာရီထက်ပိုပြီး မကပ်ပါနဲ့။
  • ရေခဲကုထုံးရဲ့အစွမ်းကို နှစ်ဆပိုအစွမ်းထက်စေချင်ရင် သခွားသီး၊ လက်ဖက်၊ ကြက်သွန်ဖြူတို့နဲ့ တွဲသုံးပါ။

အလှအပရေးရာ လက်တွေ့အသုံးချစာစောင်လေးကို SHARE ဖြစ်အောင် SHARE လိုက်ပါနော်။