လှပစိုပြေတဲ့ အသားအရေလေးကို ပိုင်ဆိုင်လိုပါသလား။

blank

၁။ အသားအရေမညီညာမှုတွေကို ဖုံးကွယ်ဖို့ concealer အစား makeup base ကို သုံးပါ။

၂။ သင့်လက်မှာ ဘက်တီးရီးယားတွေ ကပ်နေတတ်တာကြောင့် အကြောင်းမရှိဘဲ မျက်နှာကို ကိုင်တွယ်တာမျိုး မလုပ်ပါနဲ့။

၃။ ဝက်ခြံဖြစ်ပေါ်တာကို ကာကွယ်နိုင်ဖို့ မိတ်ကပ် ဘရပ်ရှ်တွေကို ခေါင်းလျှော်ရည်နဲ့ ပုံမှန်ဆေးကြောပါ။

၎။ မိတ်ကပ် ဘရပ်ရှ်တွေကို ဗူး (သို့) အိတ် တစ်ခုထဲမှာ သပ်ရပ်စွာ သိမ်းဆည်းပါ။

၅။ မိတ်ကပ်လိမ်းပြီးတာနဲ့ ဘရပ်ရှပ်မှာ ကပ်ကျန်နေတဲ့ ပေါင်ဒါအမှုန့်တွေကို ဖယ်ရှားပါ။

၆။ မျက်လုံးအောက်က ညိုနေတဲ့အသားအရေကို ဖုံးကွယ်ဖို့ concealer ကို တြိဂံပုံစံလိမ်းခြယ်ပါ။

၇။ ဝက်ခြံတွေကို ကုတ်ဖဲ့ခြင်းက ပိုးဝင်ပြီး အမာရွတ်ကျန်စေနိုင်တာကြောင့် မကုတ်မိအောင်သတိထားပါ။

၈။ ပါးနီလိမ်းတဲ့အခါ အပေါ်ကနေအောက်ကို ဆွဲချတဲ့အတိုင်း လိမ်းခြယ်ပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၉။ မိတ်ကပ်ဝယ်ဖို့ စမ်းကြည့်တဲ့အခါ လက်ကောက်ဝတ်ထက် လည်ပင်းမှာစမ်းတာက ပိုထိရောက်ပါတယ်။

၁ဝ။ ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးပိုင်ဆိုင်စေဖို့ အရောင်အနုအရင့်၊ အမှိန်အတောက်ကို လိုက်ဖက်စွာခြယ်ပါ။ (ဥပမာ- မျက်လုံးကို အရောင်ရင့်ခြယ်ထားရင် နှုတ်ခမ်းကို အရောင်နုဆိုးပါ)

၁၁။ မျက်ခွံဖောင်းတာကို လျော့ကျစေဖို့ မနက်အိပ်ရာနိုးတိုင်း မျက်လုံးတဝိုက်ကို ရေခဲတုံးလေးနဲ့ ပွတ်တိုက်ပေးပါ။

၁၂။ ပူပြင်းတဲ့ရက်တွေမှာ အသားအရေကို အစိုဓာတ်ဖြည့်ပေးပါ။ Moisturizer လိမ်းပါ။

၁၃။ အရေပြားရောင်ရမ်းနေတယ်ဆိုရင် ရေခဲကပ်ပါ။

၁၄။ အသားအရေလှပဖို့ ချိုလွန်းတဲ့အစားအစာတွေ၊ အဆီများတဲ့အစားအစာတွေကို ရှောင်ပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများစားပါ။

၁၅။ ခန္ဓာကိုယ်အရေပြားအတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ချွေးထုတ်ခန်းမှာ ချွေးထုတ်ပါ။

၁၆။ ရေချိုးပြီးပြီးချင်း အမွေးရိတ်တာကို ရှောင်ကြဉ်ပါ။

၁၇။ အသားအရေကို သန့်စင်ပေးပြီး စိတ်နှလုံးကို လန်းဆန်းစေဖို့ ကော်ဖီစေ့ကို ကြိတ်ချေထားတဲ့အမှုန့်ကို scrub အဖြစ် သုံးပါ။

၁၈။ တစ်နေ့တာလုံး မိတ်ကပ်သားမပျက်ဘဲ ကြားရှည်ခံစေဖို့ မိတ်ကပ်မလိမ်းခင် primer လိမ်းပါ။

၁၉။ အသားအရေရဲ့ အစိုဓာတ်ကို အကောင်းဆုံးထိန်းထားနိုင်ဖို့ ရေချိုးပြီးပြီးချင်း body lotion လိမ်းပါ။

၂ဝ။ အသားအရေကို ကြည်လင်စိုပြေနေစေဖို့ တစ်ပတ်တစ်ခါ ချေးချွတ်ပါ။

အလှအပဆိုင်ရာ ဗဟုသုတစာစောင်လေးကို သူငယ်ချင်းတွေအတွက် SHARE လိုက်ပါနော်။